• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Monday, July 30, 2012
ဝါခေါင်လပြည့်နေ့ တို့မမေ့
ဝါခေါင်လပြည့်နေ့ တို့မမေ့ 
(မင်းစိုးစံ)
မြတ်ဝါခေါင် ၀သန္တ 
မိုးကာလ မှိုင်းညို့မှောင် 
ငါတောင်ပေါ် သူမြေပြန့် 
 စုပေါင်းဦးဆောင်။ 
စုစည်းမှုယူရအောင် 
ယစ်ပတ်နှောင် ခြည်ဖြူနဲ့ 
မင်းလက်ကို ငါယစ်ဖွဲ့ 
ငါ့လက်ကို သူယစ်သိုင်း 
သင်တိုင်းအရောင် စုံညီဝဲတဲ့
ခြည်ဖြူဖွဲ့ပွဲ။ 
နန်း စော နန့် ကျော် နော် မန်း 
ချိန်ခါသင့် ကာလမှာ 
နားစွင့်ကာ ချင့်ချိန်ရှင့်။ 
ယဉ်ကျေးမှုနဲ့ အသပြာကို 
လဲလှည်ကာ ဥစ္စာမရှာနဲ့။ 
ရလာတဲ့ ဂုဏ်ဒြပ် 
 ဒုက္ခသက်သက်။ 
ရိုးရာနဲ့ ဓလေ့ကိုသာ 
အရှည်တည်ရာ ဆတွက် 
ဘာဘာညာ ဟိုဒီအခန်းအနားနဲ့
ရောမလုပ်စေနဲ့။
ရောလုပ်နှစ် ရှည်ကြာလျင် 
ရိုးရာကရင် ပျောက်ရှ 
မျိုးဗီဇ သိမ်ဖျဉ်းပေကြောင်း
ရေတိမ်ချောင်း ငါးဘ၀။ 
လူတမျိုး ရပ်တည်ရာမှာ 
ရိုးရာသာ အဓိပတိ။ 
ရိုးရာနဲ့ ပျော်ပွဲသဘင် 
သိမြင်ပိုင်းခြား ကင်းမသွားစေချင်။
သြော် ရွှေကရင်များတို့ရေ 
မင်းတို့တတွေ ခြည်ဖြူဖွဲ့တာ 
ဘာအတွက်လဲ။ 
မင်းစိုးစံ 
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Sunday, July 29, 2012
မငြိမ်းချမ်းသောအရပ်မှ ထုတ်လုပ်သည့် ဇာတ်လမ်း
မငြိမ်းချမ်းသောအရပ်မှ ထုတ်လုပ်သည့် ဇာတ်လမ်း
(မင်းစိုးစံ)
လွမ်းဘူးကြပါသလား။
တခုခုကိုပေါ့။
အထူးသဖြင့်တော့ ချစ်သူ ငယ်ရည်းစားနဲ့ပတ်သက်တဲ့ အတွေ့အထိ၊ အမြင်၊ အကြား၊ အနံ့၊ အရသာ အဲဒီငါးမျိုး
ထဲက တခုခုပေါ့နော်။
မီးမီးခဲ သီချင်းတပုဒ်ရှိတယ် ကျုပ်တော့အစအဆုံးမရဘူး ကြားဘူးရုံလေးပါ၊ အချစ်ဦးကို တဲ့ မြေးဦးချီတာတောင်
မမေ့ဘူးတဲ့။ ရင်ဘတ်ကြီးထဲကို တော်တော်ထိတာပဲ။
သူပြောတာက အချစ်ဦးဆိုတော့ အချစ်ဆိုတာကို ကျုပ်အနေနဲ့ အရက်ဆိုတာလေးနဲ့ယှဉ်ပြီးပြောကြည့်မယ်။ အရက်မကြိုက်တတ်တဲ့သူတွေကိုတော့ အနူးအညွတ်တောင်းပန်ပါတယ်။
အချစ်ဦးဆိုတာ အရက်ဦးရည်နဲ့ အတူတူပါပဲ၊ အင်မတန်ပြင်းတာဗျို့။ အရက်မသောက်ဘူးတဲ့ အူရိုင်းဆိုလျင် လည်မြိုတခုလုံး ကွဲထွက်သွားနိုင်ပါတယ်။
ရင်ထဲမှာဆိုတာ ပူသလားမမေးနဲ့။
ဒါကြောင့်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပညာပေးစာစောင်တွေမှာ အ ရက်တစ်ပုလင်းသောက်ပြီးလျင် ရေခုနစ်ပုလင်း
သောက်ပါဆိုလားပဲ။
အရက်ခုနစ်ပုလင်းသောက်ပြီး ရေတစက်မှမသောက်တဲ့ လူကအများသား။ အရက်သောက်တာကြာလာတာနဲ့အတူ ရေမရောဖြစ်တာက များများလာတယ်။
ဒီတော့ မိန်းကလေးတွေကို ယောက်ျားလေးတွေက မင်းတို့အချစ်ဟာ အရက်လောက်တောင်သစ္စာမရှိဘူးဆိုပြီးပြော
ကြတာနေမှာပေါ့လေ။
ကျုပ်ကိုယ်တိုင်လည်း မိန်းကလေအတော်များများကို ပြောခဲ့သေးတာပဲ။
မချစ်ဘူးတဲ့ သူဆိုလျင်လည်း အရူးအမူးဖြစ်တတ်လေတော့ မြေးဦးချီတာတောင် မမေ့နိုင်ဘူးဆိုတာ အင်မတန်မှန်
တဲ့ သစ္စာစကားပါ၊ တချို့က အချစ်ဦးမဖြစ်ပါရစေနဲ့ အချစ်ဆုံးပဲဖြစ်ပါရစေလေးဘာလေးနဲ့ တော်တော်ကပ်သီးကပ်
သပ်ပြောတတ်တယ်။
အရင်းမရှိလျင် အဖျားရှိမလား။ ရေဘယ်လောက်နက်နက် ရေအောက်ကြမ်းပြင်တော့ရှိရမယ်လေ။(စိုင်းထီးဆိုင် သီချင်းထဲက) အဦးဆုံးမရှိလျင် နောက်ဆုံးဆိုတာရှိနိုင်ပါ့မလား။
ဒီမိန်းကလေးနဲ့ ဒီယောက်ျားကလေး သမီးရည်းစားဖြစ်တယ်၊ ညားကြတယ်၊ ဆိုတာအပြင်ပန်းအနေနဲ့ အပေါ်
ယံကြောအနေနဲ့က ဖြစ်နိုင်ပါတယ်။
တကယ့်သူတို့လေးတွေရဲ့ အဖြစ်တွေက သူတို့ချစ်ခဲ့မိသူတွေ ကိုယ်စီရှိကြမှာပါ။
တိတ်တိတ်ကလေးကြိတ် ပြီး ချစ်နေမိတာတို့၊ ပြီးတော့ တိတ်တိတ်ကလေး စွဲလန်းမိတာတို့ လူငယ်တို့ဘာသာ
ဘာဝ ဖြစ်တတ်တာပဲမဟုတ်လား၊ အခုခေတ်ကတော့၊ လာခဲ့လေ နင်နဲ့ငါအတူတူနေကြည့်မယ် သဘောထား
မတိုက်ဆိုင်ဘူးဆိုလျင် ငါတို့ခွဲကြတာပေါ့။ ဆိုပြီးသဘော ထားချင်းညှိကြတယ်ဆိုပါလား။
အဲဒီတော့ အချစ်ဦးဆိုတာ ဘာကိုပြောမှန်းတောင်မသိတော့ဘူး။ လိုက်မမှီတော့ဘူး။
သေခြာတဲ့ အရာတခုကတော့ အရက်ဦးရည်ဆိုတာ မီးတောက်တယ်။
အရမ်းပြင်းတယ်။
ရေမရောလျင် အသေစောမယ်။
အဲဒါကို ကျုပ်ဘာ ကြောင့်သိသလဲဆိုတော့ ကိုယ်တိုင်အရက်ချက်လို့သိတာဗျ။
သောက်တတ်သလားဆိုတော့ သောက်တတ်လို့ အခုထက်ထိအသက်ရှည်နေတာပေါ့ မသောက်တတ်လို့ရှိလျင် အခုလောက်ဆို အရက်အကြောင်း အဲလေအလွမ်းအဆွေးအကြောင်း ရေးနိုင်တော့မှာမဟုတ်ဘူး။
မြေသြဇာဖြစ်တာကြာလှပေါ့။
ကျုပ်နဲ့ မူးဖေါ်မူးဘက်၊ လဲဖေါ်လဲဘက်တွေထဲက အတော်များများနိဗ္ဗာန်ရောက်ကုန်ကြပြီလေ၊ ရေမရောတဲ့အပြင်
မြင်းတွေစီး သေနတ်တွေပစ် ဆရာကြီးတွေပင့်ကြဆိုတော့ စောစောနားကုန်တာပေါ့ဗျာ။
ကျုပ်က လိုင်းအပူးမခံဘူး၊ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် အဲလိုနေတဲ့အပြင် အရက်သောက်
ပြီဆိုလျင် အမြည်းလေးဘာလေးနဲ့သောက်တာ သူကြီးမရှိလျင် ရွာဆူတယ် အမြည်းမရှိလျင် အာပူတယ် အဲဒါကျုပ်
ရဲ့အရက်သောက်တိုင်း ကျင့်ကြံတဲ့အကျင့်ဖြစ်ပါတယ်။
မြတ်သောအကျင့်လို့ ဆိုလိုခြင်းမဟုတ်ပါ။
အရက်သောက်တိုင်း အစာတခုခုတော့စားပေးကြပါ။
ဘာကြောင့်အရက်အကြောင်းရေးရသလဲဆိုတော့ ကျုပ်မမေ့နိုင်တဲ့ဇာတ်လမ်းလေးက အရက်ကနေ စခဲ့တာ။ ကျုပ်တိတ်တိတ်ကလေးချစ်နေမိတဲ့ မိန်းကလေးက အရက်ချက်ရောင်းတယ်၊ ကျုပ်က အရက်ဝယ်သောက်တယ်၊ မိန်ကလေးအများစုဟာ အရက်သောက်တဲ့ ယောက်ျားလေးတွေကို ရှောင်တတ်ကြတယ်။ သူလည်းမိန်းကလေးထဲကမိန်းကလေးဆိုတော့ အရက်သောက်တဲ့ ကျုပ်ကို ရှောင်မယ်ဆိုတာဗေဒင်မေးနေစရာ မ
လိုပါဘူး။
ကျုပ်က အရက်သောက်လို့မူးလာလျင် အော်ကြီးဟစ်ကျယ်မလုပ်တတ်ဘူး၊ အိမ်ကိုတန်းတန်းမတ်မတ်ပြန်တယ်၊ ထမင်းမှန်မှန်စားတယ်၊ အေးအေးလူလူအိပ်တယ်။
သိပ်များသွားလျင်တော့ ခွေးတွေဘာတွေကို လိုက်ကန်တတ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အရက်သမားဆိုတာ အရက်ကိုသောက်တတ်ရပါတယ်။
အရက်ကိုမသောက်တတ်လျင် အရက်ကလူကိုသောက်သွားတာ ခံရပါလိမ့်မယ်။
အဲဒီအခါကျလျင် အရက်ရဲ့ကျေးကျွန်ဖြစ်သွားတဲ့အတွက် အရက်သောက်ခြင်း အပြစ်ခြောက်ပါးမကဘူးဆိုတာ သိ
လာပါလိမ့်မယ်။
အရက်ကို တမျိုးထဲသောက်ပါ။
အထူးသဖြင့်ကိုယ်တိုင်ချက်တဲ့အရက်ကိုသာ သောက်ပါ။ အကောင်းစားအရက်ဆိုတိုင်း၊ နိုင်ငံခြားကအရက်ဆိုတိုင်း၊ ဟိုတံဆိပ်ဒီတံဆိပ်နာမည်ကြီးတယ်ဆိုတိုင်း ကြုံရာကို
မသောက်ပါနဲ့။
တူးစော်နံတဲ့အရက်ကို မသောက်ပါနဲ့။
ချဉ်စော်နံတဲ့အရက်မျိုး မသောက်ပါနဲ့။
ကဇောရည်ဝေကျတဲ့အရက်မျိုး မသောက်ပါနဲ့။
တူးတူးခါးခါး မူးလျင်ပြီးရောဆိုပြီး သောက်လျင် စောစောစီးစီး အရက်ပြတ်သွားပါလိမ့်မယ်။
ဘာကြောင့် ကိုယ်ကိုယ်တိုင်ချက်တဲ့အရက်ကို သောက်သင့်သလဲဆို တော့ ကိုယ်တိုင်ချက်တဲ့အရက်က အသန့်
ရှင်းဆုံးမို့ပြောရတာပါ။
ဒါဆိုတခြားလူတွေချက်တဲ့အရက်က မသန့်ရှင်းဘူးလို့ပြောတာလားဆိုလျင် စိတ်မချရလို့ပါ၊ အရက်အထွက်တိုး
အောင်လုပ်တဲ့နည်းတွေအများကြီးရှိပါတယ်။
ကျုပ်တို့နေတဲ့ ကျုံဒိုးချောင်းဖျား ဆိုတဲ့ရွာရဲ့ အနီးအနားကရွာတရွာက အရက်ဆိုလျင် ထိသလားမမေးနဲ့။ ဘာနဲ့ချက်သလဲဆိုတာ ချက်တဲ့ကာယကံရှင်တွေအသိဆုံးပါ။ သမာအာဇီဝ မကျတဲ့နည်းနဲ့ အရက်ချက်ကြလို့ပါ။
အရက်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတယ်ဆိုကတည်းက သမာအာဇီဝ ကျတယ်၊ မကျဘူးဆိုတာရှိလို့လား ဆိုတဲ့အမေးမျိုးမေးနိုင်ပါတယ်။
အရက်ဆိုတာ မူးယဇ်ထုံထိုင်း ဘေးဖြစ်စေတတ်တဲ့ မုးယဇ်ဆေးဝါးတမျိုးပဲမဟုတ်လား၊ ဘာသာတရားအရ ခွင့်မ
ပြုတဲ့ အရက်ကိုချက်ပြီး ရှာဖွေစားသောက်ရကတည်းကိုက တော်တော်ကိုလွန်နေပါပြီ ဒီကြားထဲ လောဘတက်ပြီး အမြတ်အစွန်းပိုရချင်တဲ့ စိတ်တစ်ခုတည်းနဲ့ မသင့်တော်တဲ့ လူကိုအန္တရာယ်ပေးတဲ့ ပစ္စည်းတွေပါထည့်ပြီး စီးပွါးရှာ
မယ်ဆိုလျင် အဲဒါ သမာအာဇီဝမကျနိုင်တာ အမှန်ပါ။
