ဦးနု နှင့် US Secretary of State John Foster Dulles (1955)
Source Photo from http://www.google.com/images
Source Photo from http://www.google.com/images
ဦးနု၏ ဟာကွက်နှင့် တော်ကွက်များ
(မြန်မာ့အလင်း အောင်သန်း)Sunday 5th January 2012
ထိုစဉ်က သခင်နု(ဦးနု)သည်ဗိုလ် ချုပ်တို့ကျဆုံးပြီးကတည်းက ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။ လွတ်လပ်ရေးရပြီးအ နည်းငယ် ပြင်ဆင်ပြီး (၄.၁.၁၉၄၈)တွင် အစိုးရသစ်ဖွဲ့သည်။ (၁၅.၉.၁၉၄၈) တွင် ထပ်ပြင်၍ဖွဲ့သည်။ဘယ်လိုပဲပြောင်း ဖွဲ့၊ ပြောင်းဖွဲ့ဝန်ကြီးချုပ်ကတော့ သခင်နုပင်။
(၇.၁.၁၉၅၀)တွင် ဘီအိုစီရေနံ ကုမ်္ပဏီက ပြည်တွင်းငြိမ်းချမ်းရေးမရှိ။ မိမိတို့အလုပ်မလုပ်နိုင်ဆိုကာ အလုပ်သ မား(၂,၅၀၀)ကိုအလုပ်ကရပ်စဲလိုက်သည်။
ယင်းမှာ သခင်လွင်၊ သခင်လှကြွေ တို့ခေါင်းဆောင်သော အာဏာရအစိုးရ အဖွဲ့၏ အလုပ်သမားအဖွဲ့ချုပ် (တီယူ စီဘီ) TUCB နှင့်ထိပ်တိုက်တွေ့သည့် ရေနံမြေအလုပ်သမားတပ်ပေါင်းစုအစည်း အရုံး A.O.F.A (All Oilfiled Employees’ Association) တို့နှင့်ပေါင်း၍သပိတ် တိုက်ပွဲဝင်ရန် တီယူဘီစီကပြင်ဆင်သည်။
ယင်းမှာ ၀န်ကြီးချုပ်ဦးနုက““၀ါဏိဇ္ဇပဋိပက္ခခုံရုံးသို့လွှဲပေးမည်။ သပိတ်မ မှောက်ပါနှင့်””ဟုဆိုလာ၍ တီယူစီဘီသခင်လွင်တို့က၀န်ကြီးချုပ်ဆန္ဒ ကို လိုက်လျောခဲ့သည်။
(၃၁.၅.၁၉၅၀)နေ့တွင် ခုံရုံးအဆုံး အဖြတ်ထွက်လာသောအခါ ၀န်ကြီးချုပ် ဦးနုက သတင်းစာတိုက်တွေကို ယင်း သတင်းမပေးဘဲ ထိန်ချန်ထားရန် တီယူစီဘီဥက္ကဋ္ဌသခင်လွင်ကို ဖိအားပေး သည်။ သခင်လွင် (ထိုစဉ်က သခင်လွင် သည် အလုပ်သမားဝန်ကြီး ဖြစ်သည်)က ၀န်ကြီးချုပ်ဦးနု ဖိအားပေးလာသည်ကို မလိုက်နာ။
ဆန့်ကျင်၍ သတင်းစာတိုက် တွေကို သတင်းထုတ်ပြန် လိုက်သည်။သခင်လွင်ကို ၀န်ကြီးချုပ်ဦးနုဒေါ သဖြစ်သော်လည်း အလုပ်သမားထုဘက် ကရှိနေသော သခင်လွင်ကို တစ်နည်း တစ်ဖုံနားချပြန်သည်။
“ ဘီအိုစီသည် ခုံရုံးဆုံးဖြတ်ချက်ကို မကျေနပ်လျှင် တရား လွှတ်တော်ချုပ်သို့ တက်လိမ့်မည်။
တရား လွှတ်တော်ချုပ်က ဘီအိုစီကိုအနိုင်ပေး လိုက်လျှင် အလုပ်သမားအများတစ်ပြား တစ်ချပ်မှမရဘဲ လုံးဝနစ်နာ
