Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းနှင့်
ဂျပန်နိုင်ငံသားတို့ နှစ်ဦး
အပြန်အလှန်တရားစွဲဆိုထားသည့် အမှုကို တရားရုံးမှ
ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စတင်စစ်ဆေးမည်
ဂျပန်နိုင်ငံသားတို့ နှစ်ဦး
အပြန်အလှန်တရားစွဲဆိုထားသည့် အမှုကို တရားရုံးမှ
ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စတင်စစ်ဆေးမည်
Thursday, 23 February 2012
Orchid Hotel မှ မြန်မာအမျိုးသမီး ၀န်ထမ်းတစ်ဦးနှင့် ဂျပန်နိုင်ငံသားတို့ နှစ်ဦးအပြန်အလှန် အမှုဖွင့်ပြီး တရားစွဲဆိုထားသည့် ဖြစ်စဉ်ကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ တွင် ပုဇွန်တောင်တရားရုံးမှ စတင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ပုဇွန်တောင်တရားရုံးမှ အဆိုပါဖြစ်စဉ်မှ တရားခံ၊ တရားလိုများ ကို တရားရုံးသို့ ဖေဖော်ဝါရီလ ၂၂ ရက်က ခေါ်ယူခဲ့ပြီး၊ နှစ်ဘက်မှ အကျိုးဆောင်မည့်ရှေ့နေ့များက ကိုယ်စားလှယ်အဖြစ် လိုက်ပါဆောင်ရွက် ရန် တရားရုံးသို့ လျှောက်ထားခဲ့ခြင်း၊ စကားပြန်များထားရှိရန်နှင့် ပတ်သက်သည့် အကြောင်းအရင်းများ ကြောင့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့၌ စတင် စစ်ဆေးရန် ချိန်းဆိုခဲ့ကြောင်း ပုဇွန်တောင်တရားရုံးနှင့် ရှေ့နေ့ထံမှ သိရှိရသည်။
ပုဇွန်တောင်မြို့နယ် တရားရုံး မှ ဖေဖောဝါရီလ ၂၂ ရက်နေ့တွင် နှစ်ဘက်တရားခံ၊ တရားလိုများကို နံနက် ၁၀ နာရီအချိန် ချိန်းဆိုခဲ့သော်လည်း မြန်မာအမျိုးသမီးဖြစ်သူ Orchid Hotel မှဒေါ်......(၂၄)နှစ်မှ တရားရုံးသို့ ယင်းနေ့နံနက် ၁၀ နာရီ အချိန်တွင် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ အလားတူ ဂျပန်နိုင်ငံသား ........(၅၇) နှစ်ဖြစ်သူမှာ တရားရုံးသို့ နံနက် ၁၁ နာရီအချိန်တွင် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
မြန်မာ အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်.......(၂၄)နှစ်မှ ဂျပန်နိုင်ငံသား .......(၅၇)နှစ်ကို အမှုဖွင့်ပြီး၊ တရားစွဲဆိုရခြင်း၏ အကြောင်းအရင်းမှာ အဆိုပါ ဂျပန်နိုင်ငံသားက ဟိုတယ်သို့ ပြင်ပမှ မိန်းကလေးငယ်တစ်ဦးကို ခေါ်ဆောင်လာသည့် အတွက် ဟိုတယ် စည်းကမ်းအရ စစ်ဆေးမေးမြန်းခြင်း ပြုလုပ်ရာမှ၊ဂျပန်နိုင်ငံသား....... မှ မကျေနပ်၍ ဒေါ်........အား ပါးရိုက်သည့်အတွက် ဒေါ်......မှ ဂျပန်နိုင်ငံ သား.......အပေါ် အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဂျပန်နိုင်ငံသားဘက်မှ ဟိုတယ်သို့ ပြန်လာစဉ်ဧည့်ကြို ကောင်တာတွင် အပ်ထားသော အခန်းသော့အား တောင်းရာမပေးသည့်အပြင်၊ ဟိုတယ်အပြင်သို့ အတင်းမောင်းထုတ်သည့် အကြောင်းရင်းများဖြစ် အမှုဖွင့်ပြီး တိုင်ကြားထားခြင်း ဖြစ်ကြောင်း တိုင်ကြားချက်မှ သိရှိရသည်။