ကျုပ်တိတ်တိတ်ကလေး ချစ်မိတဲ့ အရက်ရောင်းတဲ့မိန်းကလေးက ကျုပ်အရက်လာလာသောက်တိုင်း အမြည်းတခု ခုလုပ်ပေးလေ့ရှိတယ်၊ အဲဒီအမြည်းတွေထဲက ငါးကျည်းခြောက် မီးဖုတ်ကို ကျုပ်အကြိုက်ဆုံးပဲ၊ ကျုပ်တို့ရွာမှာ ငါး
ကျည်းခြောက်ဆိုတာ ၀ယ်စရာမလိုဘူး အင်းထဲသွားစမ်းပြီး နေလှမ်းအခြောက်ခံ ဟန်ကိုကျလို့ ငါးကျည်းမှန်းမသိ ငါးခူမှန်းမသိ အရမ်းစမ်းပြီးသီတံနဲ့ ထိုးဘို့လုပ်လို့ကတော့ ကင်းမြီးကောက်အကိုက်ခံရတာတော်သေးတယ်။ ငါးကျည်း စူးလို့ကတော့လား အဖျားကို တဒီးဒီးနေအောင်ကို တက်တာ။
အခုတော့ အင်းတွေထဲမှာ ငါးမပြောနဲ့ ခရုတောင်မရှိတော့ဘူး။
တနေ့တော့အဲဒီမိန်းကလေးကို ပွဲသွားကြည့်ဘို့ကျုပ်ခေါ်ကြည့်တယ်ဗျ။
အဲဒါသူ့အဖေကို သူသွားပြောတယ်၊ သူ့အဖေက ကျူပ်ကိုခေါ်ပြီး
အေး ခေါ်သွား ပွဲပြီးပြီးချင်း အိမ်ကိုအရောက်ပြန်ပို့ ကြားလား တဲ့။
သူ့အဖေက သူတို့ရွာမှာဆို ဘုရားဒါယိကာ ကျောင်းဒါယိကာ လူရိုသေ ရှင်ရိုသေ တော်ရုံလူပျိုလေးတွေတောင် သူ့သမီးကိုရည်းစားစကားမပြောရဲဘူး။ ကျုပ်က ရည်းစားစကားပြောတာမှမဟုတ်တာ ပွဲသွားကြည့်ဘို့ခေါ်တာပဲ ဘာဆိုင်လိုက်တာမှတ်လို့။
ကျုပ်တို့ရွာနဲ့နည်းနည်းတော့ဝေးတယ်ဗျ၊ နောင်ထပ္ပံဆိုတဲ့ရွာ နောင်ထပ္ပံဆိုတဲ့လှိုဏ်ဂူ နောင်ထပ္ပံဘုရားပွဲ နှစ်ဆန်း
တစ်ရက်နေ့ရောက်တိုင်း တနှစ်တခါကျင်းပတဲ့ပွဲဗျ။
နောင်ထပ္ပံဆိုတာက ဗမာလိုခေါ်တာ ကရင်လိုက နွန်းထားဘောင် လို့ခေါ်တယ်။
ကရင်လိုခေါ်တဲ့ ဗမာလိုအဓိပ္ပါယ်က ဖါးလောင်းအင်း လို့အဓိပ္ပါယ်ရတယ်၊ ဘာကြောင့်လဲဆိုတော့ ဖါးလောင်းလေး
တွေ အများအပြားနေထိုင်ကျက်စားရာ အင်းတွေဖြစ်လို့ ကရင်ဘိုးဘေးတွေက နာမည်ပေးခဲ့တာ။
ဗမာစစ်အစိုးရလည်း အာဏာရလာရော ကရင်နာမည်တွေပျောက်ပြီး မိမစစ် ဘမစစ်တဲ့ နာမည်တွေဖြစ်ကုန်တော့
တာပဲ။
ပွဲပြီးလို့ အိမ်ပြန်ဘို့လုပ်တော့ ကောင်မလေးက အိမ်မပြန်ချင်ဘူးလုပ်လို့ ကျုပ်လည်းတော်တော်အကြိုက်တွေ့သွား
တယ်၊ အဲ မဟုတ်ဘူး အကြပ်ရိုက်သွားတယ်။
သူများတွေက လှည်းစီးပြီးပြန်ကြတယ်၊ သူက လှည်းမစီးဘူးခြေကျင်လျှောက်မယ်ဆိုတော့ ကျုပ်နဲ့သူ လယ်ကွင်း
တွေကိုဖြတ်ပြီး လမ်းလျှောက်ကြတယ်။
လှည်းလမ်းအတိုင်းလျှောက်လို့ကတော့ တော်ရုံနဲ့အိမ်ပြန်ရောက် မှာမဟုတ်ဘူး၊ လယ်ကွင်းထဲဖြတ်လျှောက်ရတာ သာသာယာယာတော့မရှိဘူးဗျို့ ရိတ်ပြီးခါစ ကောက်ရိုးငုတ်တိုတွေက ခြေသားလုံးရိုးတလျှောက်ကိုလာလာထိုးတာ၊ လာထိုးတာမဟုတ်ပါဘူး ကိုယ်ကသွားတိုးတာ။
ကဲအဲဒီအထိအတွေ့အရသာလေး ကျုပ်မမေ့ဘူး။
အဲဒီလိုလယ်ကွင်းတွေထဲဖြတ်လျှောက်လာရင်း သူပြောခဲ့တဲ့စကားတခွန်းက ပိုပြီးအလွမ်းပိုစေပါတယ်။
ဘာကြောင့်လဲမသိဘူး ငါလေ နင့်ကို ငါ့အဖေတွေ ငါ့အစ်ကိုတွေထက် ပိုခင်တယ် တဲ့။
သွားပြီ အဲဒီတုန်းက ကိုးရီယားကားတွေ ဘာတွေအခုလိုရှိသေးတာမဟုတ်ဘူး။
ကဲအဲဒီတော့ ဘယ်လိုကောင်လေးကများ လယ်ကွင်းထဲဖြတ်လျှောက်ခဲ့ဘူးတဲ့ ဒီလိုအဖြစ်ကိုမေ့နိုင်မှာတဲ့လဲ။ ပိုဆိုးတာက လှည်းပေါ်ကလူတွေ ကျုပ်တို့ကိုကြည့်ပြီး နောက်သလိုပြောင်သလို လုပ်သွားတာတွေက ကျုပ်ရင်ကို ခုံစေတာအမှန်ပဲ။
ဒီလိုနဲ့ဗျာ သူ့အိမ်ကိုရောက်တော့ နေအတော်မြင့်နေပြီ၊ သူကတော့ ထမင်းချက်ဟင်းချက်ပေါ့၊ ကျုပ်ကတော့ ကျုပ်
အိမ်ကိုမပြန်တော့ပဲ သူ့အိမ်မှာအိပ်ပစ်လိုက်တယ်၊ ကျုပ်နိုးလာတော့ နေအတော်ပူတာဗျို့ သိတဲ့အတိုင်း တပေါင်း တန်ခူး ဆိုတော့ ခြစ်ခြစ်တောက်ကိုပူတာ၊ ကျုပ်လည်း သောက်ရေအိုးထဲကရေကိုသောက်ပြီး၊ အိမ်ကိုတန်းပြန်ဘို့
ပြင်လိုက်တယ်၊ သူ့အဖေက ကျုပ်ကို ကြည့်နေတာနဲ့တိုးလို့ ကျုပ်က
ဦးလေး နင့်ရဲ့သမီးကို ငါပြန်ပို့ပြီးပြီနော် ငါ့အိမ်ငါပြန်တော့မယ် ဆိုတော့ သူ့အဖေက  
ထမင်းစားပြီးမှပြန် ငါလည်းထမင်းမစားရသေးဘူး လာခဲ့ ဆိုပြီး ထမင်းစားကြတယ်ပေါ့ဗျာ။
အဲဒီမှာ ဟင်းရဲ့အရသာလေးပြောပြမယ်၊ မမေ့နိုင်တာ။
ငါးမြွေထိုးနဲ့ သရက်သီးစိမ်းအစပ်ချက်၊ ကြက်သားနဲ့သရက်သီးစိမ်းဟင်းချို၊ ဟင်းချက်တာက ကျုပ်နဲ့ပွဲအတူသွား
တဲ့ကောင်မလေး။
ထမင်းမစားခင်လေးမှာ သူ့အဖေနဲ့ကျုပ် ထမင်းမြိန်လေးနည်းနည်း လုပ်လိုက်ကြတယ်။
နေပူတော့ များများမသောက်ပါဘူး၊ ထမင်းစားရင်းတွေးလိုက်မိတာက ဒီကောင်မလေး ငါ့အတွက်တသက်လုံးဟင်း ချက်ပေးနိုင်လျင် သိပ်ကောင်းမှာပဲ ဆိုပြီးပြုံးလိုက်မိသေးတယ်၊ ဦးလေးက မင်းဘာတွေပြုံးနေတာလဲ လို့မေးတော့၊ ငါလေ ဟင်းကောင်းကောင်းနဲ့ ထမင်းစားရလျင် အဲဒီလိုပဲပြုံးတတ်လို့ပါ ဆိုပြီးဖြေလိုက်တယ်။
ညနေစောင်းလောက်မှာ အိမ်ပြန်ဘို့လုပ်နေပေမယ့် သိပ်မပြန်ချင်ဘူးဖြစ်နေတယ်၊ လေကလည်းညနေစောင်းလေး
ဆိုတော့ တဖြူးဖြူးနဲ့။
တခါတလေဆို သရက်ကင်းလေးတွေတောင်ကြွေလို့။
ကောင်မလေးက ကျုပ်ကိုလိုက်ပို့တယ်လေ ကျုပ်ကလည်းမပြန်ချင် ပြန်ချင်နဲ့ သူကလည်းမပြန်စေချင်တာနဲ့။ ဒါပေမယ့် အချိန်တန်လျင် အိမ်ပြန်ကြရစမြဲမဟုတ်ပါလား။
ရွာပြင်က အရိပ်ကောင်းတဲ့သရက်ပင်အောက်ကိုရောက်တော့ သူကနင့်ကို ငါပုံပြင်လေးတပုဒ်ပြောပြမယ် ဆိုပြီးပုံပြင်
တိုလေး တပုဒ်ပြောပြတယ်ဗျ။
ဗမာမလေးကို သိပ်ချစ်တဲ့ ကရင်လေးတစ်ယောက်က သူ့ချစ်သူဗမာမလေးကို မခွဲခင်မခွါခင်လေး ဗမာလို သူသိပ်
လွမ်းနေမှာပဲဆိုတာကို ပြောပြတာတဲ့။
အဲဒါလည်း သတိရစရာလေးထဲက တစ်ခုပေါ့လေ။
ကရင်လေးက ဗမာမလေးကို ဘယ်လိုပြောသလဲဆိုတော့
လမည်းမည်းမှာ ဝေးဝေးအော်ရင် ငါနင့်ကို သိပ်ကြွက်မှာပဲ တဲ့။
အင်း ကရင်စကား နားမလည်ရှာတဲ့ဗမာမလေးကတော့ ကရင်လေးဘာတွေ ပြောနေတာလဲမသိဘူးဆိုပြီး ကြောင်
တိကြောင်တောင်ဖြစ်နေမလား ကောင်လေးရှက်မှာစိုးပြီး မရယ်(ရီ)ပဲပြုံးနေမလားလို့ ထင်စရာရှိပေမယ့် အဓိပ္ပါယ်
ရှိရှိ ခံစားချက်အပြည့်နဲ့ ပြောနေတဲ့ကရင်လေးခမျာမှာ မျက်ရည်လေးတွေလည်နေတာကိုတွေ့လိုက်ရတဲ့ ဗမာမလေး လည်း တရှုံ့ရှုံ့နဲ့ငိုရှာသတဲ့။
ပုံပြင်ကိုကြားခါစ ကျုပ်ရယ်(ရီ)မိတယ်၊ သူက ပုံပြင်အဆုံးမှာ
နင်နဲ့ငါက သူတို့လိုမှမဟုတ်တာ နင်ရယ်(ရီ)နိုင်မှာပေါ့ ဆိုပြီး ခေါင်းငုံ့သွားလိုက်တာ တော်ရုံနဲ့ပြန်မော့မလာတော့ဘူး။
ကျုပ်လည်း ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း ပယောင် ဂဲ့ယောင် ပယောင် ဂဲ့ယောင် (ပ်ုယင်ဟှယ့်ယုဂ် ပ်ုယင်ဟှယ့်
ယုဂ်) ဆိုတဲ့ ရွာထဲကအသံနဲ့အတူ ယောက်ျားလေးတွေ သူ့ထက်ငါအလုအယက်ပြေးလာတာတွေ့တာနဲ့ သူ့ကို
နောက်တော့တွေ့ကြတာပေါ့ဟာ နင့်ရွာနဲ့ ငါ့ရွာက ဝေးတာမှမဟုတ်ပဲ
ဆိုပြီး ထားခဲ့လိုက်တာ ဒီနေ့အထိ ပြန်မတွေ့ဖြစ်တော့ဘူး။ အခုလောက်ဆို သူ မြေးဦးချီလောက်ပြီ။
ကရင်လေးပြောတဲ့ ဗမာလိုအဓိပ္ပါယ်ကို ပုံဖေါ်ကြည့်နိုင်အောင် ရေးပြလိုက်ပါတယ်။
ကရင်လေးဆိုလိုတဲ့ လမည်းမည်း ဆိုတာက (တပေါင်းလ)
ဝေးဝေး ဆိုတာက (ပုဇင်းရင်ကွဲကောင်)
 ကြွက် ဆိုတာက (လွမ်းတယ်)။ 
တပေါင်းလ ကရင်လို (လာသိုင့်)။ 
ပုဇင်းရင်ကွဲကောင် ကရင်လို (ယါင်-ယါင်ဟှေဝ်- ယါင်ယေ၀်)။ 
လွမ်းတယ် ကရင်လို (ယူ.)။
ကရင်လို သိုင့် ဗမာလို မည်းသည်။ 
ကရင်လို ယါင် ဗမာလို ဝေးသည်။ 
ကရင်လို ယူ. ဗမာလို ကြွက်သတ္တ၀ါ။
နောက်တစ်မျိုး (လွမ်းသည်)
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Saturday, July 28, 2012
ဘာဆက်လုပ်ကြမလဲ
ဘာဆက်လုပ်ကြမလဲ
(မင်းစိုးစံ)
ကရင်မတွေက အရမ်းလွယ်တာပဲ ဆိုတဲ့ စကားမျိုးကြားဘူးကြပါသလား။
ကြားရတာ သိပ်တော့အဆင်မပြေဘူးဆိုတာ သိပါတယ်။
ဘယ့်နှယ်ဗျာ ကရင်မတွေက သိပ်လွယ်တာပဲဆိုကတည်းကိုက အရင်းမရှိအဖျားမရှိ တုံးတိတိကြီးလေ။ ဒီစကားကိုပြောတဲ့လူတွေက ကရင်မနဲ့အိမ်ထောင်ကျအပြီး စီးပွါးရေးမှာ အတော်အသင့်အောင်မြင်သွားတယ်
လို့ ပြောနိုင်တဲ့တရုတ်တွေပါ။