သွားမည်ယင်းကြောင့် ခုံရုံးက မည်သို့ပင်ဆုံးဖြတ် စေကာမူ ဘီအိုစီနှင့်တီယူစီဘီတို့ပြင်ပ တွင် စေ့စပ်ကြေအေးမှုရအောင် စီစဉ်ပေးလိုသည်” ဟု တီယူစီဘီသခင်လွင်တို့ကို နားချသည်။
သခင်လွင်တို့က ၀န်ကြီးချုပ် ဦးနု၏ အစီအစဉ်ကို ဒုတိယအကြိမ် မြောက် ဆန့်ကျင်သည်။ တီယူစီဘီ သခင်လွင် တို့ဘက်ကတင်ပြပုံသည်ဤသို့ ဖြစ်သည်။ ““ဘီအိုစီက တရားလွှတ်တော် ချုပ်ကိုတက်လိုပါက တက်ပါစေ။ တရား လွှတ်တော်ချုပ်မှာပင် တီယူဘီစီကဆက် လက် ဖြေရှင်းသွားမည်။
ဝန်ကြီးချုပ်ဦးနု ပြောသည့် တရားဥပဒေပြင်ပတွင်ဖြေရှင်း မည်ဆိုပါက အလုပ်သမားထုကို သစ္စာ ဖောက်ရာရောက် မည်။ ပြင်ပတွင်စေ့စပ် ကြေအေးမှုကိုလက်မခံနိုင်ဟုတင်းခံသည်။
ဝန်ကြီးချုပ်ဦးနုသည် သခင်လွင်၊ သခင် ချစ်မောင်(၀ိဓူရ)၊ သခင်လှကြွေ တို့ကို တော်တော်စိတ်ဆိုးသည်။ “ငါ့ဘက်ကလွဲ ချော်နေပါလား”ဟု ၀န်ကြီးချုပ်ဦးနုတွက် ဆမှုမရှိ။ ၀န်ကြီးချုပ်ကိုယ်တိုင်ကအစီအ စဉ်ချပေးသည်ကို လက်မခံလေခြင်းဟု မကျေမချမ်းနိုင်ဖြစ်ရသည်။
၁၉၅၀ခုနှစ်၊ မေဒေးနေ့တွင် သခင် လွင်က မိန့်ခွန်းပြောသည်။ အလုပ်သမား ထုကို သွေးထိုးပေးသောမိန့်ခွန်းဟုဆိုရှယ် လစ်ခေါင်းဆောင်များ ဖြစ်ကြသော ဦးဗ ဆွေနှင့်ဦးကျော်ငြိမ်းတို့က မခံမရပ်နိုင်ဖြစ် ကြသည်။ ၀န်ကြီးချုပ်ဦးနုကိုတိုင်ကြား သည်။ ၀န်ကြီးချုပ်က ဦးဗဆွေ၊ ဦးကျော် ငြိမ်းတို့ဘက်ကိုလိုက်သည်။
သူ့စကားကို နားမထောင်သော သခင်လွင်တို့အပေါ် တွင် အမျက်မပြေဖြစ်နေရာ သခင်လွင် တို့အုပ်စုသည် ကွန်မြူနစ်များ
ဖြစ်သည်။ အန္တရာယ်ရှိသည်ဟုပင် ၀န်ကြီးချုပ်ဦးနု ကနှပ်ကြောင်းပေးလိုက်လေသည်။
စင်စစ်ဆိုရှယ်လစ်ပါတီသည်မာ့စ်ဝါဒ ကို လက်ခံယုံကြည်သောပါတီဖြစ်သည် ဟု အထွေထွေအတွင်းရေးမှူးဦးဗဆွေက ၁၉၄၈ ခုနှစ်၊ မေဒေးနေ့(မေလတစ်ရက် နေ့)တွင် တရားဝင်ကြေညာခဲ့သည်။
ဆို ရှယ်လစ်ခေါင်းဆောင်ကြီး ကွယ်လွန်သူ အာဇာနည်ခေါင်းဆောင်ကြီးသခင်မြ ကိုယ်တိုင်ကလည်း ဆိုရှယ်လစ်ပါတီကို မာ့စ်ဝါဒဖြင့်တည်ဆောက်ရန်စီစဉ်ဆောင် ရွက်ခဲ့သည်။
