• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, June 30, 2012

ကရင်တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များပူးပေါင်းပါဝင်မှု မှတ်တမ်းအကျဉ်းချုပ်

ကရင်တော်လှန်ရေးအစပိုင်းတွင် 

ကချင်တပ်များပူးပေါင်းပါဝင်မှု 

မှတ်တမ်းအကျဉ်းချုပ် 

ဗိုလ်မှူးကြီး ဘန်လင်ဇော်တူး

(၁၅-၀၂-၁၉၄၉)ည သဘောတူချက်များရရှိပြီးနောက် (၁၆-၀၂-၁၉၄၉)ရက် နံနက်၁၀နာရီအချိန်တွင် မည်သို့ချီ တက်ကြမည်ကို စီမံခန့်ခွဲကြသည်။ ကချင်(၁)မှ ဗိုလ်ဇော်တူး ဦးဆောင်သော သူ၏တပ်စုသည်ရှေ့ဆုံးမှဖြစ်ပြီး ၎င်းတို့နောက်မှ (1st-Karen) ဗိုလ်ကြီးမောင်ချစ်၏တပ်ဖွဲ့များ လိုက်ရန်ဖြစ်သည်။

(1st-Kachin) မှ (D-coy) (C-coy)နှင့် (1st-Karen) တပ်များချီတက်ပြီး(1st-Kachin A-coy)၊ (3rd-Kachin) နှင့် (3rd-Kachin A-coy)တို့ မီးရ ထားဖြင့်ချီတက်သည်။
KNDO လက်နက်မဲ့ရဲဘော်များလည်း မီးရထားတစ်စီးစာပါလာသည်။
လူအင်အားမည်မျှ ပါသည်ကို အတိအကျမသိပါ။

ဤကယ့်သို့ချီတက်သွားရာ ဗိုလ်ဇော်တူးတပ်နှင့် ကရင်တပ်ရင်း(၁)မှ ဗိုလ်ကြီးမောင်ချစ်တို့ ဦးဆောင်သောတပ်
များ မြို့လှမြို့ကို ရှေးဦးစွာ ကချင် ကရင်တပ်များပူးပေါင်းကာ ည ၈နာရီအချိန်တွင်တိုက်ခိုက်ရာ ၂နာရီကြာမှ မြို့ ကိုသိမ်းပိုက်နိုင်ခဲ့သည်။
၎င်းတိုက်ပွဲတွင် ကရင်စစ်သား ၂ဦးကျဆုံးပြီး၊ ရန်သူဘက်မှ ၅၀ဦးကျဆုံးသည်။
လက်နက် ၁၀၀ ကျော်သိမ်းဆည်းရမိသည်။
ရှေ့သို့ဆက်လက်ချီတက်ရာ ရေနီမြို့၌ အနည်းငယ်ခုခံတိုက်ခိုက်မှု ခံရသည်။
ဆက်လက်ချီတက်သွားရာ မိခင်တပ်ရင်းရှိသည့်သာဝတ္ထိနှင့် ငါးဖာလုံအကွာတံတားတခုသို့ရောက်သည်။ တံတားကို မိခင်တပ်ရင်းမှတပ်ဖွဲ့က စောင့်ကြပ်နေသည်။

ဆက်သွားရာ တံတားစောင့်မှ ဘယ်သူလဲ ဟု ကချင်လိုမေးသည်။
ထိုအခါဗိုလ်ဇော်တူးက ကချင်လို ပြန်ပြောသောအခါ သွားခွင့်ပေးလိုက်သည်။
ထိုသို့သွား ခွင့်ပြုသူမှာ ဗိုလ်ကရိန်လ ဖြစ်သည်။ တပ်ရင်းဂိတ်တွင်ရပ်နေသော တပ်ရင်းမှူးကို ဗိုလ်ကြီးနော်ဆိုင်းက ဖမ်းဆီးလိုက်သည်။ တံတားစောင့်ကြပ်သောဗိုလ်ကရိန်လကို နောက်ပိုင်းတွင်ရန်သူအစိုးရမှ ထောင်ချလိုက်ကြောင်းသိရသည်။ (၁၇-၀၂-၁၉၄၉)နေ့ နံနက် ၈နာရီတွင်လယ်ဝေးမြို့ကိုသိမ်း၍ ၁၀နာရီတွင်ပျဉ်းမနားမြို့ကိုသိမ်းလိုက်သည်။ ပျဉ်းမနားမြို့တွင် ဗိုလ်ကြီးသိန်းထွတ်ကို ဖမ်းဆီးရမိသည်၊ သူ၏နောက်လိုက် ၂၀ဦးကို လက်နက်သိမ်းယူပြီး ပြန် လွှတ်လိုက်သည်။ ထိုည ပျဉ်းမနားတွင်အိပ်သည်။