ဒေါ်.......(၂၄)နှစ်မှ ဂျပန်နိုင်ငံသားအပေါ် အရေးယူပေးရန် တရားလိုပြုတိုင်တန်းမှုအား ပုဇွန်တောင် ရဲစခန်း (ပ)၁၈/၁၂၊ ပုဒ်မ- ၃၂၃/ ၃၅၄ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။ ဂျပန်နိုင်ငံသား..... (၅၇) နှစ်မှဒေါ်.....(၂၄)နှစ်နှင့် အပေါင်း အပါများအပေါ် အရေးယူပေးရန် တရားလိုပြု တိုင်တန်းမှုအား ပုဇွန်တောင် ရဲစခန်း(ပ)၂၃/ ၂၀၁၂၊ ပုဒ်မ ၃၄၁/ ၅၀၆ ဖြင့် ဖေဖော်ဝါရီလ ၁ ရက် နေ့၌ အမှုဖွင့်ထားကြောင်း သိရသည်။
Copy from http://www.news-eleven.com
[quote name="Zawtika"]
xxxxx နိုင်ငံခြားသားနဲ့ မြန်မာပြည့်တန်ဆာ ဆိုတော့ နိုင်ငံရဲ့ ဂုဏ်ကို အဖတ်ဆည်ဖို့ xxxxx
ဒေါ်မြတ်မင်းလွင်ပြောတာ မှန်ပါတယ်။ စည်းကမ်းကိုလိုက်နာ သင့်ပါတယ်။
စည်းကမ်းကိုလိုက်နာတာကို အပြစ်ပြောတာ မဟုတ်ရပါ။
ဒါပေမဲ့ စည်းကမ်း ဆိုတိုင်း ကျားကျားမီးယပ် မလုပ်သင့်ပါ။
ခုကိစ္စအတွက် Primary Approach မှာ ဧည့်သည်ကို ဟော်တယ် က ခွင့် မပြုတဲ့ ၀န်ဆောင်မှုအကြောင်း ရှင်းပြရပါမယ်။
ပြောလို့ ဆိုလို့ ပုံမကြရင် လွှတ်ပေးလိုက်ပီး မန်နေဂျာ၊ အေးချမ်းဖြိုး၊ ရဲစခန်း ကြိုက်ရာသင့်ရာတစ်ခုခု ဖုန်းခေါ်သင့်ပါတယ်။
အဲဒါ Hotel Protocol ပါဘဲ ။
ဧည့်သည် က နွားသိုးကြိုးပြတ်ဖြစ်နေတာကို အကြောက်အကန် သွားပီး ရွှေပေလွှာ ဖတ်ပြနေရင်တော့ ......
ခုလိုပဲ ဂျို နဲ့ အခွေ့ ခံရမှာပါ။ နွားသိုးကြိုးပြတ်ပါ ဆိုနေမှ…
အဲဒါ ဥပဒေကို ခိုင်မာအောင်လုပ်ဖို့ ကြိုးစားနေချိန်မှာရှိသင့်တဲ့ လိမ်မာပါးနပ်မှုပါဘဲ။
စင်ကာပူက ဟော်တယ်တွေမှာ ဒီလိုပြဿနာမျိုးဖြစ်တာ၊ ဒီလိုပြဿနာမျိုး နဲ့ ဟော်တယ်မန်နေဂျာတွေ ထောင်ကျတဲ့
အထိရှိဘူးတာ မှန်ပေမဲ့ Hotel 81 လို အောက်တန်းစားတည်းခိုခန်းတွေနဲ့ အဲဒီ တည်းခိုခန်းတွေက ဒေါက်မကျိုးတဲ့ ဂျိုကျိုးနားရွက်ပဲ့ မန်နေဂျာတွေပါ။
အပျော်မယ် လက်ခံလို့ ထောင်ချကြေး အရေးယူကြေးဆိုလျှင် ထောင်ကျခံချင်သူတွေ နိုင်င်္ငရေးမလုပ်ပါနဲ့
ဟော်တယ်မန်နေဂျာ သာလုပ်ပါ ထောင် မပျက်မကွက် ကျကို ကျရ ပါစေ့မယ်လို့ အာမခံ ရတော့မှာပါဘဲ။
နိုင်ငံခြားသား-မြန်မာအပျော်မယ်နဲ့ နိုင်ငံတော်ဂုဏ်သိက္ခာ ဆိုတာတွေ ပြောရင်ဖြင့် နတ်ရွာလား သွားရှာပြီဖြစ်တဲ့
ဘ၀ရှင် မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင်ပင်လျှင် ရွှေမျက်ခုံးတော် ခပ်လှုပ်လှုပ်ဖြစ်နေမှာမို့ မပြောဝံ့ကြောင်းပါ။