စင်စစ်မာ့စ်ဝါဒဆိုသည်မှာ ကွန်မြူနစ်ဝါဒပင်ဖြစ်သည်။ ကွန်မြူနစ် ပါတီက ကွန်မြူနစ်ဝါဒအခြေခံပြီး ရပ် တည်လာသော အခါတွင်ဆိုရှယ်လစ်ပါတီ အနေနှင့် မာ့စ်ဝါဒကို ကွန်မြူနစ်ဝါဒဟု မဖော်ထုတ်ဘဲ ငြိမ်နေလိုက်ခြင်းဖြစ်သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးပမ်းချက်ဖြင့် ကွန်မြူနစ်ပါတီ နှင့် ပြည်သူ့ရဲဘော်ပါတီ ခေါ် ဆိုရှယ်လစ်ပါတီတို့ပေါင်း၍ လက်ဝဲညီညွတ်ရေး နိုင်ငံရေးအဖွဲ့အစည်းအဖြစ် တော်လှန်ရေးတပ်ဦးကိုထူထောင်ခဲ့သည်။
လွတ်လပ်ရေးနေ့မိန့်ခွန်းတွင်နိုင်ငံ တော်ဝန်ကြီးချုပ်သခင်နုက လက်ဝဲမူဖြင့် နိုင်ငံတော်ကို တည်ထောင်သွားမည် ဟု ကြေညာခဲ့သည်။
သို့ပါလျက်နှင့် ၁၉၅၀ ခုနှစ် ယခုအခါ(၂ နှစ်ကြော်ကြာသော အခါ)ဆိုရှယ်လစ်ပါတီကို ကွယ်လွန်သူ ဥက္ကဋ္ဌကြီး သခင်မြ ချမှတ်ပေးခဲ့သော မူဝါဒအတိုင်း ရိုသေစွာကျင့်သုံးလိုက်နာ ခဲ့ကြသည့် သခင်လွင်၊ သခင်ချစ်မောင် (၀ိဓူရ)၊ သခင်လှကြွေ တို့ကို ကွန်မြူနစ် တွေဟုစွပ်စွဲသည်မှာ အလွန်တရာရယ် စရာကောင်းလှပေသည်။
အခြေအနေပိုဆိုးလာသည်မှာ ၁၉၅၀၊ သြဂုတ်လ၊ လွှတ်တော်တွင်ကိုရီး ယားစစ်ပွဲမှာမြောက်ကိုရီးယားကျူးကျော် ခြင်းမ ဟုတ်။
အမေရိကန်နောက်လိုက် တောင်ကိုရီးယားကျူးကျော်သည်ဟု သခင်လွင်၊ သခင်ချစ်မောင်၊ သခင်လှကြွေ တို့က ဖ.ဆ.ပ.လ အစိုးရနှင့်ဆန့်ကျင်တင် ပြလာသည်။
ဦးဗဆွေ၊ ဦးကျော်ငြိမ်း တို့က သခင်လွင်တို့အုပ်စုကို ဖ.ဆ.ပ.လထဲက ထုတ်ပစ်ရန် အစီအစဉ်လုပ်ထားသည်ကို ၀န်ကြီးချုပ် သခင်နုကခေါင်းညိတ်လိုက် သည်။ သခင်နုသည် ဖ.ဆ.ပ.လမှာကော အစိုးရအဖွဲ့မှာပါသက်ကြီးပုဂိ္ဂုလ်လူရိုသေ ရှင်ရို
သေပုဂ်္ဂိုလ်ဖြစ်သည်။
ယင်းသို့သော ပုဂိ္ဂုလ်က စဉ်းစားချင့်ချိန် ဉဏ်အမြော် အမြင်မသုံးဘဲ ဤကဲ့သို့ ဆုံးဖြတ်လိုက် ခြင်းကို ဆင်ခြင်သုံးသပ် ရန် ပြောလာသူတစ်ဦးရှိသည်။
ယင်းပုဂိ္ဂုလ်သည် ၀န်ကြီး မြန်မာ့အလင်းဦးတင် ဖြစ်သည်။
မြန်မာ့အလင်းဦးတင်သည်အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းကိုလည်းကောင်း၊ ၀န်ကြီးချုပ်ဦးနု ကို လည်းကောင်း မိမိတတ်နိုင်သည့်ဘက် က အစွမ်းကုန်ဆောင်ရွက်ပေးခဲ့သူဖြစ် ကာ ဦးနု ကျောက်ချပြီး “စာ”ရေးသား ရန် မြန်မာ့အလင်းသတင်းစာတိုက်ကို ဦးနု၏ ဘော်ဒါဆောင်အဖြစ်အသုံးပြုခွင့်ပေးခဲ့ သည်။