နောက်တနေ့ (၁၈-၀၂-၁၉၄၉) တွင် တပ်ကုန်း ရမည်းသင်း မြို့ ကိုသိမ်းရာတိုက်ပွဲ နာရီဝက်ခန့်ကြာသည်။ (၁၉-၀၂-၁၉၄၉) နေ့ ပျော်ဘွယ်ကိုသိမ်းသည်။ တိုက်ပွဲမဖြစ်။ ပုလိပ် ၂၀ဦးလက်နက်ချသည်။
ရန်သူများဖမ်းဆီးထားသော ကရင်(ယူအမ်မ်ပ်ပီ)တပ်သား ၁၅၀ဦးကိုကယ်တင် လိုက်သည်။

(၂၀-၀၂-၁၉၉၄) မိတ္ထီလာမြို့အ၀င် ကုန်းသာတံတားတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးသည်။
ပျော်ဘွယ် ရောက်သောအခါ (1st-Kachin)မှ ((D-coy) နှင့် (C-coy)တို့ မီးရထားနှင့် ပြန်သွား၍ (1st-Kachin)
မှ (A-coy)၊ (3rd-Kachin) မှ (A-coy) ထိပ်တိုက်တက်ပြီး၊ (1st-Karen)က ရန်သူ၏နောက်ကျောကို ဖြတ်တိုက် သည်၊ ထိုတိုက်ပွဲတွင် ကချင်တပ်သားတစ်ဦးကျဆုံးပြီး ဗိုလ်ဇော်တူးအပါအ၀င် ကိုးဦးဒါဏ်ရာရသည်။
ကရင်တပ်၏ ထိခိုက်ကျဆုံးမှု မည်မျှရှိသည်ကို မသိခဲ့ရ။

ထိုတိုက်ပွ္ပဲ၌ ဗမာတပ်မှ ဗိုလ်မှူးကြီး မောင်မောင်၊ ဗိုလ်မှူး ဒေါ်စိန်နှင့် အခြားဗိုလ် ၅ဦး ဖမ်းဆီးရမိပြီး မိတ္ထီလာမြို့ ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။ မြို့ကိုသိမ်းပိုက်လိုက်ပြီးနောက် လေယာဉ် ၂စင်း ဆင်းသက်လာသည်။ ထိုလေယာဉ်ကို ဖမ်းဆီးပြီးနောက် တစီးကို ဗိုလ်ကြီးစောဦးကို ဦးဆောင်၍ ကရင်တပ်ကိုစီးစေသည်။ ကျန်လေ .ယာဉ်အား ကချင်တပ်ကိုစီးစေသည်။ လေယာဉ်နှစ်စင်းပေါ်ပါ တပ်သားများအားလုံးကို ဗိုလ်ကြီး နော်ဆိုင်းမှ ကြီးကြပ်ကွ့ပ်ကဲကာ မေမြို့သို့ ပျံသန်းသွားသည်။

ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ရန်သူဗိုလ်ကြီး တင်မောင်ရေးသားသောစာထဲမှ ကောက်နုတ်ချက်အရ ထို လေယာဉ်ပျံကိုသိမ်းပိုက်ပြီး အသုံးချသွားသည့် အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ကချင်စစ်ဗိုလ်နော်ဆိုင်း၏ ဦးဆောင် မှုအခန်းကဏ္ဍကို ချီးကျူးရေးသားထားသည်ကို တွေ့ရလေသည်။
ဤကွန်မန်ဒိုစစ်ဆင်ရေးသည် ခက်မယောင်နှင့် လွယ်ကူလွန်းလှသည်၊ ဤသို့လွယ်ကူလိမ့်မည်ဟု မည်သူမျှ
မျှော်လင့်မထားကြပါ။
ထိုသို့မမျှော်လင့်ခဲ့ကြသဖြင့် မေမြို့သည် သူပုန်လက်တွင်းသို့ သေနတ်တချက်မျှ မပစ်ဖေါက် ရပဲ ရောက်ရှိလာ
လေသည်။

