• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, December 31, 2011

ကမ္ဘာ့နှစ်သစ်ကူးနေ့ကို လှိုက်လှဲစွာကြိုဆိုလိုက်ပါတယ်


ကမ္ဘာ့နှစ်သစ်ကူးနေ့ကို လှိုက်လှဲစွာကြိုဆိုလိုက်ပါတယ် 




ကမ္ဘာ့နိုင်ငံအသီးသီးကနှစ်သစ်ကူးတွေကတော့ တနိုင်ငံတမျိုးစီ ကြိုဆိုနေကြပုံများဘယ်လောက်မင်္ဂလာရှိ
လိုက်သလဲ။
ပဲရစ်မျှော်စင်ကို နောက်ခံထားပြီး အကြင်နာတွေပိုလိုက်ကြတာများ သူငယ်ပြန်ချင်စိတ်တောင်ပေါက်လာတယ်။

တကယ်ပြောတာ အခုက စိုင်းထီးဆိုင် ဆိုတဲ့သီချင်း တပုဒ်လို ရွှေသမင်ကသေနတ်သမားရှေ့မှာ အသေ အခြာရပ်နေပေမယ့် ကျည်ဆံလည်းကုန် ယမ်းလည်းကုန်နေတဲ့ဘ၀မျိုး။
ပျော်ချင်လို့ နောက်နေတာပါ။

မဟုတ်လျင် ဗမာပြည်က နှစ်သစ်ကူးပုံလေးကို မခံစားနိုင်လို့ အရည်မရ အဖတ်မရတဲ့ စကားမျိုးတွေပြောနေ
မိတာပါ။
 ဗမာစစ်အစိုးရရဲ့ နှစ်ကူးပုံလေးက အတော်ကြမ်းတယ်ဗျ။

တကယ်ဆိုတော့ ဗမာစစ်အစိုးရဆိုတာ မဟာဗမာပီပီ တိုင်းရင်းသားတွေကို အုပ်ချုပ်ချင်လို့မဟုတ်ဘူးဗျ။အမျိုးဖြုတ်ချင်လို့ဆိုတာ သူတို့လုပ်ရပ်က သေသေခြာခြာကိုသက်သေပြနေတာ။

နှစ်တွေကြာလာတာနဲ့အတူ အားလုံးဟာ ဖြစ်ရိုးဖြစ်စဉ် လုပ်ရိုးလုပ်စဉ်လို့ သဘောပိုက်ပြီး ငြိမ်းချမ်းရေးအကြောင်း ပြောနေကြတာများလား မဆိုတတ်ပါဘူးဗျာ။
ဖြစ်ပြီးသားတွေကို ကလဲ့စားခြေဘို့ အညှိုးအတေးထားဘို့ မှတ်သားထားတာမဟုတ်ပါဘူး။

ဒါပေမယ့် နောက်နောင် မပြောကောင်းမဆိုကောင်း ငြိမ်းချမ်းရေး ရကြလို့ အတူယှဉ်တွဲနေထိုင်တော့မယ်
ဆိုလျင်တော့ ဒီလို ခါးသည်းဆိုးရွားလှတဲ့ပြဿနာမျိုး မဖြစ်အောင်တော့မှတ်တမ်းမှတ်ရာ အသေအခြာထား
ဘို့တော့ လိုတယ်နော်။

အဲဒီတော့ အောက်က ဗမာစစ်အစိုးရရဲ့ နှစ်သစ်ကူးပုံလေးကို နားသောတ ဆင်ကြည့်တော်မူကြပါ။ပြီးတော့ ပျော်ရွှင်တဲ့နှစ်သစ်ကူးမှာ အတတ်နိုင်ဆုံးပျော်ရွှင်နိုင်အောင် ကြိုးစားကြပါစို့။



Source Audio from http://www.bbcburmese.com