သိတယ်မဟုတ်လား ၀မ်းခါ(ကော်မူးရာ)ကရင်တွေရဲ့ ရွှေခေတ်က စခန်းလေးကို ပြန်သွားကြည့်ကြပါစို့။ အဲဒီအချိန်တုန်းက တရုတ်အတော်များများဟာ လောက်ဗန်လိုလို ဘာလိုလိုနဲ့ ကုန်မျိုးစုံဆိုင်ကလေးတည်၊ ပြီးတော့ ကရင်မလေးတွေကို အိမ်ဖေါ်အဖြစ်ငှား နောက်တော့ မယားလုပ်လိုက်ကြတာ အတော်များတာပဲဗျ။ ကျုပ်ရည်းစားတစ်ယောက်တောင် တရုတ်ကြီးကိုလင်တော်ပစ်လိုက်တာ။
အဲဒီတော့ သူများနဲ့ညားတဲ့ ငါ့ရည်းစား ဆိုလား၊ ကျော်တော့လှေသူကြီး ညားတော့လှေထိုးသား ဆိုလား။ အူကြောင်ကြောင်နဲ့ အသဲကွဲသလိုလို၊ လွမ်းနာကျသလိုလိုနဲ့ အရက်ကလေး တစ်ကျပ်ဘိုးလောက်သောက်ပြီး တစ်ရာဘိုး လောက်မူးခဲ့လိုက်သေး။
တရုတ်တွေကို ကရင်မတွေက ဘာကြောင့်လင်တော်ကြသလဲ။
ကရင်မတွေကို တရုတ်တွေက ဘာကြောင့် မယားလုပ်ကြသလဲ။
ကျုပ်အမြင်ကတော့ ကျုပ်တို့ကရင်အမျိုးသမီးငယ်လေးတွေမှာ စာပေမတတ်တဲ့ ပညာရေးချို့တဲ့တဲ့ ဦးရေကများ
လေတော့ ရုပ်ပိုင်းဆိုင်ရာအရ တရုတ်တွေကို အထင်ကြီးအားကိုးကြတာမို့ အခုလိုတရုတ်ကို လင်လုပ်လိုက်ကြ
တာ ဖြစ်နိုင်စရာရှိပါတယ်။
တရုတ်တွေက ဘာကြောင့် ကရင်မတွေကို မယားလုပ်သလဲ။
ကရင်မတွေက အများအားဖြင့်ရိုးသားကြတယ်၊ အထူးသဖြင့် ဖိုမ ဆက်ဆံရေးမှာကင်းကင်းရှင်းရှင်းရှိတာများတယ်၊
နောက်တစ်ချက်က ကရင်လိုပြောဆိုတတ်တဲ့အခါကျတော့ လက်ရှိဆိုင်ကလေးဟာ ပိုပြီးရောင်းအားကောင်းလာ
တယ်၊ စီးပွါးရေးအရ တွက်ချေကိုက်တယ်။
နောက်တစ်ခုက ကရင်မတွေဟာ နားပူနားဆာမလုပ်တတ်ကြဘူး၊ တရုတ်တစ်ယောက်ပြောတာက ကရင်မတွေဟာ ဆန်တစ်ပုံးနဲ့ငါးပိတစ်ကီလိုလောက်ရှိလျင် ဘမျှပူစရာမလိုဘူး၊ တခြားအမျိုးသမီးကိုယူလျင်ဟိုဟာ
လုပ်ပေးပါ၊ ဒီဟာဝယ်ပေးပါ၊ ဆိုတော့ ဆိုင်မှာရင်းနှီးဘို့ ငွေလျော့တယ် စီးပွါးရေးချဲ့လို့မရဘူး၊ ဒါကြောင့် ကရင်မကို
 ပဲ ယူတာကောင်းတယ်။ လက်ထပ်စားရိတ်လည်း မကုန်ဘူး။ အဲဒါသူ့အပြော။
စီးပွါးရေးလည်းတက်လာရော ဟော ကရင်မဗျာများပြီ၊ ပေါက်ဖေါ်က နောက်ထပ်အငယ်လေးတွေနဲ့ ဇယားကိုရှုတ်
နေတာ၊ ကွဲမယ် ခွါမယ်လုပ်ဘို့ကြပြန်တော့ ဟော ကရင်မမှာ ငွေတစ်ပြားမျှမရှိဘူး၊ကလေးတွေနဲ့ ဘာဆက်လုပ်
မလဲ။ ဒီတော့ ဗမာစကားပုံ တစ်ခုလိုပေါ့ အပျိုလိုမနေမိလို့ ကိုယ်ရိတယ်လေး ဆိုတာလေ။
ကရင်အမျိုးသားတစ်ယောက်နဲ့ တရုတ်အမျိုးသားတစ်ယောက်ကို ယှဉ်ကြည့်လိုက်ကြပါစို့။ အသက်တူရွယ်တူဆိုပါတော့၊ တရုတ်က ဆိုင်ခန်းလေးဘာလေးဖွင့်ပြီး ကိုယ်ပိုင်အလုပ်လုပ်နိုင်ပြီးတော့ ကရင်အမျိုး
သားကြတော့ ဘာကြောင့် သူများဆိုင်သေးသေးလေးမှာ အကူလုပ်ရသလဲ။
တခြားနယ် တခြားဒေသကို မပြောဘူး ကရင်ပြည်ထဲက ကော်မူးရာ(၀မ်းခါ)လို နေရာမျိုးမှာပဲကြည့်လိုက်။ တရုတ်က စားသောက်ဆိုင်ဖွင့်တယ် ကရင်က စားပွဲထိုးလုပ်မယ်၊ ပန်းကန်ဆေးမယ်။
တရုတ်က အလှကုန်ဆိုင်လေးဖွင့်မယ် ကရင်က ပစ္စည်းလေးတွေကူသယ်မယ်၊ ကူရောင်းမယ်။
အဲဒီတော့ ကရင်မက ကရင်လေးကိုချစ်ပေမယ့် မြတ်နိုးပေမယ့် ဆိုင်ပိုင်လေးနဲ့နေချင်တော့ ကရင်လေးအဆွေး
သမားဖြစ်တာကို ကြေကြေနပ်နပ်ကြီးကြည့်နိုင်ရမှာပေါ့။
သံယောဇဉ်လေးကလည်း မကုန်တတ်တော့ နင်လိုချင်တာရှိလျင် ငါ့ဆိုင်မှာလာယူနော် ပိုက်ဆံတပြားမှပေးဘို့မလို ဘူး ပြောတာကျတော့ တကယ့်စေတနာနဲ့ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကြားရတဲ့ကရင်လေး ခမျာမှာတော့ နှလုံးသား
ကိုခြေမွခံရယုံမက အစော် ကားခံလိုက်ရသလို ဖြစ်သွားခဲ့မယ်ဆိုလျင် ပွဲကြမ်းသွားနိုင်ပါတယ်၊ ကြမ်းလည်းကြမ်းခဲ့ပါ တယ်။
ဒီတော့ ကရင်တွေက ဘာကြောင့်ကိုယ်ပိုင်အလုပ်လုပ်ဘို့မစဉ်းစားကြသလဲဆိုတာ မေးစရာရှိလာပါတယ်၊ ကရင်
ဆိုတဲ့အမျိုးက မွေးလာကတည်းက ငါးပိနဲ့လူဖြစ်လာတာဆိုတော့ သူတို့အတွေးထဲမှာ ငါ့သမီးကြီးလာလျင် ဘန်
ကောက်မှာ သူများအိမ်ဖေါ်သွားလုပ်ခိုင်းမယ်၊ ငါတို့လို ဆင်းဆင်းရဲရဲ လယ်မလုပ်ခိုင်းဘူး။
ကဲအတွေးအခေါ်ကိုက အင်မတန်အိုးနင်းခွက်နင်းနိုင်နေတာ၊ အဲဒီလို အိုးနင်းခွက်နင်းဖြစ်အောင်ကို ဗမာစစ်အစိုး
ရက ဖန်တည်းနေတာ။ စီးပွါးရေးအရ၊ ပညာရေးအရ၊ လူမှုရေးအရ၊ ယဉ်ကျေးမှုအရ၊ နိုင်ငံရေးအရ၊ အားလုံး မှ အားလုံး နည်းလမ်းပေါင်းစုံနဲ့ တိုင်းရင်းသားတွေအပေါ် နာလန်မထူနိုင်အောင် ခေတ်အဆက်ဆက်ပိပိရိရိ စနစ်တ ကျဖိနှိပ်အနိုင်ကျင့်နေခဲ့လိုက်တာ ဒီကနေ့အထိ။
တရုတ်အမျိုးသားတွေကျတော့ စွန့်စားရဲကြတယ်၊ သူတို့မှာ ခံယူချက်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ ငွေကြေးချမ်းသာချင်သလား ငွေရတဲ့အလုပ်မှန်သမျှ အကုန်လုပ်၊ တရားတယ်၊ မတရားဘူး၊ သမာအာဇီဝကျတယ်၊ သမာအာဇီဝမကျဘူး၊ ဘာမျှတွေးမနေနဲ့ ငွေရလျင်အားလုံးလုပ်။
ဒါကသူတို့တတွေရဲ့ ခံယူချက်။
နောက်တစ်ခုက တရုတ်ဘုံကျောင်းတွေမှာ ကိုယ်လုပ်ချင်တဲ့ စီးပွါးရေးအကြောင်းပြောပြပြီး လိုအပ်တဲ့အရင်းအနှီး
ကို တောင်းလို့ရတယ်၊ ကော်မူးရာလိုနေရာမျိုးမှာ ကုန်စုံဆိုင်ဖွင့်မယ်ဆိုလျင် မဲဆောက်က တရုတ်ဘုံကျောင်းမှာ အကူအညီတောင်းနိုင်တယ်၊ ဆိုင်ပေါ်တင်မယ့် ကုန်ပစ္စည်းတွေကို တရုတ်သူဌေးဆီမှာ အကြွေးနဲ့ယူလို့ရတယ်၊ တစ်ယောက်ကို တရုတ်ဘုံကျောင်းကနေပြီး သုံးကြိမ်အကူအညီပေးတယ်၊ သုံးကြိမ်ကူညီပြီးတဲ့နောက် ဘာမျှဖြစ်မ
လာဘူးဆိုလျင် အကူအညီတွေကိုရပ်ပြီး သင့်တော်ရာတရုတ်ဆိုင်တဆိုင်မှာ လစာနည်းနည်းနဲ့အလုပ်လုပ်ရတယ်
လေ့လာသင်ယူခိုင်းတယ်။
အဲဒီလိုလေ့လာသင်ယူပြီးလို့ နောက်ထပ်ဆိုင်ပြန်ဖွင့်ပြီဆိုလျင် အဲဒီလူ တော်ရုံနဲ့စီးပွါးမပျက်နိုင်တော့ဘူး။ ရန်သူမျိုးငါပါးရန်က လွဲလျင်ပေါ့လေ။
ကဲ ဒီကနေ့ ကျုပ်တို့ကရင်အမျိုးသားတစ်ယောက်က ဆိုင်လေးတဆိုင်ဖွင့်ဘို့ အစီအစဉ်လေးရှိတယ်ဆိုပါတော့ဘယ်
သူအရင်းထုတ်ပေးမှာလဲ။
ဘန်ကောက်ကို ကျွန်လုပ်ဘို့သွားမယ်ဆိုလျင်တော့ ငွေတိုးချဘို့စောင့်နေတဲ့ ကရင်ငွေရှင်ကြေးရှင်တွေက ပေါပါဘိ။ တရုတ်ဘုံကျောင်းလို ကရင်တွေမှာ ငွေအရင်းအနှီးထုတ်ပေးတဲ့ နေရာဌာနဆိုတာကရော ဘယ်မှာလဲ။ စဉ်းတောင်မစဉ်းစားမိဘူး။
ပြောစရာရှိတာက တရုတ်တွေငွေရှာတဲ့နေရာမှာ သမီးအရင်းကိုတောင် ရောင်းစားပစ်တာဗျို့။
တခြားလူသတ်မှုတို့ ဓါးပြမှုတို့ ဆိုတာကို စာရင်းထဲတောင်ထည့်တာမဟုတ်ဘူး။
အဲဒါကတော့ ကျုပ်ကိုယ်တိုင်မြင်တွေ့ခဲ့ရတာပါ။
အဲဒီပေါက်ဖေါ်ကြီးက ကရင်မကိုယူထားပြီးစီးပွါးရှာတာ၊ တော်တော်ကြီးပွါးခဲ့ပါတယ်။
သူက တခြားမိန်းကလေးတွေနဲ့ရှုတ်ပြီး စီးပွါးကျသွားလိုက်တာ နောက်ဆုံး အဲဒီကရင်မနဲ့ရထားတဲ့ သမီးလေးကို အကြွေးပေးစရာရှိတဲ့ လူရဲ့လက်ထဲကို ထည့်လိုက်ရပါတော့တယ်။
အဲဒီညက ပေါက်ဖေါ်ကြီးခမျာ အရက်ခွက်ထဲကို မျက်ရည်တွေကျလို့။
သူ့နောက်ဆုံးခရီးကို သမီးဖြစ်သူလုံးဝ မလာဘူးတဲ့။
ဘယ်လာချင်ပါ့မလဲလေ အဖေလုပ်တဲ့သူ လူကြီးတစ်ယောက်ရဲ့လက်ထဲကို အအပ်ခံရတဲ့အချိန်က အဲဒီမိန်းကလေး
မှာ ရာသီပန်းတောင် မပွင့်သေးဘူးတဲ့။
အဲဒီတော့ တရုတ်တွေ ကရင်မနဲ့ညားတာမဆန်းပါ။
ကရင်မတွေ တရုတ်ကိုယူတာမဆန်းပါ။
ကရင်လေး အသည်းကွဲတာ မဆန်းပါ။
ကရင်လေး သူများကျွန်ဖြစ်တာ မဆန်းပါ။
ကရင်လူမျိုးပျောက်တော့မယ်ဆိုတဲ့ အတွေးလေးများရှိကြမယ်ဆိုလျင်ဖြင့်
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
မှတ်ချက်
ကရင်မ လို့ သုံးထားပေမယ့် တခြားလူမျိုး မ တွေလည်း သတိထားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
Tuesday, July 24, 2012
အပ်မပါသောဆေးထိုးပြွန်
ဆေးထိုးအပ်ကြောက်သူများအတွက် အပ်မပါသောဆေးထိုးပြွန် တီထွင်လိုက်ပြီ
ဇူလိုင်လ 24, 2012
ရဲရင့်နိုင်
အပ်မပါသော ဆေးထိုးပြွန်အတွက် အကျိုးရှိစေကြောင်း လေ့လာတွေ့ရှိမှုတစ်မျိုးကို မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် (MIT) မှ သုတေသီိများက ဖန်တီးလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။