မည်သို့ပင်ဖြစ်စေ၊ ထိုစစ်ဆင်ရေးကို နှလုံးရည်အပြည့်အ၀ဖြင့် စီစဉ်သူကို အထူးချီးကျူးပါသည်။ လေယာဉ်ပျံနှစ်စင်း မမျှော်လင့်ပဲရောက်လာသည်။ ထိုလေယာဉ်နှစ်စင်းကို ရလိုက်သည် နှင့်တခဏခြင်းအတွင်း၌ အခွင့်အရေးကောင်းတခုဟုမြင်သော မြင်နိုင်စွမ်းရှိသော ထို့အပြင် ချက်ခြင်းအသုံးချ နိုင်သောကြောင့် ရန်သူပင်ဖြစ်နေစေကာမူ မလေးစားပဲမနေနိုင်ချေ။

ထိုသို့သော အကြံအစည်ကို ဗိုလ်နော်ဆိုင်း အကောင်အထည်ဖေါ်လိုက်ခြင်းသည် များစွာအံ့အားသင့်ဘွယ်
ကောင်းသည်ဟု ဆိုရပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဗိုလ်နော်ဆိုင်းကို စာရေးသူအတော်ပင်ရင်းနှီးသည်။
(၁၉၄၆ ခုနှစ်) မေမြို့တွင်ဖွင့်လှစ် ခဲ့သော တပ်ခွဲမှူးသင်တန်းသို့ သူသည် ၃လကြာမျှ စာရေးသူနှင့်အတူတကွ သင်တန်းတက်ခဲ့ဘူးသည်။
စာပေအားဖြင့်အခြေခံ မရှိခဲ့သော်လည်း သူသည် နှလုံးရည်လက်ရုံးရည်နှင့် ပြည့်ဝသူဖြစ်သည်။
စစ်ကြီးကာလ တွင် အင်္ဂလိပ်စစ်တပ်ထဲ သတ္တိပြောင်မြောက်စွာဖြင့် စစိမှုထမ်းခဲ့သည်။
(BGM) သူရဲကောင်းဆုတံဆိပ် နှစ်ထပ် ကွမ်းချီးမြှင့်ခံရသူဖြစ်သည်။

မေမြို့ကို လေယာဉ်ပျံဖြင့် သွားရောက်သိမ်းပိုက်သည့် စစ်ဆင်ရေးကို မည်သူကစ တင် အကြံဥာဏ်ပေးသည်ဖြစ်စေ ထိုစစ်ဆင်ရေးကို ဗိုလ်နော်ဆိုင်းက ခေါင်းဆောင်ခဲ့သည်။ အမှန်ဆိုလျင် ထို စစ်ဆင်ရေးသည် သူနှင့်အကိုက်ညီဆုံး စစ်ဆင်ရေးပင်ဖြစ်သည်။ ထိုသို့အထက်မြန်မာပြည်သို့ ထိုးစစ်ဆင်ချိန် ရဲဘော်ဖြူ၊ ကွန်မြူနစ်များနှင့် တိုက်ခိုက်မှုမ
ရှိချေ။
ပျဉ်းမနားမြို့ကို ကွန်မြူနစ်များအုပ်ချုပ်သည်။ ရမည်းသင်း ပျော်ဘွယ်ကို ရဲဘော်ဖြူများ အုပ်ချုပ်သည်။

ကေအင်န်ဒီအိုနှင့် ကချင်တို့ မိတ္ထီလာမြို့ကိုသိမ်းပိုက်ထားသည်။
မေမြို့ကို ရန်သူဘက်မှ ဗိုလ်ကျင် ပြန်သိမ်းရန်ကြိုးစားနေသည်။
ထို့ကြောင့် ဗိုလ်ကျင်ထံသို့ စာတစ်စောင်ရေးပို့လိုက်သည်။ ၎င်းစာထဲတွင် ခင်ဗျားတို့လက်နက်ချပါ။
လက်နက်မချလျင် အားလုံးပြုတ်အောင် ချေမှုန်းခြင်းခံရမည် ဟုရေးလိုက်သည်။
၎င်းစာကို ကရင်လူကြီးများ ပြန်စာပေးရန် မပြုလုပ်ပါ။ ထိုအချိန်က ကရင်စစ်ဗိုလ်ကြီးများ အများအပြားရှိသည်။ တွင် လက်မှတ်ရေးထိုးပြီး စာပြန်လိုက်သည်။ ၎င်းစာထဲတွင် လက်နက်မချဘူး။ ခင်ဗျားတို့ကို ဆက်တိုက်မည်။

