• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, November 15, 2011

တရုတ် နှင့် အမေရိကန်တို့ ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ကတိပြု


Source Photo from http://www.google.com/images
တရုတ် နှင့် အမေရိကန်တို့ 

ပိုမိုပူးပေါင်းဆောင်ရွက်ရန် ကတိပြု

16 Nov, 2011

ဟိုနိုလူလူ ။ ။ တရုတ်သမ္မတ ဖြစ်သူ ဟူကျင်တောင်းနှင့် အမေရိကန်သမ္မတ ဘားရက် အိုဘားမားတို့မှာ လွန်ခဲ့သည့် စနေနေ့က နှစ်နိုင်ငံ အကြား လက်ရှိ အခြေအနေများ မှ နှစ်ဦးနှစ်ဖက် လေးစား ယုံကြည်မှုနှ င့် နှစ်ဦးနှစ်ဖက် အကြား အကျိုးအမြတ်များ ပိုမိုတိုးတက် ရရှိစေရန် ပူးပေါင်း လုပ်ဆောင်မှုများကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောဆိုခဲ့ သည်ဟု သိရသည်။

ယခုလို တွေ့ဆုံမှုနှင့် အတူ နှစ်နိုင်ငံအကြား အပြန်အလှန် ဆက်ဆက်ရေးနှင့် နိုင်ငံ တကာမှ အကြောင်းအရာများနှင့် ပတ်သက်ပြီး အသေးစိတ် ရင်းရင်းနှီးနှီး ဆွေးနွေး ခဲ့ကြကြောင်းလည်း သိရကာ အရေးပါသည့် သဘောတူညီမှုများကိုလည်း ရရှိခဲ့ကြောင်း သိရသည်။

သမ္မတနှစ်ဦးမှာ ဟာဝိုင်အီကရှိ ဟိုနိုလူလူ မြို့တွင် ကျင်းပသည့် အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ( APEC ) ၏ စီးပွားရေး ခေါင်းေ ဆာင်များ တွေ့ဆုံပွဲတွင် ရောက်ရှိနေခြင်း ဖြစ်ပြီး ယခုလို ဆွေးနွေး ခဲ့ကြခြင်းပင် ဖြစ်သည်။

source : xinhuanews

Credit http://www.mrtv4.net.mm/news
Source Audio from http://www.bbcburmese.com