• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, May 4, 2012

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်ကို ဂျပန်အရာရှိ ရှင်း

 ဒုက္ခသည်စခန်းတခုကို ဓါတ်ပုံရိုက်နေတဲ့ ဂျပန်တဦး

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်ကို 

ဂျပန်အရာရှိ ရှင်း 

May 4, 2012 Friday Evening
 By NHK Radio Japan Burmese Service

အသက်ကန့်သတ်မှု ရှိမရှိကိစ္စမျိုးတွေနဲ့ ဒီမိုကရေစီပြု ပြင်ပြောင်းလွဲမှုတွေရှိလာနေတဲ့အတွက် ဂျပန်မှာ နေထိုင်ပြီးတဲ့နောက် မြန်မာနိုင်ငံကိုပြန်လို့ ရမလား။

ကိုယ့်နိုင်ငံက ပဋိပက္ခ ဒါမှမဟုတ်ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးခဲ့ရသူတွေကို တတိယနိုင်ငံတခုမှာ အခြေချနေ ထိုင်ဘို့ အကူအညီပေးတဲ့ အစီအစဉ်သာဖြစ်။ 

ဂျပန်ကို မြန်မာဒုက္ခသည်တွေပိုပြီးလာအောင် အားပေးဘို့ရည်ရွယ်ပြီး ဂျပန်အစိုးရဟာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ဒုက္ခသည်စခန်းတခုမှာ ကြာသာပတေးနေ့က ရှင်းလင်းပွဲတရပ်ကိုကျင်းပခဲ့ပါတယ်။

 မြန်မာဒုက္ခသည်ပေါင်း ၂၆၀၀၀(နှစ်သောင်းခြောက်ထောင်)လောက်နေထိုင်နေကြတဲ့ Umpheim camp အုမ့်ဖျန်းဒုက္ခသည်စခန်း ကမိသားစု ၁၅စုက လူလေးဆယ်(၄၀)ဦးတို့ကို ဂျပန်အရာရှိတွေက ဂျပန်ဘက်က
လက္ခံမယ့်ကိစ္စနဲ့ပတ်သက်တဲ့ အသေးစိပ်ကျတဲ့ သတင်းအချက်အလက်တွေကိုရှင်းပြခဲ့ကြပါတယ်။

 ရှင်းလင်းပွဲမှာ တက်ရောက်လာသူတချို့က အသက်ကန့်သတ်မှု ရှိမရှိကိစ္စမျိုးတွေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုက
ရေစီပြု ပြင်ပြောင်းလွဲမှုတွေရှိလာနေတဲ့အတွက် ဂျပန်မှာနေထိုင်ပြီးတဲ့နောက် မြန်မာနိုင်ငံကိုပြန်လို့ရမလား ဆိုတဲ့ မေးခွန်းမျိုးတွေ မေးခဲ့ကြပါတယ်။

ကိုယ့်နိုင်ငံက ပဋိပက္ခ ဒါမှမဟုတ်ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးခဲ့ရသူတွေကို တတိယနိုင်ငံတခုမှာ အခြေချနေ ထိုင်ဘို့ အကူအညီပေးတဲ့အစီအစဉ်အရ ဂျပန်ဟာ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းမှာခိုလှုံနေထိုင်နေကြတဲ့ မြန် မာဒုက္ခသည်တွေကို ၂၀၁၀ခုနှစ်ကစပြီး လက္ခံလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျပန်မှာလာရောက်အခြေချနေထိုင်ဘို့လျှောက်ထားခဲ့တဲ့ ဒုက္ခသည်ဦးရေဟာ ဂျပန်အစိုးရ
က အစကတည်းက လက်ခံဘို့ရည်ရွယ်ထားတဲ့ အရေအတွက်ရဲ့ ၆၀%(ခြောက်ဆယ်ရာခိုင်နှုံး)လောက်ပဲရှိ
နေခဲ့ပါတယ်။

အဲ့ဒီနောက် ဂျပန်အစိုးရကအဲဒီဒေသထဲမှာပဲရှိတဲ့ တခြားစခန်းနှစ်ခုက ဒုက္ခသည်တွေကိုလည်း ဧပြီလကစပြီး ဖိတ်ခေါ်လက္ခံဘို့ဆုံးဖြတ်လိုက်ပါတယ်၊ ထိုင်းနိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးကပထမအတွင်းဝန်ဂျွမ်းဂျီအီတိုးက ဂျ
ပန်နိုင်ငံအနေနဲ့ ဒုက္ခသည်တွေ ဂျပန်အကြောင်းပိုပြီးသိရှိလာအောင်နဲ့ ဂျပန်ကိုပိုပြီးလာနိုင်အောင် ကြိုးပမ်း
မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ပြောကြားသွားပါတယ်။