ဓါတ်ပုံကို မိုးမခ မှရယူသည်
ရန်ကုန်နှင့် မန္တလေးတို့တွင် ဖယောင်းတိုင်ဈေး
ထိုးတက်
ရန်ကုန်မြို့ရှိ သူဌေးသူကြွယ်တစ်ဦး၏ သမီးဖြစ်သူအတွက် မွေးနေ့မင်္ဂလာပွဲ ကျင်းပရန် ကိတ်မုန့်ပေါ်တွင် ထွန်းညှိမည့် ဖယောင်းတိုင်များကို ရှာဝယ်၍မရသဖြင့် အဆိုပါမွေးနေ့ပွဲကို ဖျက်သိမ်းလိုက်ရကြောင်း အတည်မပြုနိုင်သည့် အမည်မဖေါ်လိုသူ သတင်းရပ်ကွက်မှသိရှိရသည်။
ရန်ကုန်မြို့နေ ပြည်သူလူထုနှင့် မန္တလေးမြို့နေ ပြည်သူလူထုတို့သည် လျှပ်စစ်မီးပုံမှန်မရသဖြင့် မြို့တော် အင်္ဂါရပ်နှင့်ညီညွတ်စေရန် ဖယောင်းတိုင်မီးများထွန်းညှိပြီး လှည့်လည်သောကြောင့်ဤကယ့်သို့ ဖယောင်း
တိုင်များ ၀ယ်ယူ၍မရလောက်အောင် ဖြစ်သွားခြင်းဖြစ်မည်ဟု စီးပွါးရေးသတင်းရပ်ကွက်မှခန့်မှန်းတွက်ချက်
နေကြောင်း သိရှိရသည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်၍ မည်သူတဦးတယောက်မျှအတည်ပြုပြောဆိုခြင်းတစုံတရာ မရှိသော်လည်း မွေးနေ့
ပွဲဖျက်သိမ်းလိုက်ရသည့် ၎င်းသူကြွယ်၏ သမီးဖြစ်သူသည် အလွန်တရာစိတ်ဆိုးဒေါပွကာ သူမ၏ မွေးနေ့ပွဲအား စီးလုံးငှားလေယာဉ်ဖြင့် အမည်မဖေါ်လိုသော နိုင်ငံတနိုင်ငံသို့ သွားရောက်ကျင်းပခဲ့ကြောင်း အတည်မပြုနိုင်သော သတင်းများမှသိရှိရသည်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)