• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, December 3, 2011

ဥရောပ ဝက်သက်အန္တရာယ် အတွက် WHO သတိပေး


ဥရောပ ဝက်သက်အန္တရာယ် အတွက် WHO သတိပေး 
3 Dec, 2011

ဥရောပနိုင်ငံများ အနေဖြင့် ဝက်သက်ရောဂါ ပြန့်ပွားမှု အန္တရာယ်ကို ချက်ချင်း အရေးယူဆောင်ရွက်ဖို့ လိုနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ သတိပေးချက် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

အဆိုပါ သတိပေးချက် ပါဝင်သည့် အစီရင်ခံစာအရ လွန်ခဲ့သည့် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဥရောပနိုင်ငံ ပေါင်း ၃၆ ခုတွင် ဝက်သက်ဖြစ်ပွား မှုပေါင်း ၂၆၀၀၀ ရှိနေကြောင်း ဖော်ပြခဲ့သည်။

ဥရောပ အနောက်ဖက်ပိုင်း ရှိနိုင်ငံ များမှာ ယင်းရောဂါဖြစ်ပွားမှု များ၏ ၈၃ ရာနှုန်းရှိပြီး ပြင်သစ် တစ်နိုင်ငံထဲတွင်ပင် ဖြစ်ပွားမှုပေါင်း ၁၄၀၀၀ အထိရှိခဲ့ကြောင်း သိရသည်။

အင်္ဂလန်နှင့် ဝေလနိုင်ငံတို့တွင် ဖြစ်ပွားမှုနှုန်းမှာ ၁၀၀၀ အောက်သာ ဖြစ်သော်လည်း လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က ၃၇၄ ယောက်စာရင်း ထက်စာပါက တိုးတက်လာခြင်းပင် ဖြစ်သည်။စုစုပေါင်း စာရင်းများအရ ဥရောပနိုင်ငံ
များအကြား ဝက်သက်ရောဂါကြောင့် သေဆုံးခဲ့ရမှုမှာ ကိုးဦးရှိနေပြီး ယင်းအထဲမှ ၆ ဦးမှာ ပြင် သစ်နိုင်ငံ မှဖြစ်ကြောင်းလည်း သိရကာ ၇၂၈၈ ဦးမှာ ဆေးရုံတက်ပြီး ကုသမှုကိုခံယူခဲ့ရကြောင်း သိရသည်။

ပြင်သစ်နိုင်ငံမှာ လက်ရှိ အနေဖြင့် နိုင်ငံ အနှံ့စည်းရုံးလှုံ့ဆော်ပွဲ များကိုပြုလုပ်နေကြောင်းလည်း သိရသည်။ ယခုလို ဖြစ်ပွားမှုများထဲတွင် ကိုးဆယ်ရာနှုန်းမှာ ဆယ်ကျော်သက် အရွယ်များနှင့် အရွယ်ရောက်ပြီးသူများ ဖြစ်ပြီး ၎င်းတို့အနေဖြင့် ကာကွယ်ဆေးထိုးမှုကို ခံယူခဲ့ခြင်း မရှိသူများနှင့် ဆေး ထိုးခံထားရခြင်း ရှိ၊ မရှိ မသေချာသူများအကြားတွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

source : BBC news

Credit http://www.mrtv4.net.mm