• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, March 11, 2012

ထမင်းစားပြီးပြီးချင်း မလုပ်သင့်တဲ့ကိစ္စများ

ထမင်းစားပြီးပြီးချင်း မလုပ်သင့်တဲ့ကိစ္စများ ဆိုတဲ့အထဲမှာ ထမင်းစားပြီးပြီးချင်း ချက်ချင်းလမ်းမြန်မြန်မလျှောက်
နဲ့တဲ့ ပုံမှန်အစာခြေမှုကို နှေးကွေးစေတယ်တဲ့။

အစာခြေမှုကိုနှေးကွေးစေတယ်ဆိုတော့ ကျုပ်တို့ရွာမှာနေခဲ့တုန်းက ဗမာစစ်အစိုးရတပ်က ရွာထဲဝင်လာပြီဆိုတဲ့
အော်သံကြားလိုက်တာနဲ့ ထမင်းစားရင်းတန်းလန်း ရေချိုးရင်းတန်းလန်း ထယ်ထွန်ရင်းတန်းလန်း အိမ်ခေါင်မိုး
ရင်းတန်းလန်း အရက်သောက်ရင်းတန်းလန်း အီအီးပါရင်းတန်းလန်း တရားနာရင်းတန်းလန်း အဲဒီလိုတန်းလန်း
တန်းလန်းနဲ့ ပြေးခဲ့ရလို့လား မသိဘူး ဘာပဲလုပ်လုပ် တန်းလန်းတန်းလန်းဖြစ်နေတယ်။

အခုလို နိုင်ငံကြီးတနိုင်ငံကို ရောက်လာတာတောင် ဖြောင့်ဖြောင့်တန်းတန်းကို မဖြစ်တော့ဘူး အားလုံးတန်းလန်း
တန်းလန်းနဲ့။

တော်တော်ဆိုးတဲ့ ဗမာစစ်အစိုးရတပ်က လူလွန်မ,သားတွေ။

ထမင်းစားပြီးပြီးချင်း မလုပ်သင့်တဲ့ကိစ္စများ

ထမင်းစားပြီးပြီးချင်း

၁။ ချက်ချင်း အိပ်ဖို့ မကြိုးစားနဲ့။
ထမင်းစားပြီးပြီးချင်း ချက်ချင်းအိပ်ရင် အဝလွန်တတ်တယ်။

၂။ ချက်ချင်း လမ်းမြန်မြန်မလျှောက်ပါနဲ့။
ထမင်းစားပြီးပြီးချင်း ချက်ချင်းလမ်းလျှောက်ရင် ပုံမှန် အစာချေမှုကို နှေးကွေးစေတတ်တယ်။

၃။ ချက်ချင်းလည်း ကားမမောင်းနဲ့ဦး။
ထမင်းစားပြီးတော့ ဦးဏှောက်ထဲမှာ သွေးလည်ပတ်မှု မဖူလုံသေးတာမို့ ချက်ချင်းကားမောင်းရင် မတော်တဆ မှု ဖြစ်စေတတ်တယ်။

၎။ ချက်ချင်း ရေမချိုးနဲ့။
ထမင်းစားပြီး ချက်ချင်း ရေချိုးရင် ကိုယ်ခန္ဓာ အပေါ်ယံမှာ သွေးလည်ပတ်မှု ပိုသွက်လက်စေမှာ ဖြစ်ပြီး အစာအိမ်နဲ့
အူထဲမှာ ပုံမှန် သွေးလည်ပတ်မှုကို ထိခိုက်တတ်တယ်။

၅။ ချက်ချင်းလည်း သစ်သီးတွေ မစားပါနဲ့။
ထမင်းစားပြီး ချက်ချင်း သစ်သီးစားရင် အစားအစာတွေ အစာအိမ်ထဲမှာ သောင်တင်မယ့်အချိန် ပိုရှည်တယ်။

၆။ ချက်ချင်း ရေနွေးကြမ်း မသောက်မိစေနဲ့ဦး။
ထမင်းစားပြီးပြီးချင်း ချက်ချင်း ရေနွေးကြမ်း သောက်ရင် အစာအိမ်ထဲမှာရှိတဲ့ရေ ကျဲသွားလို့ အာဟာရဓါတ် စုပ်
ယူတာကို ထိခိုက်လိမ့်မယ်။

၇။ ချက်ချင်း ခါးပတ်တွေဘာတွေ မလျှော့လိုက်နဲ့နော်။
ဒီလိုဆိုရင် ဝမ်းဗိုက်အတွင်းက လေဟာနယ်မှာ ဖိအား တိုးလာစေနိုင်မယ်။

Copy from http://myanmar.cri.cn