ခင်ဗျားတို့ ဖမ်းထားတဲ့ ကရင်လူကြီးတွေကို အရမ်းမလုပ်ပါနဲ့။ ကျွန်တော်တို့ဆီမှာလည်း ခင်ဗျားတို့လူကြီးတွေ ဖမ်းထားတယ်။ ဟုပြန်စာရေးလိုက်ခြင်းဖြစ်သည်။ ထိုအချိန်၌ မန္တလေးထောင်တွင် စောဖိုးချစ်၊ နိုင်ရွှေကျင်၊စော သာဒင်နှင့် အခြားကရင်ခေါင်းဆောင်များရှိသည်။

မှတ်ချက်

ဤဖေါ်ပြချက်ကို ကရင်နီဥက္ကဌ မန်းအောင်သန်းလေး အနေနှင့် အဖြစ်မှန်ကို ပြန်ပြောပြနိုင်ပါသည်။ 

ထိုအခါ မိတ္ထီလာမှ ကရင်ဌာနချုပ်ကို မန္တလေးသို့ ချီတက်သွားရန်စီစဉ်သည်။
 ထိုအချိန်တွင် သာစည်မြို့ကို ရန် သူတပ်များက ကလောမှဆင်းလာပြီး တပ်စွဲထားသည်။
၎င်းရန်သူများကို တိုက်ထုတ်ပြီး မီးရထားဖြင့်မန္တလေး ကိုချီတက်ရန် သာစည်သို့ချီတက်သွားသည်။
သို့သော် စိတ်ကူးသည့်အတိုင်းဖြစ်မလာပဲ ၀မ်းနည်းကြေကွဲစရာ ဖြစ်ရန်အနည်းငယ်သာ လိုပါတော့သည်။
ခေါင်းဆောင်များ အသေအခြာမစဉ်းစားခဲ့ကြ၍ မှားခြင်းဖြစ်သည်။

ဖြစ်ပုံမှာ ရန်သူဘက်မှ ၆ပေါင်တာအမြှောက်နှင့် သာစည်ဘက်မှပစ်လိုက်သည်။ မီးရထားဆေးရုံတွင် ၃လုံးကျ ကွဲသည်၊ သို့သော်ထိခိုက်မှုမရှိ။ ဆရာမများ ဟိုပြေးဒီပြေး ဖြစ်ခဲ့ရသည်။
ထိုဖြစ်ရပ်ကို ဆက်သွယ်ရေးစက်သ မားက အသေအခြာမသိ၊ သွားမကြည့်ပဲ စက်ဖြင့် ဆရမများထိခိုက်ကြောင်း
ပြောလိုက်သည်။
ရန်သူဘက်မှလည်း အခွင့်ကောင်းယူပြီး သာစည်ရှေ့တန်းပြိုပြီ ဆရာမအချို့ ငါတို့ဖမ်းမိထားသည် ဆိုပြီး ကရင် ဘာသညဖြင့်ဝါဒဖြန့်လိုက်ရာ မိတ္ထီလာဌါနချုပ်မှ ကောင်းမွန်စွာမစုံစမ်းပဲ (Chin Hill Bn) တပ်ထံ လက်နက်ချရန် ဦးစောလုံ စီစဉ်လာသည်။

ကျွန်တော်တို့တပ် မိတ္ထီလာဌါနချုပ်တွင်ရှိသော ဗိုလ်များ၊ ခေါင်းဆောင်များ အစည်းအဝေးထိုင်နေစဉ် တပ်မဟာ
မှူး ဗိုလ်မှူးချုပ် မင်းမောင် သာစည်မှပြန်လာရာ ရှေ့တန်းဖရိုဖရဲဖြစ်တယ်တိုတာ ဟုတ်လား ဟုမေးသော အခါ ဘာမျှမဖြစ်ောကာင်းပြန်ပြောလိုက်သောကြောင့် ဦးစောလုံသည် ဗိုလ်မှူးကြီး ဒီထူးကြောင့်ဟု အပြစ်တင်သည်။ ထို့နောက်အရှက်ပြေစေရန် ဗိုလ်မှူးကြီး ဒီထူးကို မိတ္ထီလာထောင်ထဲ တစ်ညသွားထည့်ထားလိုက်သည်။ ဤကယ့်သို့ ဗိုလ်မှူးကြီးဒီထူးကို တည ထောင်ထဲသွားထည့်ခြင်းသည် သူ့အတွက်အကောင်းဖြစ်သွားသည်။

