OKRSO နှစ် ၂၀ပြည့်အခန်းအနားသို့တက်ရောက်လာကြသည့် KNU ခေါင်းဆောင်အချို့နှင့်
OKRSO ကော်မီတီဝင်အချို့
(ဓါတ်ပုံ နန်းမီးလင်းဖြူ)
ကေအဲန်ယူခေါင်းဆောင်တချို့နှင့်
ဘန်ကောက်ရောက် ကရင်လူငယ်များတွေ့ဆုံ
Posted by အဲခေါင်သောင့်
ဇွန်လ၂၆ရက်၊ ၂၀၁၂ခုနှစ်
ဘန်ကောက်ကို ခေတ္တရောက်ရှိလာသည့် ကေအဲန်ယူ ဗဟို သစ်တော ဌာန တာဝန်ခံ ပဒို စောအားတိုးနှင့် ဗဟို စည်းရုံးရေးနှင့် ပြန်ကြားရေး ဌာန တာဝန်ခံ ပဒိုစောလှထွန်းတို့သည် ဘန်ကောက်ရောက် ကရင်လူငယ်များနှင့် ဇွန်လ ၂၄ရက်နေ့ ညနေပိုင်းက တွေ့ဆုံ ဆွေးနွေးမှုတရပ် ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ခေါင်းဆောင်နှစ်ဦးမှ လက်ရှိ မြန်မာအစိုးရနှင့် ကေအဲန်ယူတို့၏
ငြိမ်းချမ်းရေးဖြစ်စဉ်အခြေအနေများကို အကျယ်တ၀င့် ရှင်းလင်း ပြောကြားသွားပြီး တက်ရောက်လာသူများက
လည်း ၄င်းတို့ သိလိုသည်များကို မေးမြန်းခဲ့ကြသည်ဟု တွေ့ဆုံပွဲကို စီစဉ်သူ OKRSO ကော်မတီဝင်တဦးက
ပြောဆိုသည်။
အခန်းအနားသို့တက်ရောက်နေသည့် KNU ဗဟိုလ်သစ်တောဌာန တာဝန်ခံ ပဒို စောအားတိုး
(ရှေ့ဆုံးတန်း ကရင်အမျိုးသားအင်္ကျီအနီနှင့်)
(ဓါတ်ပုံ နန်းမီးလင်းဖြူ)
၎င်းက
"အဓိက ကတော့ လက်ရှိ မြန်မာ အစိုးရနဲ့ ကေအဲန်ယူတို့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ဖြစ်စဉ်ကို ရှင်းပြပါတယ်။ ပဒိုအားတိုးကတော့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် ဘယ်လောက်ရောက်နေလဲဆိုတာထက် လှေကားထစ်လိုမျိုး တလှမ်းပြီး တလှမ်း ဆက်လှမ်းသွားဖို့ ပြောသွားတယ်။
နောက် မြန်မြန် ဆန်ဆန်လည်း မလုပ်ချင်ဘူး။
မြန်မြန်လျှောက်ရင် ခလုပ်တိုက်နိုင်တယ်လေ။
အရင်ကလည်း အမြဲအလိမ်ခံရတယ်ဆိုတော့ ဒီတခါတော့ သတိကြီးစွာနဲ့ ဆက်သွားမယ်။
လောလောနဲ့လည်း မသွားချင်ဘူး။
ဖြေးဖြေးနဲ့ မှန်မှန် သွားဖို့ အဲဒါကို အဓိကထား ပြောသွားပါတယ်"ဟု ဆိုသည်။
OKRSO ၏ နှစ်၂၀ပြည့်အခန်းအနားတွင်
သြ၀ါဒချွေနေသော KNU ဗဟိုလ်သစ်တောဌာန တာဝန်ခံ ပဒို စောအားတိုး
(ဓါတ်ပုံ နန်းမီးလင်းဖြူ)
အဆိုပါ တွေ့ဆုံပွဲကို ဘန်ကောက်အခြေစိုက် OKRSOခေါ်သည့် အဝေးရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု
စောင့်ရှောက်ရေးအဖွဲ့မှ စီစဉ် ပြုလုပ်ခြင်းဖြစ်ပြီး OKRSOအဖွဲ့ဝင်လူငယ်များ၊ ဘန်ကောက်ရှိ ကရင်ယဉ်ကျေးမှု
အဖွဲ့ လူငယ်များနှင့် အဖွဲ့အစည်းနှင့်မဆိုင်သည့်အခြား ကရင်လူငယ်များက စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြ
သည်။
ထိုနေ့ နေ့ နေ့လည်ပိုင်းကလည်း OKRSOမှ ကျင်းပပြုလုပ်သည့် အနှစ် ၂၀ပြည့် မြောက်သည့် အခမ်းအနားသို့
ကေအဲန်ယူ ခေါင်းဆောင်များမှ တက်ရောက်အားပေးခဲ့ပြီး ကေအဲန်ယူမှ ပေးပို့သည့် သ၀ဏ်လွှာကို ပဒို စောလှ
ထွန်းက ဖတ်ကြားခဲ့သည်။
OKRSO ၏ နှစ်၂၀ပြည့်အခန်းအနား
(ဓါတ်ပုံ နန်းမီးလင်းဖြူ)
"အဓိကတော့ ကျနော်တို့ အဖွဲ့ရဲ့ အနှစ် ၂၀ပြည့်မြောက်တဲ့ အခမ်းအနားကို ကေအဲန်ယူ ခေါင်းဆောင်တွေက လာရောက်အားပေးတာပဲ။
အဲဒါနဲ့ တဆက်ထဲ ညနေပိုင်းမှာ အဲလို တွေ့ဆုံ ပွဲလေး လုပ်သွားတာ ဖြစ်တယ်။
သူတို့ အခုလို လာရောက်အားပေးတဲ့ အတွက် ကျနော်တို့ အလွန်ပဲ ၀မ်းသာပြီး အားအင်တွေ ရရှိလာပါတယ်။
နောက် မရှင်းမလင်းတာတွေ ရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကိုလည်း ပိုမို သိရှိလာရပါတယ်"
ဟု အဆိုပါ ကော်မတီဝင်ကပဲ ပြောဆိုသွားသည်။ကေအဲန်ယူ ထိပ်ပိုင်း ခေါင်းဆောင်မှ ဘန်ကောက်ရောက် ကရင်လူငယ်နှင့် တွေ့ဆုံမှုသည် အပစ်ရပ် သွား
ရောက်ဆွေးနွေးပြီးသည့် နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်ပြီး OKRSO၏ နှစ် ၂၀ပြည့် အခမ်းအနားကို ယခု
လို ကေအဲန်ယူ ခေါင်းဆောင်တွေ တရားဝင် လာရောက်အားပေးသည်မှာ နှစ်၂၀အတွင်း ပထဆုံးအကြိမ်ဖြစ်
သည်ဟုလည်း စုံစမ်းသိရှိရသည်။
Copy from http://ehkhaungthaunt.blogspot.com/2012/06/blog-post_6195.html