• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, December 18, 2011

မြစ်ကမ်းပါးအက်ကြောင်းများ အလျားပေ၈၀၀ခန့် အကျယ်၅လက္မမှ ၁၀လက္မခန့်အထိ ဖြစ်ပေါ်

ဇီးဖြူကွင်းကျေးရွာတွင် အက်ကြောင်းများဖြစ်ပေါ်နေသည်ကို တွေ့ရစဉ် 

သာပေါင်းမြို့နယ် ဇီးဖြူကွင်းကျေးရွာတွင်
မြစ်ကမ်းပါးအက်ကြောင်းများ ဖြစ်ပေါ်ခဲ့၍ ရွာပြောင်းရွှေ့ရန် စီစဉ် 

Sunday, 18 December 2011

သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာတွင် ဒီဇင်ဘာလ ၆ ရက်နေ့မှစတင်ပြီး မြစ်ကမ်းပါးတစ်လျှောက် အက်ကြောင်းကြီးများဖြစ်ပေါ်ခဲ့ပြီး တစ်နေ့ထက်တစ်နေ့ အက်ကြောင်းများပိုမို ဖြစ်ပေါ်ခဲ့သဖြင့် ယင်းဒေသတွင် ရှိနေသည့် နေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

''မနက်လင်းတော့မှ အက်ကြောင်းကြီးတွေ ဖြစ်နေတာသိရတာပါ။ ကမ်းပါးပဲ့ကျသလိုမျိုး မဟုတ်ပေမယ့် တဖြည်းဖြည်းရေထဲကို အိကျတာပါ။
ပထမတော့ စဖြစ်တဲ့ကမ်းနံဘေးက အိမ် ၁၀ လုံးလောက်နဲ့ စိုးရိမ်ရတဲ့ အိမ်သုံးလုံးလောက်ပဲ ပြောင်းဖို့ စီစဉ်ထား
တာပါ။
ဒါပေမယ့် အက်ကြောင်းကြီးတွေ ထပ်ပြီး ပေါ်လာတော့ အခုနောက်ထပ် ၁၆ အိမ်ပါ ထပ်ရွှေ့ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်''

ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောပြသည်။ဇီးဖြူကွင်းကျေးရွာသည် ပုသိမ် မြို့နှင့် သာပေါင်းမြို့ကြားရှိ င၀န်မြစ် ကမ်းဘေးတွင် တည်ရှိသည်။ င၀န်မြစ်ကြောင်း၏ မြစ်ကွေ့နေရာဖြစ်၍ မြစ်ရေတိုးမှုနှင့် ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးများ အိကျခဲ့ခြင်းဖြစ်သည်။

အက်ကြောင်းကြီးများ စဖြစ်ခါစတွင် ကမ်းနဖူးမှအက်ကြောင်းများ ထပ်မံပေါ်ပေါက်ခဲ့သဖြင့် ပေ ၁၀၀ ကျော်အထိ
ရောက်ရှိသွားသည်ဟု ဆိုသည်။ အက်ကြောင်းအလျားမှာ ပေ ၈၀၀ ၀န်းကျင်ခန့်ရှိပြီး အက်ကြောင်းအကျယ် ငါးလက်မမှ ၁၀ လက်မခန့်အထိ ဖြစ်ပေါ်လျှက်ရှိသည်။

Copy from http://www.weeklyeleven.com