အစိုးရ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေးအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီနှင့် KNU တပ်မဟာ ၇ တပ်မဟာမှူး စောဂျော်နီ တို့ကို ဘားအံ့မြို့ ဇွဲကပင်ဟိုတယ်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး ညစာစားပွဲတွင် ဇန်နဝါရီလ ၁၁ ရက် ၂၀၁၁ ခုနှစ် ညပိုင်းက တွေ့မြင်ရစဉ်။
(ဓါတ်ပုံ - မဇ္ဈိမ)
(ဓါတ်ပုံ - မဇ္ဈိမ)
ပဒိုမန်းငြိမ်းမောင်အတွက် ရေးတဲ့စာ
(မင်းစိုးစံ)
(မင်းစိုးစံ)
ပဒိုခင်ဗျား
ပဒိုရဲ့သတင်းကိုကြားရတာ ဘယ်လိုမျှ စိတ်မချမ်းသာပါဘူး။
ကျုပ်တွေးကြည့်တယ်
ထောင်မကျဘူးတဲ့လူတွေအတွက်ကတော့ လူပြောသူပြောပြောတာကို နားထောင်ပြီး အလွယ်ကလေးတွေးတောကြ
ပြောနေကြပေမယ့် ကိုယ်ကိုယ်တိုင် ခံစားရတဲ့လူတွေ အဘို့ ဘယ်လောက် အထိ ပြင်းထန်ဆိုးရွား တယ် ဆိုတာ
အသိဆုံးမို့ လွယ်လွယ်နဲ့ပြောဖြစ်မှာမဟုတ်ပါဘူး။
ပဒိုအတွက် ဂုဏ်ယူပါတယ်။
သို့ပေမယ့် အောက်က စကားစုတွေလိုတော့ မပူပဲမနေနိုင်ပါဘူး။
မစိုးရိမ်ပဲလည်း မနေနိုင်ပါဘူး။
သောကမပွါးပဲလည်း မနေနိုင်ပါဘူး။
ပဒိုကို ကျုပ် လေးစားသလို ပဒိုဘယ်လို ခံစားနေရမလဲဆိုတာ ကျုပ်မြင်ယောင်ရင်း အရမ်းစိတ်ပူပါတယ်။
သွေးပျက်မတတ်အောင် စိုးရိမ်ပါတယ်။
သောကတွေနဲ့ပူလောင်နေတဲ့ ကျုပ်ရင်ထဲက ခံစားချက်တွေကို လူမမြင်ရာမှာ ရှိုက်ငိုမိတာတောင် မငြိမ်းနိုင်လို့
အခုလို ရေးလိုက်တာပါ။
ပဒိုရဲ့ အသက်အရွယ် ကိုယ်ခန္ဓာဖွဲ့စည်းမှုဟာ ပင်လယ်ကို ကူးဖြတ်ခဲ့တဲ့ အနေအထားမျိုး မဟုတ်တော့ပါဘူး။
ဗမာစစ်အစိုးရရဲ့ ညှင်းပမ်းနှိပ်စက်မှုကျတော့ အမြဲတမ်းဆန်းသစ်နေတာမို့ အဲဒီဒါဏ်ကို အံကြိတ်ခံစားနေရ
မယ့် ပဒိုရဲ့ အဖြစ်ကို ကျုပ်တွေးရင်း အရမ်းကို ခံစားရပါတယ်။
ပဒို ကျုပ်ငိုနေပါတယ်၊ ရှိုက်ကြီးတငင်ကို ငိုမိပါတယ်။
ယောက်ျား မငိုရဘူးလို့ ဘယ်သူပြောသလဲ။
ဘယ်စာအုပ်ထဲမှာ ရှိသလဲ။
ငိုရှိုက်ခြင်းကို လူတွေက ပျော့ညံ့ခြင်းလို့ အဓိပ္ပါယ်ကောက်လျင် ကျုပ်ပျော့ညံ့တဲ့လူတယောက်ဖြစ်ပါစေ။
ကျုပ်ရဲ့မျက်ရည်တွေဟာ ပဒိုကို ဂုဏ်ယူတဲ့မျက်ရည်ပါ။
ကျုပ်ရဲ့ နှာခေါင်းထဲက ထွက်ကျလာတဲ့ နှာရည်တွေဟာ ပဒိုရဲ့မိသားစု နဲ့ ကရင်ပြည်သူတွေအပေါ် ထားရှိတဲ့
ပဒိုရဲ့မေတ္တာစေတနာတွေကို မှတ်ကျောက်တင်လိုက်တာပါ။
တဆက်တည်း အဲဒီယိုစီးကျလာတဲ့ မျက်ရည် နှာရည်တွေနဲ့အတူ ဗမာစစ်အုပ်စုအပေါ် နာကျည်းမှုတွေ
ဖြစ်သွားတဲ့အတွက် ဗမာစစ်အစိုးရကို ကျုပ်ဘယ်တော့မျှခွင့်မလွှတ်ဘူး။
နောက်ဘ၀ဆိုတာ ရှိမယ်ဆိုလျင်တောင် ကောက်ကျစ်စဉ်းလဲတဲ့ ဗမာစစ်အစိုးရ ဆိုတာ ဆက်ရှိနေမယ်ဆိုလျင်
ကျုပ်ဆက်ပြီး တိုက်မယ်။
တခုတော့ ရှိပါတယ် ငိုနေရုံ နာကျည်းနေရုံ နဲ့ ဘာမျှဖြစ်လာမှာမဟုတ်ပါဘူး၊ ကျုပ်လုပ်စရာရှိတာ နောက်ဆုံး
ထွက်သက်အထိ လုပ်သွားမယ်ဆိုတာ သစ္စာပြုပါတယ်။
ပဒိုကျန်းမာချမ်းသာစွာနဲ့ အမြန်ဆုံးလွတ်မြောက်လာပြီး မိသားစုနဲ့တကွ ကရင်ပြည်သူလူထုတရပ်လုံး
အဖိနှိပ်ခံတွေအားလုံးကို ပဒိုရဲ့ရင်ခွင်ထဲ ထွေးပွေ့နိုင်တဲ့နေ့ကို မဖြစ်မနေရောက်လာပါစေ။
မင်းစိုးစံ
(အဝေးရာက် ကရင်ဒုက္ခသည်တဦး)
သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/--01_11_12_my-news-burma-----137086328.html
ပဒိုမန်းငြိမ်းမောင်နဲ့ ပတ်သက်လို့ ကျွန်မအနေနဲ့ ဒီလိုပဲပြောချင်ပါတယ်။ သူ့အတွက်ဘာမှ မပူကြပါနဲ့။ မစိုးရိမ်ကြပါနဲ့။ သောကလဲ မပွားကြပါနဲ့။
သူဟာ သူ့မိသားစုနဲ့ တစ်ထပ်တည်း တိုင်းပြည်နဲ့လူမျိုး အတွက် အသက်စတေးဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ ကျွန်မ ပြောချင်ပါတယ်။
(အစိမ်းရောင်စကားစုကို ကိုးဒီသွေးမှ ကောက်နှုတ်သည်)
သူဟာ သူ့မိသားစုနဲ့ တစ်ထပ်တည်း တိုင်းပြည်နဲ့လူမျိုး အတွက် အသက်စတေးဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ ကျွန်မ ပြောချင်ပါတယ်။
(အစိမ်းရောင်စကားစုကို ကိုးဒီသွေးမှ ကောက်နှုတ်သည်)