ဂျက်ပြွန်ဟုခေါ်ရမည့် ဆေးထိုးပြွန်တွင် သေးငယ်ပြီး အားကောင်းသော သံလိုက်ငယ်နှင့် လျှပ်စီးကြောင်းကိုသုံးထား
ပြီးဆေးဝါးများကို အသံ၏အမြန်နှုန်းနီးပါးဖြင့် ထိုးသွင်းနိုင်သည်။
လျှပ်စစ်စီးကြောင်း၏ အမြန်နှုန်းမှာ နှစ်ဆင့်ရှိပြီး ပထမအဆင့်တွင် အရေပြားကို ဖောက်ဝင်ပြီး လိုအပ်သည့်အမြ
န်နှုန်းဖြင့် ဝင်သွားမည်ဖြစ်ကာ ဒုတိယအဆင့်နေဖြင့် ခန္ဓာကိုယ်က စုပ်ယူဖြန့်ဝေနိုင်ဖို့ ဆေးကို တဖြည်းဖြည်းဖြန့်
ဝေပေးရာတွင် ပထမအဆင့်လောက် မမြန်ပဲ အရှိန်နှုန်းနှေးကွေးသွားမည်ဖြစ်သည်။
ဆေးဝင်သွားမည့်အပေါက်အရွယ်ပမာဏမှာ ခြင်ကိုက်ရာတွင်ဖြစ်သောအပေါက်အငယ်အရွယ်မျှသာဖြစ်မည် ဖြစ်
သည်။
လက်ရှိအချိန်တွင် ယင်းသို့သောဆေးထိုးပြွန်အချို့ရှိနေပြီး ဖြစ်သော်လည်းယင်းတို့ထက် အားသာသည့်အချက်မှာ ထိုးသွင်းသည့်အမြန်နှုန်းသည်
အထက်တွင်ဖော်ပြထားသည့်အတိုင်း နှစ်ဆင့်ခွဲနိုင်သောကြောင့်ထိုးသွင်းလိုက်သည့် ဆေးရည်ကို ကောင်းမွန်စွာ ပြန့်နှံ့စေနိုင်ခြင်းဖြစ်သည်။
ကလေးငယ်များကို ထိုဆေးထိုးအပ်အသုံးပြုပြီး ဆေးထိုမည်ဆိုပါက လူကြီးတွင်ထိုးသည့် အမြန်နှုန်းအတိုင်မဟုတ် ပဲ လျှော့ချ၍ရနိုင်
မည်ဟုလည်းဆိုပါသည်။
အနာဂတ်တွင် အပ်မပါသော ဆေးထိုးပြွန်များသည် မနာကျင်စေရန်အတွက်မဟုတ်တော့ပဲ ဆေးမှုန့်ကို အရည် အနေအထားပြောင်းပြီး အရေပြားအတွင်းဝင်ရောက်စေခြင်းကဲ့သို့အားသာချက်များပါရှိလာရန် ကြိုးပမ်းနေကြသည်
ဟု ဆိုပါသည်။
ယင်းအားသာချက်ကြောင့် ထိုးဆေးအရည်များကဲ့သို့ပျက်စီးလွယ်ခြင်း၊ အအေးခံထားရခြင်းမရှိသည့် ဆေးမှုန့်များ
ကို အလွယ်တကူယူဆောင်သုံးစွဲနိုင်ခြင်းဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်သည့် အကျိုးကျေးဇူးကိုပါ ရရှိလာရန်မျှော်လင့်ထားကြသည်။
http://multivitaminforall.blogspot.com/
Copy from  http://satekuupuyar.blogspot.com/2012/07/blog-post_8791.html
Monday, July 23, 2012
ကိစ္စပြီးပြီးချင်း အိပ်ပျော်တော်မူသော ကိုယ်တော်များ
ကိစ္စပြီးပြီးချင်း အိပ်ပျော်တော်မူသော ကိုယ်တော်များ
Category: မောက္ခနိုင်ငံတကာသတင်း
Monday, 23 July 2012 
Written by မောက္ခ
အမျိုးသမီးတွေက သိပ်ကို စိတ်ပျက်ရပါသတဲ့။
ဒါပေသိ သိပ္ပံပညာရှင်တွေကတော့ ပုရိသ အမျိုးသားများဖက်က ရပ်တည်ပေးစရာ ဆင်ခြေကို သုတေသနပြု ရှာဖွေတွေ့ရှိပြီဆိုပဲ။
ကိစ္စပြီးပြီးချင်း အိပ်ပျော်သွားတတ်တဲ့ ကျားကျားလျားလျား ပုရိသများနဲ့ ပတ်သက်လို့ပါ။
ဝါး… အိပ်ချင်လိုက်တာ။
ပုရိသများရဲ့ ဦးနှောက်က အဲဒီလို အိပ်ပျော်သွားစေဖို့ အချက်ပေးလို့ပါတဲ့။
သုတေသီများရဲ့ သိပ္ပံသုတေသန အဆိုအရက ဒီလိုပါ။
သာယာမှု အထွဋ်အထိပ်၊ ဖောဋ္ဌဗ္ဗအာရုံရဲ့ အရသာ၊ အကြင်နာရဆုံးရဲ့ လက်ဆောင်၊ အကောင်းဆုံးကို ခံစားပြီး ပြီးချင်းမှာပဲ ပုရိသများဟာ… မိနစ်မဆိုင်း ခလော… ခလော.. ခလော။
ရွှေအိပ်မက်များ မက်လို့။
ဘေးကချစ်သူကိုတော့ မေ့မေ့ လျော့လျော့။
ခွင့်လွှတ်ပါကွယ်။
ဆောရီး။
ဒါပေသိ မျိုးနွယ်စု မတူသူ က္ကုတ္ထိယများ ခမျာမှာတော့ မျက်နှာကြက်ကိုသာ မော့ကြည့်ရင်း အိပ်လို့က
မရသေး။
တောက်… သေနာ။
ကာမအထွဋ်အထိပ်ကို ခံစားပြီးခါစ ပုရိသ သတို့သားများစွာကို သုတေသနက စကင်ဖတ်ကြည့်ခဲ့ပါတယ်။
“တွေးတောမှု” အလုပ်လုပ်တဲ့ ဦးနှောက်ရှေ့ဖက်ပိုင်း (အပြင်လွှာ) cerebral cortex ဟာ အထွဋ်အထိပ်ရောက်ချိန်
မှာပဲ လုံးဝကိုရပ်ဆိုင်းသွားပါသတဲ့။
နောက်ထပ်လို့ နေရာ ၂ ခုဖြစ်တဲ့ ကာယလှုံဆော်မှုအပေါ် အာရုံခံစားမှုနယ်ပယ် cingulated cortex နဲ့ စိတ်ခံစား
မှု နယ်ပယ် amygdala တို့ဟာ လိင်စိတ်ဆန္ဒကို ပြေလျော့သွားစေပြန်ပါသတဲ့။
သိုင်းကျူးပါကွယ်။
“ဒီစမ်းသပ်မှုတွေက အထွဋ်အထိပ်ကို ရောက်ရှိ ခံစားနေတုန်း ဦးနှောက်ထဲမှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို သဲလွန်စတွေ ပေးခဲ့ပါတယ်။” ပြင်သစ် အစိုးရ သိပ္ပံပညာရှင် Serge Stoleru ကို ကိုးကားပြီး Mirror သတင်းစဉ် ထဲမှာ ဖော်ပြခဲ့ပါတယ်။
“အမျိုးသမီးများအတွက်တော့ ဒါဟာ ကွာဟချက်ပါပဲ။”
ပြင်းထန်လှတဲ့ ခံစားမှု နောက်ပြန်ဆုတ်သွားတဲ့ အခိုက်အတန့်ရယ်လို့ အမျိုးသမီးများမှာတော့ မရှိဘူးတဲ့လေ။ ခက်တော့တာပဲ။
ကိုယ်ခန္ဓာတစ်ခုလုံး ငြိမ်သက်သွားပြီး နောက်တချီအတွက် အနားယူတဲ့ အခိုက်အတန့်။
ကိုယ်က လိုအပ်နေဆဲ။
သူကတော့ဖြင့် ရွှေရောင်အိပ်မက်များ မက်လို့။
မောက္ခဆေးပညာ သိပ္ပံသတင်း
Source: ANI/ London
Copy from http://www.maukkha.org/index.php/news-menu/international-news-maukkha/2234-orgasm
Sunday, July 22, 2012
နေ့ စဉ်ပွားပါ ဤငါးဖြာ
နေ့စဉ်ပွားပါ ဤငါးဖြာ
(၁)
ငါသည် အိုခြင်းသဘောရှိသည်ဖြစ်၏။ 
အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။ 
(၂)
ငါသည် နာခြင်းသဘောရှိသည်ဖြစ်၏။ 
နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။ 
(၃)
ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။
သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။ 
(၄)
ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည်လည်းကောင်း၊ ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲကွဲရခြင်းသည်လည်းကောင်း ဖြစ်တတ်ချေ၏။ 
(၅)
ငါသည် ကံသာလျင် မိမိဥစ္စာရှိသည်၊ ကံသာလျင် အကြောင်းရင်းရှိသည်၊ ကံသာလျင် အမွေခံရှိသည်၊ ကံသာလျင် အဆွေအမျိုးရှိသည်၊ ကံသာလျင် ကိုးကွယ်လဲလျောင်းရာရှိသည် ဖြစ်၏။
ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်းဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှုမကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။ 
အဘိဏှသုတ် 
မူရင်း= http://www.facebook.com/photo.php?fbid=487790814568271&set=a.267161716631183.84836.100000120712020&type=1&theater
Copy from http://satekuupuyar.blogspot.com/2012/07/blog-post_2.html
အသေချောင်တယ်ဆိုတာ ဘာလဲ
အသေချောင်တယ်ဆိုတာ ဘာလဲ 
By မင်းစိုးစံ
ဟေ့ လူ၊ ခင်ဗျားပို့စ်တွေမတင်တာကြာလှပြီ ဘာဖြစ်လို့လဲ နေမကောင်းလို့လား။
သူများရေးထာတာတွေ တင်ပေးထားတယ်လေ။ 
ခင်ဗျားကိုယ်တိုင်ရေးတာပဲတင်မယ်ဆို ခင်ဗျားမှာကုန်ကြမ်းတွေ အများကြီးရှိနေတယ်ဆို ခင်ဗျားပဲပြောခဲ့တာလေ၊ စကားဆိုတာ ကြည့်ပြောရတယ်။
လုပ်နိုင်တာထက် လျှော့ပြောရတယ် လုပ်နိုင်သလောက်မပြောရဘူး။
လုပ်နိုင်သလောက်ပြောပြီး မလုပ်ဖြစ်ဘူးဆိုလျင် ခင်ဗျားဟာ ပြောပြီးမလုပ်တဲ့ လေပေါကြီး ဖြစ်သွားမှာပေါ့။ ကရင်သင်ပုန်းကြီးကို အသံနဲ့တင်မယ်၊ ရုပ်သံဖြစ်အောင်ဖန်တည်းမယ်ဆို ဘယ်မှာတုန်း အသံလည်းမကြား စာ
သားလည်းမတွေ့နဲ့။ 
ခုခေတ် ကရင်လေးတွေက စာဖတ်အားနည်းကြတယ်လေ၊ ဗမာစာနဲ့ရေးထားတာတောင် ဖတ်တဲ့သူမရှိတာဗျာ၊ ကရင်လိုရေးတော့ ပိုဆိုးမှာပေါ့၊ ဒါကြောင့်အချိန်ကုန်ပြီး လူအများစုစိတ်မ၀င်စားတဲ့ အလုပ်မျိုးမလုပ်ဘူးဗျာ။
ခင်ဗျားရဲ့ ဆင်ခြေက ခိုင်လုံမှုမရှိပါဘူး၊ ထားလိုက်ပါတော့ ကရင်လူငယ်တွေက စာဖတ်အားနည်းတယ်ဆိုပေမယ့် ခင်ဗျားမရေးခင်တုန်းက ဒီအချက်ကို ဘာပြုလို့မစဉ်းစားခဲ့တာတုန်း၊ 
ဘာလဲ ခင်ဗျားအခုလို ပို့စ်တွေတင်နေတာက ပိုက်ဆံရလို့တင်နေတာလား။ 
ခင်ဗျားသိပါတယ်ဗျာ ၀ါသနာရှိလို့ရေးတာပါ ပြီးတော့ မှတ်တမ်းလေးဘာလေးအဖြစ်နဲ့ရေးနေတာပါ။
ဒီလိုပြောတယ်ဆိုကတည်းကိုက ခင်ဗျားစောစောက ပြောခဲ့တဲ့ ကရင်လူငယ်တွေ စာဖတ်အားနည်းတယ်၊ စိတ်ပါ
ဝင်စားမှုနည်းတယ် ဆိုတဲ့ ခင်ဗျားရဲ့အကြောင်းပြချက်က လုံးဝကိုမခိုင်လုံဘူး။