သူသည် (KNU) ၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သော်လည်း မေမြို့ကို ရန်သူုများပြန်သိမ်းသောအေခါ ဗိုလ်မှူးကြီး ဒီထူးထုချေချက်ပေးသည်မှာ သူသည် (KNU) ခေါင်းဆောင်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆို သော် သူ့ကို မိတ္ထီလာထောင်တွင် (KNDO) များ ထောင်ချခြင်းကို အကြောင်းပြနိုင်သည့်အတွက် သူသည်ရာ ထူးမကျပဲ ဆက်လက်၍သူ့လက်ရှိ ရာထူးမှာပင် တည်မြဲနေသည်။
ထို့နောက်သာစည်ကို ဤအတိုင်းထိနိးထားပြီး မြစ်ငယ်မှ မန္တလေးသို့ချီတက်သည်။ ေ
မေမြို့မှလည်း ဆင်းလာပြီး နှစ်ဘက်ညှပ်တိုက်သဖြင့် မန္တလေးမြို့ကို (၁၁-၀၃-၁၉၄၉) ရက်တွင် အောင်မြင်စွာသိမ်း
ပိုက်လိုက်နိုင်သည်။

ထိုတိုက်ပွဲတွင် ကချင်ရဲဘော်တစ်ဦးကျဆုံးသည်။ ဤကယ့်သို့ မန္တလေးမြို့ကိုသိမ်းပိုက်ပြီးနောက် သာစည်ကို ပြန် လည်ထိုးစစ်ဆင်သည်။ သာစည်တိုက်ပွဲ၌ ကချင် ၈ဦးကျဆုံးသည်။ ဤနေရာ၌ အနည်းငယ်ဖြည့်စွက်လိုသည် မှာ တောင်ငူဘက်မှစ၍ ချီတက်သောအခါ ကရင်၊ ကချင်တပ်သားများ စည်းကမ်းသေ၀ပ်မှုနှင့်ပြည့်စုံကြသည်။ မြို့သိမ်းပြီးနောက် မြို့တွင်း၌ စစ်သားတစ်ယာက်မျှ မတွေ့ရ။ M.P.( Military Police) သာရှိသည်။

တပ်သားများ ဈေးဝယ်လိုပါက ဈေးဝယ်ပြီးသည်နှင့် မိမိတပ်စခန်းသို့ ပြန်သွားကြသည်။
အရက်မူးသော စစ်သားမတွေ့ရချေ။ သို့သော်မေမြိ့မှဆင်းလာသော တပ်သားအချို့ရမ်းကားလာရာ ရေကြည်
ထဲရေနောက်ဝင်လာသလို နောက်ပိုင်း၌ စည်းကမ်းရိုသေမှုလျောညနည်းလာလေတော့သည်။
သာစည်ကိုထိုးစစ်ဆင်ရာတွင် သာစည်မြို့ကို မိမိတို့ဝိုင်း ထားသည်၊ ရန်သူအတွက် စစ်ကူမရှိ၊ ရေမရနိုင်ဖြစ်၍ လက်နက်ချရန်အနည်းငယ်သာ လိုတော့သည့်အချိန်၌ ရန်ကုန်မြိ့မှ အသံလွှင့်လိုက်သည်မှာ ၃ရက် အပစ်အ
ခတ်ရပ်စဲရေးဖြစ်သည်။

ထိုအပစ်အခတ်ရပ်စဲရေး ကြေငြာ လိုက်သည်နှင့် ၃ရက်အတွင်း သာစည်နှင့်မိတ္ထီလာတွင် အနှောင့်အယှက်မရှိ ၀င်ထွက် သွားလာ နိုင်ပြီဖြစ်သော ကြောင့် လက်နက်ချမည့် ရန်သူကိုထားခဲ့ပြီး ထွက်သွားလိုက်ကြသည်။ ဦးစောလုံ စီမံခန့်ခွဲသည့်အတိုင်း လိုက်နာ၍ အခုလိုဖြစ်ခဲ့သည်။

