• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, December 19, 2011

စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းသင့်ကြောင်း ကိုဇာဂနာ အကြံပြု

(Photo: AFP)
ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ။
(Photo: AFP)

စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းသင့်ကြောင်း ကိုဇာဂနာ အကြံပြု 

2011-12-19

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ ပြန်လည် ရုတ်သိမ်းလိုက်မယ် ဆိုရင် သာမန် ပြည်သူလူထု အတွက် အကျိုးကျေးဇူးတွေ ရရှိလာမယ်လို့ ဟာသ သရုပ်ဆောင် ကိုဇာဂနာက ပြောဆို လိုက်ကြောင်း Bloomberg သတင်းဌာနက ဖေါ်ပြပါတယ်။

အထူးသဖြင့် အထည်ချုပ် လုပ်ငန်း ကဏ္ဍမှာ ရင်းနှီး မြှုပ်နှံခွင့်တွေ ရရှိလာမယ် ဆိုရင် သာမန်ပြည်သူတွေ အကျိုးခံစားရမှာ ဖြစ်ပါတယ်၊စီးပွားရေး ပိတ်ဆို့ အရေးယူထားတာတွေကို ရုတ်သိမ်းလိုက်မယ် ဆိုရင် နိုင်ငံခြား တိုင်းပြည်တွေဆီက အကူအညီတွေ ပိုရလာမှာ ဖြစ်ပါတယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ ကိုဇာဂနာက နိုင်ငံခြား သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဘဏ် နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ရာမှာ မြန်မာနိုင်ငံကို ကူညီ ထောက်ပံ့မှုတွေ ပေးနိုင်တဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းလည်း ကိုဇာဂနာက ပြောဆိုပါတယ်။ကိုဇာဂနာနဲ့ အဖွဲ့ဟာ ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်ပြီး အိမ်နီးချင်း နိုင်ငံတွေကို သွားရောက် လေ့လာရေး ခရီးစဉ် စတင်နေပါတယ်။

ဒီခရီးစဉ်ဟာ သူ့ရဲ့ပထမဆုံး ပြည်ပခရီး ဖြစ်ပါတယ်။ ကိုဇာဂနာ နဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ ကနေ ကမ္ဘောဒီးယားနိုင်ငံ ကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

Source Audio from http://www.bbcburmese.com