
ခွေးရူး(သို့မဟုတ်) ဗမာအစိုးရ
(မင်းစိုးစံ)
ခွေးကလူကို ကိုက်တယ်ဆိုလျင်
ခွေးကိုလူက ရိုက်သတ်ရတယ်။
ရိုက်သူလည်းခွေး ခွေးလည်းခွေးလို့
အတွေးတွေချော် ခွေးနဲ့ပျော်လျင်
မသူတော်ချင်း သတင်းလွေ့လွေ့
ပေါင်းဖက်တွေ့ငြား ပေါင်းသူခွေးဆော်
နံလိမ့်မည်။
ရိုးရိုးခွေးလား ခွေးဝဲစားလား
ခွေးလေခွေးလွင့် ခွေးကျင့်ခွေးကြံ
တိရိစ္ဆာန်ခွေး ခွေးချေးဆန်မပါ
ဗမာအစိုးရ ဖ ဆ ပ လ
မ ဆ လ နဲ့ န ၀ တ လား
န အ ဖ တဲ့ ခွေးတပ်စုဟာ
လူထုကိုကိုက် သံဃာကိုဆွဲ
လူထဲမ၀င်ဆန့် အမြီးနှံ့မြူး
ဒီခွေးရူးကို တွေ့ရာဿုဿန်
တကောင်မျှမချန်နဲ့။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တစ်ဦး)
အင်္ဂါ, 13 မတ် 2012
ဦးမန်းငြိမ်းမောင်ကို ထောင်ဒဏ်တသက်ချမှတ်
ကရင့်အမျိုးသားအစည်းအရုံးရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးမန်းငြိမ်းမောင်ကို အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် တသက်တကျွန်း ချလိုက်ပါတယ်။
သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/-03-13-12-mahn-nyein-maung--sentence---142469535.html
ဖဒို မန်းငြိမ်းမောင်ကို တစ်သက်တစ်ကျွန်း စီရင်ချက်ချ
2012-03-13နိုင်ငံတော်ပုန်ကန်မှု၊ မတရားသင်း ဆက်သွယ်မှုတွေနဲ့ စွဲချက်တင်ခံထားရတဲ့ KNU ဗဟိုကော်မတီဝင် ဖဒို မန်းငြိမ်းမောင်ကို အင်းစိန်ထောင် အထူးတရားရုံးက ဒီကနေ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း စီရင်ချက်ချလိုက်ပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.