လူတွေဟာ ကိုယ့်အားနည်းချက်ကို ကိုယ်ကိုယ်တိုင်သိနေပေမယ့် ကိုယ့်ကိုယ်ကိုလျှော့ပေါ့ပြီးသုံးသပ်တတ်ကြတာ ဓမ္မတာပဲဗျ။ 
နောက်ပြီးတော့ ကိုယ်လုပ်နိုင်တာတွေ လုပ်သင့်တာတွေကိုသိနေလျက်သားနဲ့ ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး မလုပ်ပဲနေတတ်ကြသူတွေက အများကြီး။ 
အထူးသဖြင့် ခင်ဗျားလို အဆီတွေအများကြီးနဲ့ ၀ဖိုင့်ဖိုင့်ကိုယ်ခန္ဓာတည်ဆောက်ထားတဲ့လူုတွေဟာ အင်မတန်
ဖင့်နှေးနေတတ်ကြတာဗျို့။ 
ကဲကဲ ရေးဗျာ သူများတွေ ဖတ်မယ်မဖတ်ဘူးဆိုတာ ကျုပ်အတိအကျမပြောနိုင်ပေမယ့် ကျုပ်ကိုယ်တိုင်ကတော့ ခင်ဗျားရဲ့အရေးအသားကို သဘောကျတယ်။ 
တခါတလေကလွဲလျင်ပေါ့။ 
ဟုတ်ပြီ ဘာအကြောင်းရေးမလဲ၊ သူများအကြောင်းတွေရေးမှာလား၊ သူများအကြောင်းရေးလျင် ကိုယ်ရေးချင် တဲ့သူရဲ့ကြောင်းကို စာရေးမယ့်ကျုပ်ကဘယ်လောက်သိလို့လဲ။
ကျုပ်အကြောင်းကိုရေးမယ်ဆိုလျင် ကျုပ်ကိုယ်တိုင်လျှောက်လာခဲ့တဲ့လမ်းက ဘယ်လောက်မှန်ကန်လို့လဲ၊ မှတ်
သားအတုယူစရာကောင်းတဲ့ အချက်တွေဘယ်လောက်ရှိလို့လဲ၊ သဘာဝအကြောင်းရေးမယ်ဆိုလျင် သဘာဝတ
ရားကို ကျုပ်ဘယ်လောက်နှိုက်နှိုက်ချွတ်ချွတ် သိနားလည်ထားသလဲ။
တစ်ခုတော့ရှိတယ် အဲဒါက သဘာဝအကြောင်းရပ်ပေါ်ခံစားရတဲ့ ကျုပ်ရဲ့ခံစားချက်ကိုရေးမယ်ဆိုလျင်တော့ ရေး
လို့ရမယ်ထင်တယ်၊ ခံစားချက်ဆိုတော့ တစ်ယောက်တမျိုးစီလေ။
ကောင်းပြီ သဘာဝဆိုတဲ့နေရာမှာ သက်ရှိသဘာဝ သက်မဲ့သဘာဝ ဆိုပြီးနှစ်မျိုးရှိ တယ်ပဲဆိုပါစို့။
ဒါက ကျုပ် တစ်ယောက်ထဲ အမြင်ပါ။
သက်ရှိဆိုတဲ့နေရာမှာ ဘယ်လိုအရာတွေကို သက်ရှိလို့ သတ်မှတ်သလဲဆိုတဲ့ မေး ခွန်းကရှိလာပြန်ပါတယ်။ အဲဒါတွေကိုတော့ကျုပ်မရေးပြတတ်ဘူး၊ ကျုပ်မှနှိုက်နှိုက်ချွတ်ချွတ်တိတိ ကျကျမသိ တဲ့ဥစ္စာ။
လူကတော့ သက်ရှိသတ္တ၀ါဆိုတာ သေခြာတယ်၊ အဲဒီတော့ လူ့သဘာဝနဲ့ပတ်သက်တဲ့ ကျုပ်ရဲ့ခံစား ချက်ကိုရေး
ကြည့်မယ်။
လူ့သဘာဝအရ မွေးမယ် သေမယ်။ လူ့ဘ၀ဆိုတာ မွေးရာ ကနေ သေတဲ့အထိ လူ့ဘ၀ လို့သတ်မှတ်တတ်ကြသလို အသက်ရှူသွင်း ရှူထုတ်လုပ်တဲ့ကြားကာလတစ်ခုကို လူ့ဘ၀လို့ သတ်မှတ်ပြန် ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူဖြစ်လာတယ်ဆိုကတည်းက သေဘို့ပါ၊ နေဘို့မဟုတ်ပါဘူး သေမယ့်နေ့တနေ့ ဆိုတာ လူတိုင်း
အတွက်ဆုလဒ်ဖြစ်ပါတယ်။
အသက်ရှင်နေတဲ့အချိန်မှာ ဘယ်လိုနေထိုင် ကျင့်ကြံရမယ်ဆိုတာ ကို လေ့လာမှတ်သားထားခြင်း အားဖြင့်သေခြင်း
တရားကိုဘယ်လို ဖြတ်သန်းမလဲဆိုတာ တွေးကြည့်မိပါတယ်။ အနေချောင်လျင် အသေကြပ်မယ်ဆိုပဲ။
ဘယ်လိုအနေချောင်လို့ ဘယ်လိုအသေကြပ်မှာလဲ ကျုပ်မတွေးတတ်ဘူး လူ့လောကကြီးမှာ ရုန်းကန်လှုပ်ရှားနေရ
တာ ချောင်တယ်ဆိုတာဘာမှန်းကိုမသိတာ ဒါကတော့ ကျုပ်ဖြတ်သန်းလာတဲ့ဘ၀တစ်လျှောက် ခံစားရတာကိုပြော
တာ၊ ရောက်လိုက်တဲ့ဒုက္ခ၊ ခံစားလိုက်ရ တဲ့ဝေဒနာ၊ ဖြစ်လိုက်ရတဲ့ဒေါသ၊ ကြိတ်ခံနေရတဲ့မကြေနပ်မှု၊ကျလိုက်တဲ့
မျက်ရည်၊ လုပ်လိုက်ရတဲ့ဒုစရိုက်၊ ဖြစ်လိုက်တဲ့ အကုသိုလ် ဘယ်မှာချောင်လို့လဲ။
ဒါဆို အသေမှာချောင်မယ်လို့ထင်သလား၊ ဝေးသေး။
ကျုပ်အမေ June 06 2012 Tuesday 2:00 PM မှာဆုံးတယ်။
သူအသက်ရှူတာကိုကြည့်လိုက်မြင်လိုက်တော့ မချောင်ပါဘူး။
ရင်ဘတ်တစ်ခုလုံးဟာ ပန်းပဲမှာသုံးတဲ့ ဖိုလိုပါ။
မြင့်လာလိုက် နိမ့်သွားလိုက်၊နောက်ဆုံး နိမ့်လာတာမရှိတော့ပဲ မြင့်သွားလိုက်တာ မျက်ဖြူလန်ပြီးငြိမ်ကျသွားပါ
တယ်။
ကျုပ်အမေလည်း သူ့ဘ၀တစ်လျှောက် နေထိုင်စားသောက်လာတာ ချောင်တယ်ရယ်လို့မရှိရှာပါဘူး။ တစ်လုပ်တစ်ဆုပ်စားရဘို့အရေး အပြေးအလွှားပဲ သေတဲ့အခါကျတော့လည်း အသက်ကိုပြင်းပြင်းထန်ထန် အလု အယက်ရှူရှိုက်ရတာပါ ဘယ်မှာချောင်လို့တုန်း၊ ကဲ အနေချောင်လျင်အသေကြပ်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ကျုပ်မသိဘူး။
လူရယ်လို့ဖြစ်လာတဲ့နောက်တော့ ချမ်းသာသူပဲဖြစ်ဖြစ် ဆင်းရဲသားပဲဖြစ်ဖြစ် ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် မိန်းမ
ဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် အားလုံးအားလုံး တစ်ယောက်မကျန် အင်မတန်ကိုအနေကြပ်လှပါတယ်။
သေတော့ကော အသေချောင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
ကျုပ်လူသေတာ အများကြီးတွေ့ဘူးတယ်၊ AIDS HIV စတဲ့ရောဂါနဲ့သေတဲ့သူ၊ ကားတိုက်ပြီးသေတဲ့လူ၊ သေနတ်
မှန်ပြီးသေတဲ့လူ၊ ဓါးထိုးခံရလို့သေတဲ့လူ၊ ကိုယ့်ကိုယ်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး သတ်သေသူ၊ ရေနစ်တဲ့လူ မီး
လောင်ပြီးသေတဲ့လူ အဲဒီလူတွေအားလုံးဟာ မသေခင်မှာ မျက်ရည်ကျတဲ့လူရှိတယ်၊ အော်ဟစ်တဲ့လူရှိတယ်၊
ကယောင်ဂတမ်းပြောဆိုတဲ့လူ၊ရုန်းကန်နေတဲ့ လူတွေ၊ အဲဒီထဲက မှတ်မှတ်ရရနှစ်ခုလောက်ရေးပြမယ်။
ထိုင်းနိုင်ငံထဲမှာ ၀ါးခုတ်တဲ့အလုပ်နဲ့ အသက်မွေးရတဲ့ ကရင်အမျိုးသမီးငယ်လေး အကြောင်းရေးပြမယ်။
ထိုင်းနိုင်ငံထဲမှာ ၀ါးခုတ်တယ်ဆိုတော့ ထိုင်းနိုင်ငံထဲက ၀ါး တွေလို့ မထင်လိုက်ပါနဲ့၊ ကျုပ်တို့ပြည်ထောင်စုဗမာနိုင်ငံ
တော်(ပြည်ထောင်စုမြန်မာနိုင်ငံတော်)ထဲက ၀ါးတွေကို ခုတ်တာပါ။ ရှင်းတယ်နော်။
ဟိုအကြောင်းကြောင့် ဒီအကြောင်းကြောင့်ဆိုတာ ရေးမပြတော့ဘူး၊ အားလုံးသိကြမှာပါ။
အင်မတန်ပင်ပမ်းပါတယ်၊ ကြောက်ရပါတယ်၊ ခင်ပွန်းသည်ဝါးခုတ်တဲ့ဆီကို ဇနီးသည်လိုက်လို့မဖြစ်ပါဘူး။ ထိုင်းနိုင်ငံထဲက တောတွေထဲမှာပုန်းအောင်းပြီး ခင်ပွန်းသည်ပြန်လာမယ့်ရက်ကိုစောင့်ရပါတယ်။
အဲဒီတော့ အမျိုးသမီးတွေအတွက် ဘယ်လောက်စိုးရိမ်စရာအခြေအနေမျိုးလဲဆိုတာ ခန့်မှန်းနိုင်ပါလိမ့်မယ်။ အဲဒီတောထဲက ဇာတ်လမ်းတွေ အဖြစ်အပျက်တွေဆိုတာကလည်း ကြားချင်စရာ ကြားရက်စရာတောင်မရှိပါဘူး၊ နာကျည်းစရာ ကြေကွဲစရာ ပူလောင်စရာတွေအပြည့်ပါ။
တစ်နေ့တော့ လသားအရွယ်ကလေးငယ်တစ်ဦးရဲ့မိခင်(မိခင်ဆိုပေမယ့် အသက်က ၁၉နှစ်ဝန်းကျင်လောက်ပါ)
မကျန်းမမာဖြစ်ပြီးရောက်လာပါတယ်၊ဒုက္ခသည်စခန်းတစ်ခုကိုပါ၊ သူတို့က ဒုက္ခသည်စခန်းထဲမှာ စာရင်းမ၀င်လို့
ဆိုပြီး ဆေးကုသခွင့်မရကြပါဘူး။
အဲဒီတော့ စခန်းပြင်ပက တတ်ယောင်ကား ဆေးဆရာနဲ့ကုပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အသုံးအနှုံးအရဆို လျင် အပ်ပုန်းပေါ့လေ။
မိခင်ရဲ့တတောင်ဆစ်အကွေးမှာက ဆားရည်ပုလင်းကကြိုးတန်းလန်း၊ လသားသမီးလေး က မိခင်ရင်ခွင်ထဲမှာနို့
ဆို့ရင်းတန်းလန်း၊ အဲဒီအချိန်မှာ စကားတခွန်းမှမပြောနိုင်ရှာတော့တဲ့ မိခင်ဟာ သူ့သမီးလေးကိုကြည့်ပြီး တခုခု
ပြောဘို့အသက်ကိုပြင်းပြင်းရှူနေပါပြီ၊ မျက်ရည်တွေပဲကျလာပါတယ်။
နောက်ဆုံးတော့ မိခင်ဟာ သူ့သမီးလေးကို မျက်ရည်တွေကြားက အပြီးအပိုင်စွန့်ခွါသွားရှာပါတယ်၊ ဘာမျှမသိတဲ့ သမီးငယ်လေးဟာ မိခင်ရဲ့နို့ရည်ကို အငမ်းမရ စို့နေတုန်းပါ။
ကဲ ဘယ်မှာလဲ အနေချောင်လျင်အသေကြပ်မယ်ဆိုတာ။
လူဆိုတာသေတဲ့အခါမှာ တစ်ယောက်မကျန် ဆိုးရွားကြပ်တည်းလှတဲ့ အခြေအနေမျိုးကိုဖြတ်ကျော်ကြရတာချည်း
ပါ။ လူ့လောကထဲမှာ နေထိုင်တဲ့အချိန်မှာကော ဘယ်နှစ်ယောက်များ သက်သက်သာသာချောင်ချောင်ချိနေကြရ
လို့လဲ။
နောက်အဖြစ်အပျက်တစ်ခုက မဲဆောက်နဲ့ မယ်တန်အဝေးပြေးလမ်းမပေါ်က ကားတိုက်မှုတစ်ခုကိုရေးပြပါ့မယ်၊ အချိန်က ကျောင်းဆင်းချိန်။ အဝေးပြေးကားလမ်းမ ကြီးပေါ်မှာ မိုင်ကုန်မောင်းနှင်နေတဲ့ ကားတချို့ကလွဲပြီး လူ
သွားလူလာမရှိတဲ့လမ်းမ ကြီးပါ။
လမ်းဘေးတဘက်တချက်မှာတော့ လူတရပ်ကျော်ကျော် ၀ါးရုံပင်လေးတွေရှိပါတယ်။(အခုတော့ မပြောတတ်) တနေရာကိုရောက်တော့ ကျုပ်မှတ်မိသလောက် Mae Ramat နဲ့ Huai Bon ရွာအကြား (Huai Bon) ဂိတ်မ