မိတ္ထီလာတိုက်ပွဲတွင် ဖမ်းဆီးရမိသော ဒုဗိုလ်မှူးကြီး မောင်မောင်ထံမှ ကရင်၊ ကချင်၊ ရှမ်း များကိုလုံးဝပျက်ဆီး ပျက်ပြုဉ်းအောင်၊ နာလံမထူနိုင်အောင်၊ ပြုလုပ်ရန် စီစဉ်ရေးသားထားသည့် အောင်ဆန်း အော်ပရေးရှင်း (Operation Aung san)စာရွက်ကိုလည်း သိမ်းဆည်းရမိသည်။ 
၎င်းစာထဲ၌ပါသော အချက်တချို့မှာ ပထမ ကရင်ကို သတ်ရမည်။ ဒုတိယ ကချင်။ နောက် ရှမ်းများကို အမျိုးဖြုတ်
ရမည်ဖြစ်သည်။ ဤလူမျိုးများကို အမျိုး ပြုတ်မလှုပ်ရှားနိုင်ရန် ကြံစည်ခြင်းဖြစ်သည်။

ဤကိစ္စ ဤအကြောင်းအရာနှင့်ပတ်သက်ပြီး နောင်လာနောက် သားများမမေ့ရန် အရေးကြီးသည်။ သို့သော်ကျွနိတော်တို့သည်လည်း ဗမာ ဗိုလ်မောင်မောင်ကြံစည်သကယ့်သို့ မကြံစည်သင့်ပါ။

မိတ္ထီလာမှ တောင်ငူဘက်သို့ဆင်းလာသည့်အခါ လမ်းတံတားများဖျက်ဆီးထားသဖြင့် ခရီးသွားလာရသည်မှာ ခက်ခဲလှပေသည်။
သို့သော်မည်သူမျှ ညည်းညူခြင်းမရှိကြ။ ကောင်းမွန်စွာ တောင်ငူသို့ရောက်ခဲ့သည်။ ေ

တောင် ငူ၌ ၃-၄ ရက်ခန့်အနားယူပြီးနောက် ညောင်လေးပင်-ဒိုက်ဦးဘက်သို့ပြန်၍ချီတက်ရာ ဖါးဒိုပလောသို့ အရောက်တွင် အစည်းအဝေးထိုင်ကြသည်။
မူလအစီအစဉ်မှာ ညောင်လေးပင်ရှိ (2nd-Burma Rifle) တပ်တွင်ရှိနေသည့် ကချင်တပ်ကို အရင်ဆက်သွယ်
မည်။
ဆက်သွယ်ပြီး ဆွေးနွေး၍မရလျှင်တိုက်မည်ဖြစ်သည်။
သို့သော် ထိုအချိန်က အမှတ်(၆)တပ်မဟာမှူး အောင်စိန်(အောင်စိန် ထော်မဲ့ပါ မဟုတ်)သည် ညောင်လေးပင်၌ ကချင် မရှိ ကရင်နှင့်ကချင်ကိုဖမ်းပြီး ပဲခူးသို့ပို့လိုက်ပြီ ညောင်လေးပင်၌ ချင်းနှင့် ဗမာသာရှိသည်ဟုပြောသည်။

နောက်တနေ့မနက် ညောင်လေးပင်မြို့ကို ၀င်တိုက်သည့်အခါ ကချင်အချင်းချင်းရင်ဆိုင်ရသည် ၊ ညောင်လေး ပင်မြို့မှနေ၍ ကချင်များ တန်ပြန်ထိုးစစ်ဆင်သောအခါမှ ကချင်ရှိမှန်းသိရသည်။
ထိုးစစ်ဆင်လာသည့်ရန်သူ့စစ် သားများကို ဓါးလွယ်ပါသည့်အတွက် ကချင်မှန်း သိခြင်းဖြစ်သည်။

ထိုအခါ ဗိုလ်မှူးကြီးနော်ဆိုင်းက( မင်းတို့ က ချင်မဟုတ်လား)ဟု လှမ်းအော်မေးလိုက်သည်။
ထိုအခါ ရန်သူဘက်မှ ကချင်တပ်သားများ အံ့အားသင့်သွားပြီး ရှေ့သို့ဆက်မတက်ပဲရပ်တန့်နေခိုက် တယောက်
ကိုလာရန် လှမ်းခေါ်လိုက် သည်နှင့် ရန်သူဘက်မှ ကချင်တ ယောက် ဗိုလ်မှူးကြီးနော်ဆိုင်းနှင့် တွေ့ဆုံစကား
ပြောကြရာ ကချင်အချင်းချင်း မသိ၍မှားနေပြီ၊ ဒါကြောင့် နောက်ဆုတ်ပြီး အပစ်အခတ်ရပ်ရန် ပြောလိုက်ရာ သူ
တို့နောက်ဆုတ်ပေးကြပါသည်။

ဆက်လက် ကူးယူရေးသားဖ်ါပြပါဦးမည်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)