8 Mar, 2012
မတ်လ (၇)ရက်နေ့ နံနက် (၄)နာရီအချိန်ခန့်က ကသာမြို့ (၁)ရက်ကွက်၊ ရတနာလမ်းရှိ ကသာမြို့ စည်ပင်သာယာ မြို့မဈေးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုမှာ ဈေးအတွင်းရှိ ဆိုင်ခန်းအမှတ် (၄)မှာ ထွန်းထားတဲ့ (၂)ပေမီးချောင်း ချုပ်အပူလွန်ကဲရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် ဈေးရှိဆိုင်ခန်း (၃၄၇)ခန်း လူနေအိမ် (၁၃)လုံးနှင့် ဘာသာရေး အဆောက်အဦ (၂)ခုတို့ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး နံနက် (၇)နာရီဝန်းကျင်ခန့်မှာ မီးထိန်းနိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရပါတယ်။
ယခု (၃)နှစ် ၀န်းကျင်အတွင်း ဈေးကြီးဖြစ်တဲ့ မန္တလေးမြို့ ရတနာပုံဈေး၊ မင်္ဂလာဈေး၊ သင်္ဃန်းကျွန်းဈေး၊ သံတွဲဈေးတို့ မီးလောင်မှုဖြစ်ပွား ခဲ့ပြီး ဈေးမီးလောင်မှုတွေဟာ အခြား လူနေအဆောက်အဦ မီးလောင်မှုထက် ဆုံးရှုံးမှုတန်ဖိုး များပြားကြောင်း သိရပါတယ်။ ဒါ့ကြောင့် ယခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ဈေးမီးလောင်ကျွမ်းမှု လျော့နည်းစေဖို့အတွက် မီးသတ် ဦးစီးဌာနမှ သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရပါတယ်။
အဲ့ဒီ သတိပေးချက်တွေကတော့ ဈေးအတွင်း လျှပ်စစ်ကြိုးသွယ်တန်းမှုကို စနစ်တကျ ဆောင်ရွက်ရန် ဓာတ်အားလိုင်းကို ပါဝါလိုင်းနဲ့ အလင်းရောင်လိုင်း (၂)လိုင်းခွဲထားပြီး ဈေးပိတ်ချိန်မှာ ပါဝါလိုင်းကို လုံးဝပိတ်ထားပြီး အရေးပေါ်လုံခြုံရေးမီးသာ ထွန်းထားရန် သင့်တော်ေ သာ မီးသတ်ဆေးဗူးများ ထားရှိရန်၊ ရေလုံလောက်စွာ ရရှိရေးအတွက် ဂါလံ(ငါးထောင်)ဆံ့ အုတ်ရေသိုလှောင်ကန် ထားရှိပြီး အပေါ့စား မီးသတ်စက်ထားရှိရန် ဈေးမပိတ်ခင်လျှပ်စစ်မီး မီးဖိုမီးငြိမ်းသတ်ရန် ကြိုတင်သတိပေးရန် မီးကင်းအစောင့်ထားရှိရန် အစရှိသဖြင့် လမ်းညွှန်ထားကြောင်း သတင်းရရှိပါတယ်။
March 7, 2012 Wednesday Evening