ရောက်ခင်မှာ ကျောင်းသူလေးတစ်ယောက် (ရှစ်နှစ်အရွယ်) အင်ဖက်နဲ့ထုပ်ထားတဲ့ မျှစ်ထုပ်ကလေးကို ကိုင်ပြီး အဝေးပြေးကားလမ်းမကြီးဘေးမှာ ရပ်လျှက်အနေအထားနဲ့ ငိုနေတာတွေ့ရတယ်။
ကားလမ်းမကြီးပေါ်မှာတော့ အသေအခြာအခွံသင်ထားတဲ့မျှစ်စို့လေးတွေ ပြန့်ကျဲနေပါတယ်၊ နံဘေးမှာတော့ ဆယ်
နှစ်အရွယ်ကျောင်းသားလေးတစ်ယောက် သွေးအိုင်ကြားထဲ ပုံပျက်ပမ်းပျက် လဲကျနေတာတွေ့ရတာမို့ ကားမောင်း
တဲ့သူကို ခဏရပ်ခိုင်းလိုက်ပါတယ်။
ယောက်ျားလေးရဲ့ ဦးခေါင်းမှာကွဲရှဒါဏ်ရာနဲ့ပါ။ အသက်ကိုလုပြီးရှူနေရှာပါတယ်၊ သတိလျှစ်နေပါပြီ ဘာကြောင့်
ကျောင်းသားကျောင်းသူလေးတွေလို့ပြောနိုင်သလဲဆိုတော့ မိန်းကလေးရဲ့အပေါ်ပိုင်းအ၀တ်က အဖြူရောင်ဖြစ်သ
လို ယောက်ျားလေးရဲ့ အ၀တ်အပေါ်ပိုင်းကလည်း အဖြူရောင်နဲ့မို့ပါ။ မိန်းကလေးရဲ့ဂါဝန်လေးက အပြာရင့်ရောင်
ပါ၊ ယောက်ျားလေးရဲ့ ဘောင်းဘီတိုလေးကတော့ စစ်သမီးရောင် ကျုပ်တို့ခေတ်တုန်းကခေါ်တာကတော့(ကာကီ
ရောင်)လို့ခေါ်ပါတယ်။ (အစိမ်းပုပ်ရောင်)လို့ပြောမလား။
ကားဆရာကို ဒီကလေးလေးကို ဆေးရုံတင်ပေးဘို့ ကျုပ်ပြောပါတယ်။
ထိုင်းကားမောင်းသမားက ကျုပ်ကိုဘာပြန်ပြောသလဲဆိုတော့
မတင်ပေးနိုင်ပါဘူး၊ ကလေးကိုဆေးရုံတင်လိုက်တာက ပြဿနာမရှိပေမယ့် ရုံးချိန်းတွေ သွားနေရမှာနဲ့ ဘာမျှ လုပ်စားလို့မအားဘူး၊ 
အမှုမှန်ပေါ်တဲ့အထိဆိုတော့ မလွယ်ဘူးဗျ။ ဟောအနောက်မှာ ကား တစ်စီးလာနေပြီ လစ်စို့။ 
ဆိုပြီး အမြန်မောင်းခဲ့ပါတယ်၊ ကားလမ်းဘေးက ကျောင်းသူလေးခမျာမှာတော့ ခြေကလေးဆောင့်ပြီး ပြင်းထန်တဲ့ ငယ်သံပါတဲ့ငိုသံတွေနဲ့ ကျန်ရစ်ခဲ့ပါတော့တယ်။
ကားပေါ်ကနေ အောက်ကိုတောင်မဆင်းဖြစ်ခဲ့တဲ့ ကျုပ်ရဲ့ရင်ထဲမှာ တစ်သက်လုံး မေ့မရနိုင်တဲ့ အဖြစ်ပါ။
ကဲ အားလုံးကို ကျုပ်တတ်သလောက်သုံးသပ်ကြည့်ပါ့မယ်။
သားသည်မိခင်ဟာ လူမမယ်သူ့သမီးလေးကို ဘယ်လောက်အထိချစ်ရှာလိုက်မလဲ၊ သူ့သမီးလေးအတွက် ဘယ်
လောက်ပူပင်ရှာလိုက်မလဲ၊ မျက်ရည်နဲ့ပဲနှုတ်ဆက်နိုင်တယ်။ သူ့သမီးအတွက် တောထဲတောင်ထဲမှာ တွေ့ကြုံခံစားခဲ့ရတဲ့ ဒုက္ခ၊ သောက၊ အပူတွေအပြင် သူသေခါနီး ဘာမျှ
မတတ်နိုင်ရှာဘူး၊ သူ့အသက်ကို သူလုပြီးရှူနေရတယ်၊ ဘယ်လောက်အထိ ဆိုးရွားခက်ခဲသလဲ ဆိုလိုချင်တာ ကတော့ မချာင်ဘူးပေါ့၊ သေရတာမချောင်ဘူးပေါ့နော်။
ကျောင်းသားလေးကိုကြည့်လိုက် သူချိုးထားတဲ့မျှစ် သူမစားလိုက်ရရှာဘူး၊ ကျောင်းအပြန် အိမ်ကမိသားစုတွေ စားဘို့သောက်ဘို့ ဟင်းတစ်ခွက်စာမျှစ်တွေကို ပင်ပမ်းခြင်းကြီးစွာနဲ့ရှာခဲ့ရသလို သေတော့လည်း အသက်ကိုအ လုအယက်ရှူရပြန်တယ်၊ ဘယ်မှာချောင်လို့တုန်း။
အခုလက်ရှိ ခင်ဗျား အသက်ရှင်နေတယ်၊ ကျုပ် အသက်ရှင်နေတယ် သူ အသက်ရှင်နေတယ်၊ တနေ့မှာ ကျုပ် တို့ သေဆုံးခြင်းဆိုတာကိုမရောက်ခင်မှာ ကြားကာလကို ဘယ်လိုဖြတ်ကြမလဲ။
သက်တောင့်သက်သာနဲ့ သေဆုံးနိုင်တဲ့ သေဆုံးရမယ့်နည်းလမ်းတွေ ဆိုတာဘာတွေလဲ၊စဉ်းစားကြည့်လိုက်တော့ ဆရာဝန်ကိုမေ့ဆေးပေးခိုင်းပြီး သေကြမလား။
ကောင်းပြီ ကျုပ်တို့တတွေ ဆေးရုံပေါ်မှာဆိုလျင်တော့ ဖြစ်နိုင်တယ်ပဲထားလိုက်၊ တကယ်ပဲသက်တောင့်သက်သာ ရှိရဲ့လား၊ ဘာကိုကြည့်ပြီး သက်တောင့်သက်သာရှိတယ်လို့ ဆုံးဖြတ်မှာလဲ။
စဉ်းစားချင်တဲ့လူ ဆက်ပြီးစဉ်းစားကြ ကျုပ်ကတော့ စဉ်းစားလို့မရတော့ဘူး၊ စဉ်းစားလို့ရတယ်ဆိုလျင် ကျုပ်ကို လည်းအသိပေးကြပါ၊ လူတွေအားလုံး သေဆုံးခြင်းဆိုတဲ့ ဆုလဒ်ကိုမဆွတ်ခူးခင်လေး သက်တောင့်သက်သာ
ဖြစ်ဘို့ ကူညီနိုင်တဲ့ခင်ဗျားကို လူသားတွေအားလုံးက ကျေးဇူးတင်နေမှာပါ။
ကျုပ်ကတော့ အဓိကကျေးဇူးတင်မယ့်သူပေါ့။
မေ့သွားတော့မလို့ ကျုပ်ကို ပို့စ်တင်ခိုင်းတဲ့ ဆရာကြီးလည်း ခင်ဗျားပြောတဲ့အတိုင်း ဖတ်ဖြစ်အောင်ဖတ်၊ ပြီးတော့ စဉ်းစားပေး၊ ဖတ်ပြီးပြီးရောတော့မလုပ်နဲ့။ ကျုပ်ရေးတဲ့ စာတခုတည်းကိုပြောတာမဟုတ်ဘူး၊ ခင်ဗျားဖတ်တဲ့စာတွေ
အားလုံးကိုပြောနေတာ။
ကျုပ်ရေးထားတာကိုဖတ်ပြီး စဉ်းစားလို့ရတဲ့အရာမှန်သမျှ ကျုပ်ဆီကို E-mailနဲ့ပို့ပေးလိုက်ပါ။
လိပ်စာကတော့ minsoesan09@gmail.com အဲဒါပဲ။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Saturday, July 21, 2012
ဓါးသမားတစ်ယောက်အကြောင်း
ဓါးသမားတစ်ယောက်အကြောင်း
(မင်းစိုးစံ) 
သူဟာဓါးကိုင်ပါ
စားသောက်ဆိုင်မှာ လုပ်ပါတယ်။
စားသုံးသူအတွက်
သိပ်ထက်တဲ့ဓါးနဲ့ မြန်ဆန်သွက်လက်
ဟင်းရွက်ဟင်းသီး သားကြီးငါးကြီး
ခုတ်လှီးဖြတ်တောက်
စားပွဲပေါ်အရောက်မြန်ရေး
ဓါးကိုအပြန်အလှန်
အဖန်ဖန်သွေးတာ မဆန်းပါဘူးနော်။
သူလည်းဓါးကိုင်ပါ
တောင်ယာတောမှာ နေပါတယ်။
ရိက္ခာအတွက် သိပ်မထက်တဲ့ဓါးနဲ့
အားကိုဖျစ်ထုတ်
သစ်ငုတ်တိုရှည်ကို
ကောက်နှံပင်ပျိုကြားက
ဖယ်ရှားဘို့အရေး
အဖန်ရာထောင်ထက်ပို
အသွားသွေးဘို့လိုနေတာ
သဘာဝပါ။
သူလည်းဓါးကိုင်ပါ
ခွဲစိပ်ခန်းမှာ ထိုင်ပါတယ်။
လူနာအတွက် ဓါးထက်ထက်ကို
တစ်ချက်ဆိုတစ်ချက်
သွေးထွက်နည်းစေ
လက်ဆမလွဲ
ဖြတ်ခွဲထုတ်ချုပ်
ယုတ်လတ်မြတ်မလိုပါ
လူနာကိုကုသ
ဆရာဝန်ရဲ့ဘဝ
ကုသိုလ်လည်းရ ၀မ်းလည်းဝ
အားကျလိုက်တာ
ငါဓါးကိုင်သူတစ်ယောက် ဖြစ်ချင်တယ်။
အခုဆို
ငါလည်းဓါးကိုင်ပါ
အချုပ်ခန်းကို စောင့်ပါတယ်။
ရာဇ၀တ်သားလား
သေစားသေစေလား
မသင်္ကာသူတွေလား
သစ္စာဖေါက်တွေလား
ဓါးလျှိုဓါးလံလား
မှားသလားမှန်သလား
အပြန်ပြန်တလဲလဲ
ခွဲခြမ်းစိပ်ဖြာစဉ်းစားစရာမလို
အပိုအလိုမရှိ
ချက်ကောင်းထိဘို့
မြိနေအောင်သွေးထား နံကြားထဲထိုးသွင်း
အတိတ်က အရည်အချင်း
သီချင်းညည်းရင်းဖြတ်သန်း
အရှေ့ဘက်တောင်တန်းတစ်နေရာက
ထောင်သားများစွာရဲ့ဇီဝိန်ကို
ကာလကြာရှည်စွာ နှုတ်လာခဲ့သူပါ။
အခုတော့
ဇရာအိုခဲ့
ဘာလိုလိုနဲ့ နေညိုချိန်ရောက်
တောက်တစ်ချက်ခေါက်ကြည့်လိုက်တယ်။
သွားဆိုလို့ တစ်ချောင်းမှမကျန်တဲ့
အာခံတွင်းထဲကငါ့ရဲ့လျှာ
သွားဖုံးတွေကိုထိနိုင်ယုံသာဆိုတော့
ဘာသံကိုမျှမကြားလိုက်ရဘုး။
ငါ့ကို
ငိုယိုပြီးတောင်းပန်ခဲ့တဲ့
ထိတ်လန့်စရာ အသံတွေကိုသာ ကြားနေရတယ်။
ချက်ကောင်းမထိလို့
မချိမဆန့်အော်တဲ့ ခြောက်ခြားစရာအသံတွေနဲ့
ရောထွေးလို့ပေါ့။
ဒီလိုနဲ့
သွေးညှီနံ့လှိုင်နေတဲ့ မျက်နှာဖုံးစွပ်တစ်ခုဟာ
ငါ့ခေါင်းပေါ်ကအစပြုလာပြီး
မျက်နှာတစ်ခုလုံးကို ဖုံးချလာတယ်။
ဒါဟာ
ငါ့အာဏာတည်ဘို့အတွက်
ငါ့လုပ်ပိုင်ခွင့် မြဲဘို့အတွက်
ငါအသုံးပြုခဲ့တဲ့
မျက်နှာဖုံးအစွပ်ဆိုတော့
ညင်းဆန်ဘို့မလိုဘူးလေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Thursday, July 19, 2012
တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ
ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု
By Monlay ဇူလိုင် 19, 2012
"ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ 
ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ 
သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ 
ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ 
ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ 
သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး" 
(ဒေါ်အောင်ဆန်းစုကြည်) 
လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။
လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်
သည်။
ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်း
ဆောင်ကြီးများကိုလုပ်ကြံမှုတွင် မြန်မာ့သမိုင်းတရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။
ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။
ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်း ငွေဖလားတွင် လီလီပန်းကိုသာ ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ် ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။
