Pip Founder Jean-Claude Mas
If anything is to be learn t, it’s that regulation is key and 2012 is the year of open debate about the regulation of cosmetic surgery. Jean-Claude Mas is clearly an unbalanced character – a modern-day Victor Frankenstein.His arrest, along with PIP Facebook groups to unite women, protests all over the country and the ongoing debate from the Department of Health, shows the social obsession with breast size has just turned a whole new corner.Up until now, boobs jobs were fast becoming as mainstream as makeup, with Jean-Claude Mas appearing to consider his abomination about as detrimental as lipstick on teeth.And that's a very scary thought.
Follow Lynda on Twitter @LyndaMoyo
ပြင်သစ်ပြည်မှ ရင်သားအစားထိုးကုသသူအား ဖမ်းဆီး
28 Jan, 2012
Jean-Claude Mas ဟုအမည်ရသူ ပြင်သစ် နိုင်ငံသားမှာ ၎င်းကုမ္ပဏီမှ အသုံးပြုသော ရင်သား အစားထိုး ကုသခွဲစိတ်မှု များတွင် သုံးသည့် ဆီလီကွန် များ၏ အရည်အသွေး မပြည့်မီမှု နှင့် ပတ်သက်ပြီး အဖမ်းခံ လိုက်ရပြီ ဖြစ်သည်။ ယခုလ အစောပိုင်းက ထွက်ပေါ်ခဲ့ ရသည့် ရင်သား အစားထိုး ကုသမှုများတွင် သုံးသည့် ဆီလီကွန်များမှာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေသည့် သတင်း ထွက်ပေါ်လာ အပြီးတွင် ယခုလို ပထမဆုံး အကြိမ်အဖြစ် ဖမ်းဆီးမှု ပေါ်ပေါက် လာရခြင်းလည်း ဖြစ်သည်။
၎င်းမှာ ကြာသပတေး နေ့က ပြင်သစ် ပြည်တွင် အဖမ်းခံ လိုက်ရခြင်း ဖြစ်ပြီး ၎င်း၏ ကုမ္ပဏီမှ ထုတ်လုပ်သည့် ဆီလီကွန် များမှာ အရည်အသွေး မပြည့်မီဘဲ စက်မှုလုပ်ငန်းများ တွင်သုံးသည့် အဆင့်သာ ရှိသဖြင့် ယခုလို အဖမ်းခံ လိုက်ရခြင်းလည်း ဖြစ်သည်။ ယခု ဖြစ်ရပ်မှာ နိုင်ငံတကာ ကျန်းမာရေး ပြဿနာ တစ်ခုအဖြစ် မှတ်ယူ နေကြချိန်တွင် ပေါ်ထွက် လာခြင်းလည်း ဖြစ်သည်။ ယင်းသို့ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အငြင်းပွားစရာ များလည်း ဖြစ်နေကြောင်း သိရသည်။
ချက်သမ္မတ နိုင်ငံ ၊ ပြင်သစ်နှင့် ဂျာမနီတို့က ယခုလို အရည်အသွေး မပြည့် မီသည့် အစားထိုးမှု များကြောင့် အန္တရာယ် ဖြစ်နိုင်ကြောင်း ပြောနေချိန်တွင် ဗြိတိန်က ပြောရာ၌မူ ယင်းသို့ ပြောရန် လုံလောက်သည့် သက်သေ မတွေ့ရသေးကြောင်းလည်း ပြောကြား ခဲ့သည်။ ဘရာဇီး နိုင်ငံတွင်လည်း အစိုးရ အနေဖြင့် ယင်းသို့သော အစားထိုးမှု ပြုလုပ်ပေးသည့် ကိစ္စတွင် အာမခံ ပေးသည့် ကုမ္ပဏီ များကို ပြန်လည် ခွဲစိတ် ထုတ်ပစ်ရန် အတွက် ကုန်ကျငွေများ မပေးပါက ဒဏ်ကြေး ချမှတ်သွားမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။
source : ABC news
Credit http://www.mrtv4.net.mm
29 Jan, 2012