ထိုမျှမက ဦးနုနှင့် ဗိုလ်ချုပ်အောင် ဆန်းတို့ တွေ့ဆုံပေးရေး၊ နောက်ဆုံးပြိုင် ဘက်မရှိ လွတ်တော်အမတ်အဖြစ် ဦးနု ရောက်ရှိသည်ထိ တတ်နိုင်သည့်ဘက်က ဆောင်ရွက်ပေးခဲ့သူဖြစ်၏။
““၀န်ကြီးချုပ် ချင့်ချင့်ချိန်ချိန်ဆောင် ရွက်ပါ။ ဦးဗဆွေ၊ ဦးကျော်ငြိမ်း တို့၏ စကားကို တစ်ဖက်သတ်လက်ခံမည့်အ စားသခင်လွင်တို့နှင့်နှစ်ဖက်ညှိနှိုင်းဆောင် ရွက်ပါ။ အလုပ်သမားအစည်းအရုံးအား လုံးသည် ယခုအချိန်တွင် သခင်လွင်၊ သခင်လှကြွေတို့ဘက်မှာရှိသည်။ပြန်လည် သုံးသပ်ပါ””ဟု မြန်မာ့အလင်းဦးတင် က ဖြောင်းဖြသည်။
ဦးနုပြောပုံသည် သံဝေဂ ရစရာ ကောင်းသည်။ ““ယခု ဆိုရှယ်လစ်ပါတီ က အစိုးရအဖွဲ့မှာ ပြိုင်ဘက်မရှိအား ကောင်းနေ
ပြီ။ ဦးဗဆွေ၊ဦးကျော်ငြိမ်း၊ ဆိုရှယ်လစ်တွေကိုဆန့်ကျင်လျှင် မိမိကို ပါ အငြိုးအတေး၊ အမုန်းထားကြတော့ မည်”ဟူ၍ပင်။
အမှန်ကိုသိပါလျက်နှင့်ဦးကျော်ငြိမ်း တို့ဆန္ဒနောက်သို့လိုက်ခဲ့သည့်အတွက် သခင်လွင်၊ သခင်ချစ်မောင်(၀ိဓူရ)၊ သခင် လှကြွေတို့တစ်အုပ်စုလုံးကိုဖ.ဆ.ပ.လ ကော၊ ဆိုရှယ်လစ်ပါတီကပါ ထုတ်ပစ် လိုက်သည်။
ယင်းမှာ သခင်လွင်တို့၏ ဆို ရှယ်နီခေါ် ဗမာပြည်အလုပ်သမား၊ လယ်သမားပါတီပေါ်လာသည်။ နောက် (၆)နှစ်အကြာ ၁၉၅၆ခုတွင် ပမညတ အမတ်လေးဆယ်ကျော်သည် ဖဆပလ အစိုးရကို လွှတ်တော်ထဲ၌ စိန်ခေါ်လာ ကြသည်။ ယင်းနောက်ဖဆပလဥက္ကဋ္ဌကြီး ဦးနုက “သူ့လည်ပင်းတွင် ဖ.ဆ.ပ.လ ထဲက ခွေးသေကောင်ပုပ်ကြီး စွပ်မိနေပြီ” ဟု သံဝေဂရဖွယ် ၁၉၅၆ တွင်ပြောခဲ့ သည်။
ဝန်ကြီးချုပ်ဦးနုကိုယ်တိုင်လွတ်လပ် ရေးရပြီးဆယ်နှစ်အကြာ ၁၉၅၈ တွင်ဦးဗဆွေ၊ ဦးကျော်ငြိမ်း (ဆွေငြိမ်းအုပ်စု) နှင့် လမ်းခွဲခဲ့ရသည်။
တွေးတိုင်းကျွန်တော်လက်အုပ်ချီ ဦးချခဲ့သော ဆရာကြီး ဦးနုသာယခုရှိနေလျှင် “ဆရာဟာ ၁၉၅၀ ကတည်း က ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့် လမ်းခွဲခဲ့လျှင် ဆရာသည် တစ်ဦးတည်းသော အမျိုး သားခေါင်းဆောင်ကြီး ဖြစ်နေပေလိမ့်မည်” ဟု ပြောပြလိုက်ချင်ပါသည်။ ယခု ဆရာမရှိတော့ပါ။
မြန်မာ့အလင်းအောင်သန်း
Copy from http://www.hotnewsweekly.com