ထိုပန်းများကို တစ်မြို့လုံးတွင် မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသား
ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်း အဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခု ဖြစ်ခဲ့လေသည်။
 “ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့ လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေသော့ ပစ်ချပေးရင်း ဘယ်
သူ့မင်္ဂလာဆောင်လဲလို့ မေးတယ်တဲ့။
ဦးစော၊ ဒေါ်သန်းခင်မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့ သြော် ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ ဆိုတော့ ကျွန်မထက် သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။
အဲဒီစကားလေးနဲ့ ပန်းလေးတွေက မှတ်မှတ်ရရပါပဲ”
ဟု ဒေါ်မွန်မွန်ရင်က သူ့မင်္ဂလာဆောင်အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည်စိုက်ပျိုးထားသော အဖြူရောင်
လီလီပန်းလေးများကို မင်္ဂလာငွေဖလားထဲတွင် ထိုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွားပီတိဖြစ်စွာ ပြန်ပြောင်းပြောပြ
သည်။
ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်း မရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း ကွယ်လွန်သွားပြီ
ဖြစ်သည်။
အချိန်ကာလ ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ဖြတ်ကျော်ခဲ့ပြီ ဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သ
မိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှု အောက်မှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ပြီဖြစ်သည်။
သမိုင်းတရားခံ မိသားစုအဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့်ကာလများမှာ အချိန်တွေကြာလာသည်
နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သား၊သမီးမြေးများ လက်ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု
ဒေါ်မွန်မွန် ရင်ကယူဆလေသည်။
“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည် ရုန်းကန်ခဲ့ကြရတယ်။
အန်တီတို့ကျတော့ ကံကောင်းပါတယ်။
တော်တော်ကို အခြေအနေ ကောင်းလာပါတယ်။
ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။
ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”
“ဦးစောမြစ်တဲ့”၊ “ဦးစောမြစ်တဲ့” ဆိုသည့် တစ်ကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက် ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။
“ကလေးတွေမှာ ခံစားချက်ရှိ တယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကို
တပ်ပြောလာတော့ ကြောက်တာပေါ့လေ။
ကလေးစိတ်အနှောင့် အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့”
ဟု အဘိုးဖြစ် သူ၏ ဂယက်ရိုက်ခတ်မှုက မြစ်ဖြစ် သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ပြော
ပြသည်။
ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်က ပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလိုယခုသူ့သားသ
မီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေးသည့်အတွက် လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေ
ထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
 “အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။
ကိုယ့်မှာအပြစ်ရှိခဲ့တယ်။
အဲဒါကြောင့်သူများ တွေက အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။
အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး”
ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။
ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစော နေထိုင်ခဲ့ရာ အေဒီလမ်းရှိ အိမ်ခြံဝင်းနှင့် တစ်ခြံကျော်၌ လက်ရှိနေထိုင်
လျက်ရှိသည်။
သူတို့အိမ်ဧည့်ခန်းဆောင်တွင် ၀င်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့ ဇနီးမောင်နှံပုံတူ
ကျောက်စီပန်းချီကားကြီးဖြစ်၏။
ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ ရေပူရေအေး ဆက်ကပ်ထားသည်ကိုလည်း တွေ့ရသည်။
သမိုင်းတရားခံတစ်ဦး ဖြစ်သော်ငြား မိသားစုဝင်များကမူ ဦးစော ကြိုးစင်မတက်ခင် ထောင်အတွင်းမှ ရေးသားထား
သောစာများကိုဖတ် ရှုသိမ်းဆည်းထားကာ ထိုစာများအရ အဘိုးဖြစ်သူ ဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြသည်။
ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း သမိုင်းသင်ခန်းစာများ ပေးသွားခဲ့သူ တစ်
ယောက်ဖြစ်သည့်အပြင် တိုင်းပြည်ကို ချစ်မြတ်နိုးခဲ့သူ တစ်ယောက်အဖြစ်လည်း လက်ခံထားကြသည်။
“သူမသေခင်ရေးခဲ့တဲ့ စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေါ့။ တကယ်တော့အထင်လွဲမှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။ ေ
ဒေါသစိတ်ကြောင့် ဖြစ်ခဲ့ရတာလေ။
အဲဒီလိုသာ မဟုတ်ခဲ့ရင် တိုင်းပြည်လည်း ဒီလို ဘယ်ဖြစ်မလဲ။
သူလည်း တိုင်းပြည်ကို ချစ်တဲ့သူတစ်ယောက်ပဲ ဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာအုပ်တွေကို ကြည့်ရင်သိ နိုင်ပါတယ်”
ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ် နားလည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။
 မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုအတွက် ယနေ့
အချိန်ထိ ပေးဆပ်ရလျက်ရှိဆဲ ဖြစ်သည်ဟုဆိုသည်။
“လူတွေအမြင်မှာ သြော်.. ဒီမိသားစု သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုး ဖြစ်အောင် နေရပါတယ်။ အန်တီ့မေမေနဲ့ အဘွားတုန်းကဆိုရင် သူတို့တွေက ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။
အပြင်လူနဲ့ ကူးလူးရတဲ့ စီးပွားရေးတွေ ဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။
အဘိုးထားခဲ့တဲ့ ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။
အန်တီ့အမေ လက်ထပ်ပြီး နောက်ပိုင်း အဖေက ၀န်ထမ်းဆိုတော့ အန်တီတို့လည်း ၀န်ထမ်းမိသားစုဝင်တွေ ဖြစ်
လာတာပေါ့။
တဖြည်းဖြည်းနဲ့”
ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရသည့် အတိတ်ပုံရိပ်တို့ကို ပြန်ပြောင်းပြောပြသည်။
ယခုတော့ တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင် ကျယ်ပြန့်လာခဲ့သည် မှာ သားကြီးက ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရ
သည့် အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီဖြစ်သည်။
သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။
သားကြီးသရုပ်ဆောင်လုပ် လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန်မွန်ရင်အော်လိုက်သည့်အသံမှာ တစ်အိမ်လုံးပင် လန့်သွားရသည်ဟုဆိုသည်။
 “သရုပ်ဆောင်ပဲ ၀ါသနာပါတယ်။
သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင် လန့်သွားတယ်။
အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ သရုပ်ဆောင်လုပ်
မယ် ဆိုပြီးတော့လေ။
ဘယ်လို စဉ်းစားလို့မှ မရတာ။
ဒါပေမဲ့ သူတို့ အဖေက ၀ါသနာပါတာ လုပ်ပါစေ ဆိုပြီး ကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ”
ဟု ဆိုလေသည်။
မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း အချို့က ဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာ လုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာ အရိပ် မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆို
