Michael Qi (4th R), the author of a 60.46-meter-long painting of a dragon boat,
holds his Guinness World Record certificate as his work,
now the world's longest 3D painting is illuminating in Hong Kong, south China,
June 10, 2011.
The painting was showcased on a 10-day exhibition to promote the upcoming Hong Kong Dragon Boat Carnival, which will start on June 17, 2011. (Xinhua/Chen Duo)
Source Photo from http://live.chariweb.com
မကာအိုရှိ ကမ္ဘာ့အရှည်ဆုံး 3D ပန်းချီကား
8 Dec, 2011
မကာအို ကျွန်းမှာ တရုတ်ပန်းချီ ပညာရှင် Qi Xing Hua က ကမ္ဘာ့ အရှည်ဆုံး 3D ပန်းချီကား တစ်ချပ်ကို ရေးဆွဲ ထားကြောင်း သိရပါတယ်။ အဲ့ဒီ ပန်းချီကားဟာ ၁၂၈ မီတာ ရှည်လျားပြီး ပန်းချီကားကို ဖန်တီးဖို့ အချိန်လေးလ ကြာခဲ့ပါတယ်။ အဆိုပါ ပန်းချီကားဟာ ကမ္ဘာ့ ဂင်းနစ် မှတ်တမ်းမှာ စံချိန် ချိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပန်းချီ ပညာရှင် Qi Xing Hua က သူ့ရဲ့ ဆောင်ရွက်မှုဟာ မကာအို ကျွန်းကို နိုင်ငံတကာမှ ပိုမိုသိရှိ စေလိုတဲ့ အတွက် ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။ယခင် ဂင်းနစ် မှတ်တမ်းရဲ့ ကမ္ဘာ့ အရှည်လျားဆုံး 3D ပန်းချီကား ကိုလည်း Qi Xing Hua က ရေးဆွဲခဲ့တာ ဖြစ်ပြီး အဲ့ဒီ ပန်းချီကားကို ပြီးခဲ့တဲ့ ခြောက်လက ဟောင်ကောင်မှာ ရေးဆွဲ ခဲ့တာ ဖြစ်ပါတယ်။
ဒ့ါအပြင် Qi Xing Hua ရဲ့ လက်ရာသစ် 3D ပန်းချီကားကို မကာအိုရှိ One Central မှာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ လအထိ ခင်းကျင်းပြသ ထားမှာ ဖြစ်ကြောင်း သိရပါတယ်။
Credit http://www.mrtv4.net.mm