• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, November 15, 2011

ကမ္ဘာ့ သဘာဝ အံ့ဖွယ် အသစ် ၇ ပါး

Iguazu fallSource 
Photo from http://www.google .com 

New7 Wonders ဖောင်ဒေးရှင်းမှ ကမ္ဘာ့ သဘာဝအံ့ဖွယ် အသစ် 
၇ ပါး စာရင်း ထုတ်ပြန်ကြေညာ 

16 Nov, 2011
အမေဇုန်မိုး သစ်တော ၊ ဗီယက်နမ်ရဲ့ ဟာလောင် ပင်လယ်အော်နဲ့ အာဂျင်တီးနား နိုင်ငံမှ Iguazu ရေ တံခွန်တို့ဟာ အသစ်တဖန် သတ်မှတ်မယ့် ကမ္ဘာ့ သဘာဝ အံ့ဖွယ် ၇ ပါးထဲမှာ ပါဝင် ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုပဲ ကမ္ဘာ့ သဘာဝ အံ့ဖွယ် အသစ် ၇ ပါး စာရင်းထဲမှာ ပါဝင်တဲ့ အခြားနေရာ ၄ ခုကတော့ တောင်ကိုရီး ယား နိုင်ငံမှ ဂျဲကျူကျွန်း ၊ အင်ဒိုနီးရှား နိုင်ငံမှ ကိုမိုဒိုကျွန်း ၊ ဖိလစ်ပိုင် နိုင်ငံမှ ပေါ်တို ပရင့်ဆာ မြေေ အာက်မြစ် နဲ့ တောင်အာဖရိ က နိုင်ငံမှ တေဘယ်တောင်တို့ ဖြစ်ကြောင်း New7 Wonders ဖောင်ဒေးရှင်းက ထုတ်ပြန် ကြေညာခဲ့ ပါတယ်။

အဲ့ဒီ ကမ္ဘာ့ သဘာဝ အံ့ဖွယ် ၇ ပါးရဲ့ အပြီးသတ် စာရင်းကိုတော့ ၂၀၁၂ ခုနှစ် အစောပိုင်းမှာ ကြေညာသွားမှာ ဖြစ်ပြီး အပြောင်းအလဲ တစ်စုံတစ်ရာ ရှိနိုင်တယ်လို့ သိရပါတယ်။ တန်ဇန်းနီးယား နိုင်ငံမှKilimonjaro တောင် ၊ ပင်လယ်သေနဲ့ အမေရိကန် ပြည်ထောင်စုမှ ဂရင်းကန်ညွှန်တို့ကတော့ စာရင်းထဲမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။

အခု စာရင်းမှာ ပါဝင်ခဲ့တဲ့ သဘာဝ အံ့ဖွယ် နေရာတွေကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၀၉ ခုနှစ် ဇူလိုင်လ အတွင်း ကမ္ဘာ တ၀ှမ်းက လူအများရဲ့ ဆန္ဒကို ကောက်ယူပြီး ဆွေးနွေးညှိနှိုင်း ထုတ်ပြန်ခဲ့ တာ ဖြ စ်ပါတယ်။
ဒီလို ရရှိလာတဲ့ ကမ္ဘာသဘာဝ အံ့ဖွယ် နေရာတွေထဲကမှ ၂၈ ခုကို ကျွမ်းကျင် ပညာရှင် အဖွဲ့က ရွေးထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာမှ ကမ္ဘာ တစ်လွှားက လူအများက နောက်ဆုံး ကမ္ဘာ သဘာဝ အံ့ဖွယ် ၇ ပါးကို တဖန်ပြန်ပြီး ရွေးချယ် မဲပေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

New7 Wonders အဖွဲ့ဟာ ကမ္ဘာ ထိပ်တန်းမြို့ ၇ မြို့ ရွေးချယ်ဖို့ကိုလည်း စစ်တမ်း ကောက်ယူလျက် ရှိပြီး ပါဝင်တဲ့ မြို့တွေကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေမှာ ကြေညာ သွားမယ်လို့ သိရှိရပါတယ်။

 
Iguazu fall 
Source Photo from http://www.google .com
Credit http://www.mrtv4.net.mm