အင်တာနက် မျက်မှန်များ Google တို့ ရောင်းချ တော့မည်
24 Feb, 2012
အနာဂတ် ကာလများတွင် အသုံးပြု နိုင်မည့် နည်းပညာများ ဆီသို့ တက်လှမ်းသည့် ဦးတည့်ချက် တစ်ရပ် အဖြစ် Google ကုမ္ပဏီမှာ အထူးပြုလုပ် ထားသည့် မျက်မှန် တစ်မျိုးကို ယခုနှစ် အတွင်း စတင် ရောင်းချ တော့မည် ဖြစ်ကြောင်း ကုမ္ပဏီ ဝန်ထမ်း တစ်ဦးမှ ပြောကြား လိုက်ပြီ ဖြစ်သည်။ အဆိုပါ မျက်မှန်များတွင် သေးငယ်သည့် မျက်နှာပြင် တစ်ခု ပါဝင်မည် ဖြစ်ပြီး ကမ္ဘာကြီးအား အချိန်နှင့် တပြေးညီ စောင့်ကြည့် နိုင်မည့် အပြင် ဒေသဆိုင်ရာ သတင်း အချက်အလက်များ ၊ အနားရှိ အဆာက်အအုံ များနှင့် အနားတွင် ရှိနိုင်သည့် သူငယ်ချင်း များကို ရှာဖွေ နိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယင်းမျက်မှန်များတွင် 3G သို့မဟုတ် 4G အဆင့် သတင်း အချက်အလက်များ ကြည့်ရှု့ ပေးပို့နိုင်မည့် ဆက်သွယ်မှုများ ပါရှိမည် ဖြစ်သည်။ အဆိုပါ မျက်မှန်များ အတွက် ဈေးနှုန်းများမှာ အံ့သြစရာ ကောင်းလောက် အောင်ပင် ဈေးသက်သာပြီး ဒေါ်လာ ၂၅၀ မှ ၆၅၀ အကြားဖြင့် ရောင်းချ သွားနိုင်ကြောင်းလည်း သိရသည်။ ယခုလို မျက်မှန်များနှင့် ပတ်သက်ပြီး စမ်းသပ် ကာလ ရှိဦးမည် ဖြစ်ကာ အကယ်၍ စားသုံးသူများ ကြိုက်နှစ်သက် ပါက ယင်းဈေးထက်ပင် သက်သာသည့် နှုန်းဖြင့် ဖြန့်ချိနိုင်ရန် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
source : The New York Times
Copy from http://www.mrtv4.net.mm





