• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, May 17, 2012

ဦးနှောက်စွမ်းရည်ကို ကျစေသော အလေ့အကျင့်ဆိုးများ

Source Photo from http://www.google.com/images 

ဦးနှောက်စွမ်းရည်ကို ကျစေသော

 အလေ့အကျင့်ဆိုးများ 

မေလ 17, 2012

နန္ဒာမ တင်ဆက်သည်။

 မနက်စာ မစားခြင်း 
 မနက်စာ မစားတာကြောင့် သွေးတွင်း သကြားဓာတ်တွေ ကျဆင်းတတ်ပြီး ဦးနှောက်ကို ထောက်ပံ့ပေးတဲ့ အာဟာရ တဖြည်းဖြည်း နည်းလာတာကြောင့် ဦးနှောက် လုပ်ငန်းဆောင်တာတွေ ကျဆင်းစေပါတယ်။
အစား အလွန်အကျွံစားခြင်းအစား အလွန်အကျွံမစားတာဟာ ဦးနှောက် သွေးကြောတွေကို မာကျောစေပြီး စိတ်စွမ်းအားတွေကို ကျစေပါတယ်။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် ဦးနှောက် မှတ်ဉာဏ်စွမ်းအား ကျစေပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို ဦးတည်နေပါတယ်။

အချိုစာ အစားများခြင်း
အချိုစာတွေ အစားများတာဟာ ခန္ဓာကိုယ်က ပရိုတင်းနဲ့ အာဟာရတွေကို စုပ်ယူနိုင်စွမ်းရည်တားမြစ်နိုင်
တာကြောင့်ပါ။

အောက်ဆီဂျင် ရရှိမှု နည်းခြင်း 
ဦးနှောက်ဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲမှာ အောက်ဆီဂျင် စုပ်ယူမှု အများဆုံး အပိုင်းပါ။ ဦးနှောက်ဆီ အောက်ဆီဂျင် ရရှိမှု နည်းတာကြောင့် ဦးနှောက် လုပ်ငန်းဆောင်တာတွေ ကျစေပါတယ်။
အိပ်ချိန် မလုံလောက်ခြင်းနှစ်ခြိုက်စွာ အိပ်စက် အနားယူတာဟာ ဦးနှောက်ကို အကောင်းဆုံး အနားပေးတာပါပဲ။ အိပ်စက်ချိန် မလုံလောက်တာကြောင့် ဦးနှောက်ဖွံ့ဖြိုးမှု ဆဲလ်တွေ ပျက်စီးစေနိုင်ပါတယ်။

ခေါင်းမြီးခြုံ အိပ်ခြင်း 
အိပ်စက်ချိန်မှာ ခေါင်းကို အုပ်ထားတာကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်တွေ တိုးလာပြီး အောက်ဆီဂျင်တွေ ရရှိမှု နည်းတာကြောင့်ပါ။ နေမကောင်းချိန် ဦးနှောက်ကို အလုပ်ပေးလွန်းခြင်းဖျားနာနေချိန်မှာ အလုပ်တွေ အပြင်းအထန် လုပ်တာ၊ စာတွေ ကျက်လွန်းတာဟာ ဦးနှောက်မှာ ဖိစီးမှုတွေ ဖြစ်စေပြီး စွမ်းအင်တွေ ကျစေပါတယ်။

 အကောင်းမမြင်ခြင်း 
အရာရာကို အကောင်းဘက်က တွေးပြီး စဉ်းစားတဲ့ပုံစံနဲ့ ဦးနှောက် လုပ်ငန်းဆောင်တာတွေကို တိုးတက်
အောင် လေ့ကျင့်ယူသင့်ပါတယ်။
အရာရာကို စိုးရိန်ပူပန်စိတ်တွေနဲ့ တွေးနေမယ်ဆိုရင် ဦးနှောက်ကို ကျုံ့စေပြီး စွမ်းဆောင်ရည်တွေ ကျစေပါ
တယ်။

ဦးနှောက်ကို အသုံးမပြုလွန်းခြင်း 

တစ်ခါတလေ ဂိမ်းကစားတာလိုမျိုး ဦးနှောက်ကို အသုံးပြုပြီး ဉာဏ်ကစားရတဲ့ ကစားနည်းမျိုးတွေ ကစားပေးတာဟာ ဦးနှောက်အတွက် အကျိုးရှိစေပါတယ်။

 နန္ဒာမ ( By သဲသဲ Good Health )
 Copy from http://satekuupuyar.blogspot.com/2012/05/blog-post_3521.html