Yelena Serova© from personal files21:35 07/12/2011MOSCOW, December 7 (RIA Novosti)Tags: International Space Station, Roscosmos, Svetlana Savitskaya, Valentina Tereshkova, Yelena Serova, Vladimir Popovkin, Moscow, Russia
Source Photo from
http://en.rian.ru/world/20111207/169464304.html
လာမည့် ၂၀၁၃ ခုနှစ်တွင်
ပထမဆုံးအမျိုးသမီး အာကာသယာဉ်မူးကို
ISS သို့ ရုရှားတို့ ပို့မည်
9 Dec, 2011
မော်စကို ။ ။ လာမည့် ၂၀၁၃ ခုနှစ်သို့အရောက်တွင် ရုရှားနိုင်ငံအနေဖြင့် နိုင်ငံတကာ အာကာသစခန်း (ISS ) သို့ ၎င်းတို့၏ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှုး တစ်ဦးကို ပို့ဆောင်သွားရန် စီစဉ်နေကြောင်း ဖယ်ဒရယ် အာကာသအေဂျင်စီ ဖြစ်သည့် Roscomos မှ ကြာသပတေးနေ့က ပြောကြားလိုက်သည်။
Roscosmos အကြီးအကဲဖြစ်သူ Vladimir Popovkin မှ ပြောရာ၌ ရုရှားနိုင်ငံ၏ တစ်ဦးတည်းေ သာ အမျိုးသမီး အာကာသယာဉ်မှုးတစ်ဦး ဖြစ်သည့် Yelena Serova အား ရုရှားနိုင်ငံ၏ အာကာသယာဉ်မှုးစာရင်းတွင် ထည့်သွင်း ထားပြီး နှစ်နှစ်ခွဲ ခန့် လေ့ကျင့်မှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Roscosmos အကြီးအကဲ Vladimir Popovkin
Source Photo from http://www.google.com/images
ရုရှားနိုင်ငံမှာ အမျိုးသမီး အာကာသ ယာဉ်မှုးများကို အာကာသသို့ ပို့လွှတ်ပြီး ဖြစ်သော်လည်း နိုင်ငံတကာ အာကာသစခန်းသို့မူ ယခုအကြိမ် မှာ ပထမဆုံးအဖြစ် စေလွတ်ရန်လျာထားခြင်း ဖြစ်ကြောင်းသိရသည်။
အသက် ၉ နှစ်အရွယ် သမီးငယ်၏ မိခင်ဖြစ်သူ Serova မှာ အာကာသယာဉ်မှုးတစ်ဦး ဖြစ်လာရန် အိပ်မက်ရှိခဲ့သူဖြစ်ပြီး သူမ၏ ခင်ပွန်းဖြစ်သူလက်ရှိ အာကာယာဉ်မှုးမှာလည်း သူမကို ထောက်ခံ အားပေးနေသူ ဖြစ်သည်။
ကမ္ဘာ့ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှုးမှာ ယခင်ဆိုဗီယက်ယူနီယံမှ Valentina Tereshkova ဆိုသူအမျိုး သမီးဖြစ် ကာ လွန်ခဲ့သည့် ၁၉၆၃ ခုနှစ်က Vostok 6 အာကာသယာဉ်ဖြင့် အာကာသသို့ စတင်စေလွှတ် ခဲ့ခြင်း ဖြစ်သည်။
ဆိုဗီယက်ယူနီယံမှ ကမ္ဘာ့ပထမဆုံး အမျိုးသမီးအာကာသယာဉ်မှူး Valentina Tereshkova
Source Photo from http://www.google.com/images
source : xinhuanews
Credit http://www.mrtv4.net.mm/news