ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် တိုင်းရင်းသားအဖွဲ့များ
အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေး
အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေး
Sunday, 05 February 2012
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana နှင့် တိုင်းရင်းသားအဖွဲ့များသည် ဖေဖော်ဝါရီ လ ၃ရက်နေ့ ညနေပိုင်းက ရန်ကုန် မြို့ရှိ UNDP ရုံး၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာ၌ တိုင်းရင်းသားဒေသများ၌ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်ထွန်းရေး၊ အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှုများနှင့် စပ်လျဉ်းသော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
“အဓိက ကတော့ဗျာ၊ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ သူသိချင်တာတွေ ရှိတယ်။ အဲတာတွေကို မေးပါတယ်။ ကျွန်တော်တို့က ဒါတွေကိုပဲ ပြောပြလိုက်ပါတယ်။ သူကတော့ တိုင်းရင်းသားတွေဘက်က ပြောတာကို နားထောင်ချင်တဲ့ သဘောပါပဲ”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားခဲ့သည်။
မစ္စတာ Quintana နှင့် တိုင်း ရင်းသားအဖွဲ့များ တွေ့ဆုံမှုတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုးသား ကွန်ဂရက်မှ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မှ ဦးအေးသာအောင်တို့ အပါအ၀င် ကချင်၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်း အစရှိသော တိုင်းရင်းသား အဖွဲ့များ ပါဝင်ခဲ့သည်ဟု သိရှိရသည
Copy from http://www.news-eleven.com
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဦးခွန်ထွန်းဦးနှင့် ဘီဘီစီမြန်မာပိုင်းဌာန ဆက်သွယ်မေးမြန်းထားချက်
January 4th 2012 Saturday evening
Source NEWS Audio from http://www.bbcburmese.com