• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, January 31, 2012

ကလေးအတွေး

ကလေးအတွေး
(မင်းစိုးစံ)

ဘာလိုလိုနဲ့ ကျုပ်တို့ ကရင့်တော်လှန်ရေးကြီးလည်း ၆၃ နှစ်တောင် တိုင်ခဲ့ပြီပဲ။
တော်လှန်ရေးကာလ တလျှောက်လုံး ပြေးကြလွှားကြ သေကြေကြ ဒါဏ်ရာရပြီး ဒုက္ခိတဖြစ်ကြရတဲ့ တော်လှန်ရေး
စစ်သည်တွေအပြင် ပြည်သူလူထု ဘယ်လောက်ရှိသလဲ ဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် နည်းနည်းနောနော
တော့ မကဘူးဆိုတာ ခန့်မှန်းနိုင်ကြပါလိမ့်မယ်။

အသက်မသေပေမယ့် ဘ၀ပျက်ရတဲ့သူတွေ မိဘမဲ့ရသူတွေ ဘယ်လောက်တောင်ရှိနေမလဲ ဆိုတာ တွေးတောင်မ
တွေးရဲပါဘူး။

မတွေးရဲလို့ မရဘူး၊ တွေးရမယ်၊ မခန့်မှန်းရဲလို့ မရဘူး ခန့်မှန်းရဲရမယ်။
ပျမ်းမျှခြင်း တရက်ကို ကရင်တယောက်ပဲ အသက်ဆုံးရှုံးတယ်ထား။
နှစ်ပေါင်း ၆၃နှစ်ကို ၃၆၅ နဲ့မြှောက်လိုက်လျင် ဒါအနည်းဆုံး အသက်ဆုံးရှုံးရတဲ့ ကရင်ပါ။

ဗမာဘက်ကတွက်မယ်ဆိုလျင်ရော။
တရက်ကို တယောက်ပဲထား။ ၆၃နှစ်ဆိုတော့ အတူတူပဲထားလိုက်။

ဟုတ်ပြီ ၄နှစ်မှာတကြိမ် ရက်ထပ်နှစ်ကိုထည့်တွက်လိုက် ၆၃နှစ်ဆိုတော့ ၁၅ ယောက်။
ဒါဆိုလျင် တဘက်ကို ၂၃၀၁၀ ယောက် ပေါင်းလိုက်လျင် ၄၆၀၂၀ ယောက်။
လက်နက်ကိုင် အင်အားစု ဘယ်နှစ်စုလဲ။
တော်လှန်တဲ့ ကာလကို ပဲတွက်လိုက်၊ ပြန်ပေါင်း။
အသက်ပေါင်းမြောက်များစွာ၊ဘ၀ပေါင်းမြောက်များစွာ၊ငွေကြေးပေါင်း မြောက်များစွာ။

ဒီတော့ ကျုပ်တို့နိုင်ငံ နာလန်ထူနိုင်ရိုးလား။
ဆင်းရဲမယ် နုံခြာမယ် ငတ်ပြတ်မယ်။
အကြွေးတင်နေတာ ဒေါ်လာသန်းပေါင်း တစ်သောင်းကျော်တယ်။
တစ်သောင်းပဲထား။ ဗမာပြည်လူဦးရည်က သန်း၆၀။ သန်းတစ်သောင်းကိုတည် သန်း၆၀နဲ့စားလိုက်။
တယောက်ကို ဘယ်လောက်အကြွေးတင်နေတယ်ဆိုတာ သိပါလိမ့်မယ်။
မရယ်(ရီ)နဲ့နော်။

တဒေါ်လာကို ဒီကနေ့ပေါက်ဈေးနဲ့တွက်လိုက်ပါ။
စားစရာမရှိ လျော်စရာရှိပေါ့နော။
ဒါကြောင့် ဦးခင်ရီက တိုင်းရင်းသားတွေကို မှတ်ပုံတင်ခိုင်းနေတာပေါ့၊ အကြွေးဝိုင်းလျော်ဘို့လေ။
ဦးသန်းရွှေတို့ ခင်ညွန့်တို့က ၀ိုင်းလျော်ပေးမယ်ထင်သလား။
သူတို့က အစားလျော်ပေးမယ်ဆိုလျင်တော့ ၀မ်းသာစရာပါ။
ဝေးသေး။

ဝေးလွန်းလို့ ခေါ်လို့တောင်မကြားဘူး။



ငြိမ်းချမ်းရေး ရဘို့ ယုံကြည်မှုကို တည်ဆောက်စို့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)