• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, May 27, 2012

(၁၅)ကြိမ်မြောက် ပိုင်ကျုံမြို့ ကရင်စာပေနှင့်ယဉ်ကျေးမှု သင်တန်းဆင်းပွဲ

အခန်းအနားသို့ တက်ရောက်လာကြသူအချို့ကို တွေ့ရစဉ်

(၁၅)ကြိမ်မြောက် ပိုင်ကျုံမြို့

ကရင်စာပေနှင့်ယဉ်ကျေးမှု သင်တန်းဆင်းပွဲ

 By ပညာဒီပ

ကရင်ပြည်နယ် ပိုင်ကျုံမြို့ အထက်ပိုင်ကျုံကျေးရွာတွင်(11.4.2012) နေ့ကကျင်းပခဲ့သည့် ကရင်စာပေနှင့်ယဉ်
ကျေးမှုသင်တန်းဆင်းပွဲ နှင့် ဆုပေးပွဲအခမ်းအနားသို့ ပိုင်ကျုံမြို့ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ တာဝန်
ရှိသူများနှင့် ရပ်မိရပ်ဖများ၊ဆရာဆရာမများ၊ သင်တန်းသူသင်တန်းသားများ စုစုပေါင်းပရိဿတ်လေးရာခန့် တက်
ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

(12.03.2012.) မှ(11.4.2012.အထိတစ်လကြာမြင့်သည့် နွေရာသီ ကရင်စာပေနှင့်ယဉ်ကျေးမှု သင်တန်း ဆင်းပွဲသည် ပိုင်ကျုံမြို့ မှ ဆရာ၊ဆရာမပေါင်း၁၅ဦးနှင့် သင်တန်းသူ၊သင်တန်း သားပေါင်း၂၀၀ ကျော်ရှိကြောင်း သင်တန်းဖြစ်မြောက်ရေးကော်မတီ ဆရာမ နာန်ယှူးအဲဃှီ့က ပြောပါသည်။

သင်တန်းတွင်လိက်ခင်းထါ်(သင်ပုံးကြီး)မှ (လိက်လီၟဆင့်) ၄တန်းအထိသင်ကြားပေးခဲ့သလို ယဉ်ကျေးမှု
ပိုင်းဆိုင်ရာသင်ကြားမှုအပိုင်းမှာလည်းပဲ ဒုံးအက ကဗျာ ဆောင်းပါး စာစီစာကုံး တေးသရုပ်ဖေါ်အပါအ၀င် ယဉ်ကျေးမှုပြိုင်ပွဲများ ပြုလုပ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

ယခင်ကလှိုင်းဘွဲမြို့နယ်လုံးဆိုင်ရာ ကရင်စာပေနှင့်ယာဉ်ကျေးမှုသင်တန်းဆင်းပွဲနှင့်ဆုပေးပွဲကို မြို့နယ်တစ်ခုလုံး
စုပေါင်းကျင်းပပြုလုပ်ခဲ့သော်လည်း ယခုမူအခြေအနေအရပ်ရပ်ကြောင့် ပိုင်ကျုံမြို့နယ်အတွင်းမှာရှိတဲ့ ရွာတွေက မိမိတို့ရဲ့ကျေးရွာအတွင်းမှာသာ တစ်ပိုင်တစ်နိုင် ပြုလုပ်နေကြရတာဖြစ်ကြောင်း ပိုင်ကျုံမြို့ ကရင်စာပေနှင့်ယဉ်
ကျေးမှုဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ မာန်စ၀်မောင်နေထွန်းက ပြောကြားခဲ့ပါသည်။

အခန်းအနားတွင် သင်တန်းသူတဦး ဆုတက်ရောက်ယူနေစဉ် 

မျိုးဆက်သစ်များ မိမိစာပေကို စိတ်ပါဝင်စားစွာ ဖြေဆိုနေကြစဉ် 

မျိုးဆက်သစ်များ မိမိစာပေကို စိတ်ပါဝင်စားစွာ ဖြေဆိုနေကြစဉ် 

မျိုးဆက်သစ်များ မိမိစာပေကို စိတ်ပါဝင်စားစွာ ဖြေဆိုနေကြစဉ် 

(ပညာဒီပ)