Jyoti Amge (C), 18, smiles as she receives birthday greetings from a relative at her residence in Nagpur on December 16, 2011. On December 16, on her 18th birthday, Amge, 62.8 centimetres (less than two foot, one inch) tall, became the world's shortest woman, according to Guinness World Records.
Copy Photo from
http://hello.news352.lu/edito-125396-indian-student-named-world-s-shortest-woman.html
ကမ္ဘာ့အရပ်အပုဆုံး အဖြစ်အိန္ဒိယ အမျိုးသမီး သတ်မှတ်ခံရ
17 Dec, 2011
နှစ်ပေထက် အနည်းငယ်သာ ပိုမိုမြင့်မားသည့် အိန္ဒိယနိုင်ငံမှ ကျောင်းသူ တစ်ဦးမှာ အသက်ရှင်လျက် ရှိနေသည့် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးတစ်ဦးအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန်စာအုပ် စာရင်းတွင် ဝင်ရောက်သွား ခဲ့ပြီ ဖြစ်သည်။
စုစုပေါင်း ၂၄.၇ လက်မ ( ၆၂.၈ စင်တီ ) ရှိသူ Jyoti Amge ဆိုသည့် ကျောင်းသူမိန်း ကလေးမှာ ယခင်ရှိခဲ့သည့် အမေရိကန်မှ Bridgette Jordan ကိုဖြတ်ကျော်ပြီး ယခုလို အရွေးခံခဲ့ရခြင်းလည်း ဖြစ်သည်။ သူမမှာ အမေရိကန် သူထက် ၇ စင်တီမီတာ ပိုပြီးတိုကြောင်းလည်း သိရသည်။
ယခုလို အတည်ပြုချက်ရယူမှုကို လွန်ခဲ့သည့် သောကြာနေ့က သူမ၏အသက် ၁၈ နှစ်ပြည့်မွေးနေ့ပွဲနှင့် အတူ Nagpur မြို့တွင် ကျင်းပခဲ့ခြင်း လည်း ဖြစ်သည်။ သူမမှာ achondroplasia ခေါ် အခြေအနေတစ်ရပ်ကို ခံစားခဲ့ ရခြင်းဖစ်ပြီး သာမန်လူများထက် ပိုမိုသေးငယ်သည့် ပုံစံဖြစ်စေကာ ခန္ဓာကိုယ်ကြီးထွားမလာစေသည့် ဖြစ် ရပ်ဖြစ်ခဲ့ရခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်ကလည်း ကမ္ဘာ့ အရပ်အပုဆုံး ဆယ်ကျော်သက် အဖြစ် စံချိန်တင်နိုင်ခဲ့ကာ ထိုစဉ်က ၆၁.၉၅ စင်တီမီတာဖြင့် စံချိန်တင်လိုက်နိုင်ခြင်း ဖြစ်သည်။ ကမ္ဘာ့ အရပ်အပုဆုံးအဖြစ် သတ်မှတ်နိုင်ခဲ့သည် မှတ်တမ်းအဖြစ် နယ်သာလန်နိုင်ငံမှ Pauline Musters ဆိုသူ ဖြစ်ကာ ၁၈၇၆ မှ ၁၈၉၅ အထိ နေထိုင်ခဲ့သူအမျိုးသမီးဖြစ်ပြီး အရပ် ၆၁ စင်တီမီတာဖြင့် စံချိန်တင်ထားနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
source : BBC news
Credit http://www.mrtv4.net.mm
APJyoti Amge, 18, center, who stands at 61.95 centimeters , poses for a photography with her family at her residence before a press conference with the Guinness World Records in Nagpur, India, Friday, Dec. 16, 2011. Officials from Guinness were expected to measure Amge later Friday and declare her the
Copy Photo from
http://www.msnbc.msn.com/id/33097651/ns/world_news/