• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, November 17, 2011

အိမ်ဖြူတော် အနီးတွင် ပစ်ခတ်ခဲ့သူဟု သံသယရှိသည့် သေနတ်သမား အား ဖမ်းမိ

အိမ်ဖြူတော်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ Oscar Ramiro Ortega-Hernandez 
Source Photo from http://www.google.com/images

အိမ်ဖြူတော်အနီးတွင် ပစ်ခတ်ခဲ့သူဟု သံသယရှိသည့်သေနတ်သမား အား ဖမ်းမိ

Updated : 17 Nov, 2011
 ဝါရှင်တန်။ ။ အမေရိကန် သမ္မတ ဘားရက်အိုဘားမား နေထိုင်ရာ အိမ်ဖြူတော်အား သေ နတ်ဖြင့် ပစ်ခတ်ခဲ့သူဟု သံသယရှိသူမှာ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တွင် အဖမ်းခံလိုက်ရပြီ ဖြစ်ပြီး လျှို့ ဝှက် ထောက်လှမ်းရေး သမားများမှ အိမ်ဖြူတော်တွင် သမ္မတ မရှိစဉ် အချိန်အတွင်း သေနတ် ကျည်ဆန် ရာ နှစ်ခုကို တွေ့ရှိရာက တစ်ဆင့် ယခုလို စုံစမ်း ဖော်ထုတ်လိုက်ခြင်းပင် ဖြစ်သည်ဟု တာဝန်ရှိသူများမှ ဗုဒ္ဓဟူးနေ့က ပြောကြား လိုက်သည်။

တစ်ခုသော သေနတ်ကျည်ဆံမှာ အမှုဆောင်များ နေထိုင်ရာ နေအိမ်သို့ ထိမှန်ခဲ့သော်လည်း ကျည်ကာမှန်ကြောင့် အတွင်းသို့ ရောက်ရှိ ခဲ့ခြင်း မရှိကြောင်း သိရသည်။ ယခုလိုကိစ္စနှင့် ပတ်သက်ပြီး အသက်၂၁ နှစ်အရွယ်ရှိ Oscar Ramiro Ortega-Hernandez ဆိုသူကို ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် သောကြာနေ့က သမ္မတ ဖြစ်သူနှင့် ဇနီးသည်တို့မှာ ကယ်လီဖိုးနီးယားသို့ ခရီးသွားနေစဉ် အတွင်း ယခုလို ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယခုလို ဖြစ်ရပ်နှင့် ပတ်သက်ပြီး အိမ်ဖြူတော်မှ ဝေဖန် ချက် ပေးရန် ငြင်း ဆန်ခဲ့ကြောင်း သိရသည်။

ထို့နောက် အမေရိကန် လျှို့ဝှက်စုံစမ်းရေး အဖွဲ့မှ အင်္ဂါနေ့သို့ အရောက်တွင် အဆိုပါ ကျည်ဆန်ရာကို တွေ့ခဲ့ခြင်းဖြစ်ကာ အိုင်ဒါ ဟို ဖော လ်မြို့မှ အသက် ၂၁ နှစ်အရွယ်ရှိ Outega ဆိုသူနှင့် ဆက်စပ်နေကြောင်း သိရှိခဲ့ပြီး ယခုလို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။

အမေရိကန် ပန်းခြံ ရဲတပ်ဖွဲ့ မှ ပြောရာ၌ ယင်း Outega ဆိုသူမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူတစ်ဦး အဖြစ် မှတ်တမ်းများ ရှိပြီး မတည်ငြိမ်သည့် စိတ်တစ်ခုနှင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းကိုလည်း မှတ်ချက် ပြုခဲ့ကြောင်း သိရသည်။

source : yahoo news

Credit http://www.mrtv4.net.mm