• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, December 14, 2011

ဘယ်လ်ဂျီယံ ပစ်ခတ်မှု

Nordine Amrani 
Source Photo from http://www.google.com/images 


ဘယ်လ်ဂျီယံပစ်ခတ်မှု လူ လေးဦးသေ ၇၅ ဦး ထိခိုက်ဒဏ်ရာရ 


15 Dec, 2011

ဘရပ်ဆဲလ်။ ။ လူလေးဦး သေဆုံးပြီး အခြား၇၅ ဦး ဒဏ်ရာရှိခဲ့သည့် ပစ်ခတ်မှုတစ်ခုမှာ ဘယ်လ်ဂျီ ယံနိုင်ငံ အရှေ့ပိုင်းရှိ မြို့တစ်ခု ဖြစ်သည့် Liege တွင်ဖြစ်ပွားခဲ့ရကြောင်း သိရသည်။

ပစ်ခတ်သူမှာ ဒေသခံတစ်ဦး ဖြစ်ပြီး Nordine Amrani ဟုအမည်ရကာ ပြစ်မှုကျူးလွန်ဖူးခဲ့သည့် သမိုင်းကြောင်း ရှိသူတစ်ဦး လည်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပုဂ္ဂိလ်မှာ အင်္ဂါနေ့ နံနက်က ရဲစခန်းတွင် ၎င်း၏ အမှုအတွက် မေးမြန်းခံရန် သွားခဲ့ပြီးနောက် ယင်းနေ့နေ့လည် ထမင်းစားချိန်အတွင်း ယခုလို ပြုလုပ်သွားခဲ့ခြင်း ဖြစ်ပြီး လက်ပစ်ဗုံးများ၊ ပစ်စတိုများနှင့် ပြောင်းေ ချာ သေနတ်များကို ကိုင်ဆောင်ကာ ပစ်ခတ်သွားခြင်းဖြစ်ကာ မည်သည့် အကြောင်းကြောင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကိုလည်း မသိရှိရကြောင်းသိရသည်။

ယင်းပစ်ခတ်သူမှာ ဆယ်ကျော်သက်အရွယ် ကောင်လေးများနှင့် အသက် ၇၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့် အတူ သေဆုံး သွားရကြောင်းနှင့် ရဲတပ်ဖွဲ့မှပစ်ခတ် နှိမ်နင်းမှုကြောင့် သေဆုံးခဲ့ရခြင်း သို့မဟုတ် ၎င်းကိုယ်တိုင် ကိုယ့်ကိုကိုယ် ပစ်ခတ်ခဲ့ခြင်းကိစ္စမှာ မသေချာကြောင်းလည်း သိရသည်။

ယင်းသို့ ဝင်ရောက် ပစ်ခတ်ခဲ့ရာတွင် ထိခိုက်မိသူများထဲမှ အသက် ၂ နှစ်အရွယ် ကလေးငယ်မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်းလည်း သိရသည်။ ဆေးရုံမှ ထုတ်ပြန်ခဲ့သည့် သတင်းအရ လူပေါင်း ၅၂ ဦးမှာ ဆေးရုံ တွင် ဆေးကုသမှုခံယူနေကြကြောင်း ပြောခဲ့သည်။

source : xinhuanews

Credit http://www.mrtv4.net.mm