အမှုဆောင်ချုပ် အသစ် Scott Thompson
Source Photo rfom http://www.google.com
Source Photo rfom http://www.google.com
ဘုတ်အဖွဲ့ဝင် လူကြီးသစ်များ Yahoo တို့ရှာဖွေနေ
7 Jan, 2012
Yahoo ကုမ္ပဏီမှာ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများ နေရာအတွက် အဖွဲ့ဝင်များကို ရှာဖွေနေကြောင်း နှင့် အမှုဆောင်ချုပ် အသစ်ကို ငှားရမ်းမှုနှင့်အတူ ကုမ္ပဏီပြန်လည် လည်ပတ်နိုင်ရေးအတွက် ကြိုးစားလုပ်ေ ဆာင်နေပြီ ဖြစ်ကြောင်း အဆိုပါကိစ္စရပ်များနှင့် ရင်းနှီးသူတစ်ဦး၏ အပြောကို Reuters သတင်းတွင် ကိုးကားဖော်ပြခဲ့သည်။
လွန်ခဲ့သည့်ဗုဒ္ဓဟူးနေ့က အမှုဆောင်ချုပ် အသစ်အဖြစ် Scott Thompson အားငှားရမ်းအပြီးတွင် လျှော်ကြေးအစီအစဉ်အဖြစ် ဒေါ်လာ ၂၇ သန်းကို ရရှိခဲ့ကြောင်းလည်း သိရသည်။ Thompson မှာလွန်ခဲ့သည့် လေးလခန့်က Yahoo မှ အလုပ်ထုတ်ခံခဲ့ရသည့် Carol Barz ၏နေရာတွင် အစားဝင်လာခြင်းဖြစ်ကာ Yahoo ၏ ဘုတ်အဖွဲ့ဝင်လူကြီးများ နေရာတွင် အစားထိုးမည့် လူသစ်များကို ရှာဖွေနေကြောင်းလည်း အဆိုပါဖြစ်ရပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုမှ ပြောကြားခဲ့သည်။
ယခုလို ပြုပြင်ပြောင်းလဲမှုများနှင့် အတူ Yahoo အနေဖြင့် အင်တာနက် လောကအတွင်း ပြန်လည် နာလန်ထူနိုင်မည် ၊ မထူနိုင်မည်ကို ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။
အလုပ်ထုတ်ခံခဲ့ရသည့် Carol Barz
Source Photo from http://www.google.com/images
Source Photo from http://www.google.com/images
source : Yahoo news
Credit http://www.mrtv4.net.mm






