• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, December 15, 2011

အီရန်နှင့်ဆက်ဆံရေးဆက်လက်ရှိစေရန် ဗြိတိန်ဘုရင်မကြီးတောင်းပန်

Queen Elizabeth II 
 Source Photo from http://www.google.com/images

အီရန်နှင့်ဆက်ဆံရေး ဆက်လက်ရှိစေရန်

ဗြိတိန်ဘုရင်မကြီး တောင်းပန် 

Updated : 16 Dec, 2011

အီရန်နိုင်ငံရှိ အဆင့်မြင့်ဥပဒေပြု သူတစ်ဦး၏အပြောအရ ဗြိတိန်ရှိ Queen Elizabeth II မှာ အီရန်နိုင်ငံ အား ဗြိတိန်နှင့်ဆက်လက်ပြီး အဆက်အသွယ် လုပ်ရန်တောင်းပန်ခဲ့ကြောင်း ပြောကြားခဲ့ကာ အီရန်နိုင်ငံမှ ဥပဒေပြုသူများမှာ အင်္ဂလ န်နှင့် ဆက်သွယ်ခြင်းမလုပ်ရန် မဲပေးခဲ့ပြီးနောက် ယခုလိုသတင်းစကား ပေါ်ထွက် လာခြင်းပင်ဖြစ်သည်။

အီရန်ရှိဥပဒေပြု အဖွဲ့ဖြစ်သော Majlis မှ အင်္ဂလန်နှင့် အဆက်အသွယ်မပြုရန် အဆိုပြုချက်တင်သွင်းမှု ကို ထောက်ခံခဲ့ပြီးနောက် အင်္ဂလန်ရှိ ဘုရင်မကြီး ဖြစ်သော Queen Elizabeth II ၏ ရုံးခန်းမှ၎င်းတို့အား ဆက်သွယ်ခဲ့ပြီး ဆက်ဆံရေး ဆက်လက်ရှိနေပေးရန် တောင်းပန်ခဲ့သည်ဟု အီရန် ရှိ Majlis ပါလီမန် လူ့အခွင့်အရေး ဆပ်ကော်မစ်တီ မှအကြီးအကဲဖြစ်သူ Zohreh Elahian မှပြောကြားခဲ့ကြောင်း Fars News Agency သတင်းတွင်ကိုးကား ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့က အီရန်နိုင်ငံ ရှိ Majlis မှအဆိုပါ ဆက်ဆံရေးလျှော့ချမည့် သဘောတူညီချက်ကို သဘောတူခဲ့ခြင်းဖြစ်ပြီး စီးပွားရေးနှင့် ယာဉ်ကျေးမှုများတွင် ဗြိတိန်နှင့် အနိမ့်ဆုံး ဆက်သွယ်မှု အနေအထားဖြင့် ဆက်ဆံသွားရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

ယခုဖြစ်ရပ်မှာ ဗြိတိန်တို့အနေဖြင့် အီရန်၏နှုကလိယ ထုတ်လုပ်မှု အစီအစဉ်ကို ဆန့်ကျင်သည့်အနေဖြင့်
နိုင်ငံပေါင်းစုပြီး ပိတ်ဆို့မှုများတွင် ပါဝင်ခဲ့ပြီးနောက် ယခုလိုပေါ်ထွက်လာခြင်းပင် ဖြစ်သည်။

source : pesstv.ir

Credit http://www.mrtv4.net.mm/news


Head of Iran's Majlis (parliament) Human Rights Sub-committee Zohreh Elahian

Source Photo from 
http://www.google.com/images