• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, November 29, 2011

ဂျပန်ရိုးရာ ယဉ်ကျေးမှု ၂မျိုးကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ထည့်သွင်း

Source Photo from
http://www.unesco.org/culture/ich/index.php?lg=en&pg=00011&RL=00411 

ဂျပန်ရိုးရာယဉ်ကျေးမှု ၂မျိုးကို ကမ္ဘာ့ယဉ်ကျေးမှု 

အမွေအနှစ်စာရင်းတွင် ထည့်သွင်း 

29 Nov, 2011
ယူနက်စကို အဖွဲ့ရဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းထဲကို ဂျပန်နိုင်ငံမှ ရိုးရာ ယဉ်ကျေးမှု ၂ မျိုးကို ထည့်သွင်း လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ယူနက်စကိုရဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းထဲ ပါဝင်တဲ့ စာရင်းသစ် နှစ်မျိုး ကတော့ Mibu no hana Taue လို့ခေါ်တဲ့ Hiroshima စီရင်စုရှိ စပါး ရွှေ့ပြောင်း စိုက်ပျိုးတဲ့ ယဉ်ကျေးမှုနဲ့ Shimane စီရင်စုရှိ နတ်ကွန်းတွေမှာ ကပြတဲ့ Sada Shin Noh အကတို့ ဖြစ်ပါတယ်။

“မီဘူနိုဟာနာတာအူ” ပွဲဟာ Kitahiroshima မြို့မှာ နှစ်စဉ် ကျင်းပတဲ့ ရိုးရာပွဲ တစ်ခုဖြစ်ပြီး စပါးပြောင်း တွေကို စောင့်ရှောက်တဲ့ နတ်တွေကို ရည်စူးပြီး သီးနှံအထွက် ကောင်းဖို့ ဆုတောင်းတဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။ အဆိုပါ ပွဲမှာ အရောင် ဆင်တူ ၀တ်ဆင် ထားတဲ့ မိန်းကလေး တွေဟာ ပုလွေ၊ ဗုံတို့ကို တီးမှုတ် သီဆိုကာ စပါးပျိုးပင် တွေကို ပြောင်းရွှေ့ စိုက်ပျိုး ကြပါတယ်။

Sada Shin Noh အက ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ခန့်က ဆာဒါ နတ်ကွန်းမှာ ကပြတဲ့ အကတစ်ခု ဖြစ်တယ်လို့ သိရှိရပါတယ်။

Credit http://www.mrtv4.net.mm





 
 Sada Shinnoh Matsue Shimane JapanJTB 
Photorights managed (project-license)
C943-000710N