သည်။
ထိုကဲ့သို့ ဦးစောမိသားစုကို သိရှိဆက်ဆံ ရင်းနှီးကြသူများဖြင့်တဖြည်းဖြည်း ပြောင်းလဲမှုများရှိလာခြင်းတို့က ဒေါ်မွန်
မွန်ရင် လက်ထက်ကပင် စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့နီးတိုင်း ပြုလုပ်လေ့ရှိသည့် ဟောပြောပွဲများ၊ ကျောင်း တွင်းလှုပ်ရှားမှုများလုပ်သည့် ရက်များဆိုလျှင်
ဒေါ်မွန်မွန်ရင် မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄တန်းမှ ၇ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိခဲ့ဖူးသည်။
ဦးစော၏ မြေးမှန်း မြို့ကလူများရော ကျောင်းကပါ သိကြသည့်မို့ မိဘများက အာဇာနည်နေ့ အကြိုနေ့မျိုးတွင်
ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။
ထိုအကြောင်းကို ကျောင်းမှ အကြီးတန်း ကျောင်းသားများက သိကြသည့်အခါ သူ့ထံလာရောက်၍ အားပေးနှစ်သိမ့်စကား ပြောခဲ့ဖူးသည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။
ကျောင်းသားကြီးများ၏ ထိုသို့ အားပေးနှစ်သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အတော်ပင် အားတက်စေခဲ့သည်။
“ကျောင်းဟောပြောပွဲတွေမှာဆို အတန်းကြီးတွေက ပြောတာကိုး။
အဲဒီရက်မှာ ကျောင်းမတက်တာ သိတော့ သူတို့က နောက်နေ့ အတန်းထဲကို လာပြောတယ်။
ဒါက သမိုင်းကို ပြောတာပေါ့နော်။
နင်တို့နဲ့ မဆိုင်ဘူးပေါ့။
ကျောင်းမတက်ဘဲ မနေနဲ့။
နောက်ဆိုရင် လာတက်။
နားထောင်ပေါ့ ဆိုတာနဲ့ နောက်နှစ်တွေက စပြီး အဲလိုပွဲတွေ သွားတက်ဖြစ်တယ်”
ဟု မိဘများက စိတ်ပူသော်လည်း ကလေးအချင်းချင်း ပြဿနာ မရှိခဲ့ဘဲ နားလည်မှုရခဲ့ပုံကို ဒေါ်မွန်မွန်ရင်က ရှင်းပြသည်။
နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း(စိန်ဖလိုး)သို့ ကျောင်းပြောင်းခဲ့
သည်။
၈ တန်းမှ ၁၀ တန်းအထိ တက်ခဲ့ခြင်းဖြစ်ကာ ကျောင်းပြောင်းစတွင် သူ့ကို အတန်းကြီးများက ဦးစောမြေးအဖြစ် လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစ်စုံတစ်ရာမရှိခဲ့။
 “မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။
လာကြည့်ကြတယ်။
အုပ်စုလိုက် လာကြည့်ပြီးမှ အားနာသွားပြီး သြော် အသစ်ဆိုလို့ လာကြည့်တာပါ။
ဘာညာနဲ့ လျှောချသွားတယ်။
သူငယ်ချင်းတွေက ကိုယ်နဲ့ ပေါင်းကြည့်တယ်။
အဆင်ပြေတော့လည်း ခင်မင်ရင်းနှီးသွားတာပါပဲ”
ဟု ဒေါ်မွန်မွန်ရင်က ပြောသည်။
သေနတ်ဒဏ်ရာ တစ်ဆယ့်သုံးချက် ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသား
စုနှင့် ထိုလုပ်ကြံသတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစု ကြားတွင်လည်း သည်ဆယ်စုနှစ်များစွာအတွင်း
တွေ့ဆုံဆက်ဆံမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှုတို့ကို မတွေ့ရ
သည်က ဒေါ်ခင်ကြည် စိုက်ပျိုးထားသည့် လီလီပန်းများကို ဦးစောမြေး မင်္ဂလာဆောင်တွင် အသုံးပြုရန် ငြင်းပယ်
ခြင်းမရှိခဲ့သည့် အဖြစ်အပျက်တစ်ခုကသာ ပြသနေသည်မဟုတ်။
ဦးစောမိသားစုအတွက် အမြဲကျေးဇူးတင် နွေးထွေးနေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရ စကားတစ်
ခွန်းလည်း ရှိပါသေးသည်။
လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲ
ဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဒေါ်ခင်ကြည် ပြောခဲ့သည့်စကားကို ဒေါ်မွန်မွန်ရင် အ
ဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ…။
“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။
ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။
ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။
အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး”
ဟုဆိုလေသည်။
ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက်အဖြူရောင် လီလီပန်းလေးများကပင် မိသားစုနှစ်စုကြား အဃာ
တ တရား မရှိခဲ့ခြင်းကို သက်သေပြနေသည်။
ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မတွေ့မမြင်ဖူးဘဲ အခြေအ
နေပေးခဲ့၍ တွေ့ခွင့်ရခဲ့ရပါက တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်းတကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း
တွေ့ဖို့ မ၀ံ့ရဲကြောင်း ဖွင့်ဟသည်။
“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ။
ဒေါ်စုကတော့ Image အရမ်းကြီးတယ်။
ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။
ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။
မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။
မေမေတို့တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာမရှိအောင်ပင် ကွာခြားမှုများပါကြောင်း ဒေါ်မွန်မွန်ရင်
က ဆိုသည်။
ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကား ဆိုပါသည်။
“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။
ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။
သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။
ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။
ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။
သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘောမထားကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်””ဟု ဆိုလေသည်။
ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ ရှိသော်လည်း ထို
ကွာခြားမှုကြား တူညီမှုတစ်ခုရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။
“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ”
ဟူ၍ ဖြစ်လေသည်။
စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်ထုတ် 7 Days Journalတွင် ဖော်ပြသောစာရေးသူ ငြိမ်းငြိမ်းနိုင်၏ ဆောင်းပါး
တစ်ပုဒ်ဖြစ်ပါသည်။
fwd မေးလ်မှ ပြန်လည်မျှဝေပါသည် ။ ။
Copy from http://satekuupuyar.blogspot.com/2012/07/blog-post_5040.html
ကျွန်တော့်ကဗျာများနှင့် ကျွန်တော် (၁ )
ကျွန်တော့်ကဗျာများနှင့် ကျွန်တော် (၁ )
By drogba ဂျူလိုင်လ 17, 2012
ကဗျာ တွေ ကဗျာတွေ
ကဗျာကို မော်ဒန်စည်းကမ်းနဲ့ သက်မှတ်မှာလား
ဒါမှမဟုတ်ပိုစ်မော်ဒန်စည်းကမ်းနဲ့လား
လန်းဂွတ်စ် နဲ့ သက်မှတ်မှာလား (ဘာသာဗေဒနဲ့ ပေါ့ )
 ဒါဆိုရင်တော့ ပထမဆုံးအနုပညာကိုမေးခွန်းထုတ်ရပါလိမ့်မယ်။
အနုပညာဟာ အနုပညာအတွက် ခင်ဗျားရော ဘယ်လို သက်မှတ်ထားပါသလဲ ?
ဘာလို့ မေးတာလည်းဆိုတော့ ဒီစာကိုလာဖတ်တဲ့ ခင်ဗျားဟာ အားနာလို့ လာဖတ်တဲ့သူတော့မဟုတ်ဘူးထင်
မိလို့ပါ ကဗျာရေးနေသူဖြစ်ရင်ဖြစ် မဟုတ်ရင် ကဗျာဖတ်သူတော့ဖြစ်ရမယ်
ဒီတော့ ဘယ်လိုသက်မှတ်ပါသလဲ မော်ဒန်တွေက နိမိတ်ပုံတွေရစ်သမ်တွေသုံးတယ် ဒါဟာအများဆုံးပါ။
အချို့ ကျ စာသားဝါကျ ကြိယာတွေအဆုံးသက်မှာ ပုဒ်မတွေ ဖြတ်ထားတယ်
ဥပမာ
လောင်ကျွမ်းမှုဟာ ။
ထစ်ငေါ့စေလောက်တဲ့ ဆားအနည်းငယ်ရောပြီး
ထိုးသွင်းလိုက်၏။
လူငယ်ဟာ
မာယာကို ဘွဲ့ ယူနိုင်ခဲ့တယ် ။
အဲဒီလိုတွေသုံးကျတယ် နောက် စာသား စကားလုံးကို အစဉ်လိုက်မသုံးပဲ လှီးလွှဲပြီး ခံစားမှုကို အဓိကထားစုစည်းစေတယ် ဒါကိုအချို့ က ကဗျာလို့ မထင်ကြပါဘူး အမှန်တော့မဟုတ်ပါ ။
မော်ဒန်ဟာ ညီညွတ်မှုအခြေခံတွေလည်းပါဝင်တက်တယ် မော်ဒန်တွေဟာ တခါတလေ သူများစာသားကို ယူငင်ခေါ်ဆောင်တက်တယ် မော်ဒန်တွေဟာ စကားလုံးကို အသုံးချမှုလည်း ထင်ရှားအောင်ပြပြီး အဲဒီစကးလုံးနဲ့ ပဲအဆုံးသက်တက်တယ်
ဥပမာဗျာ
လူတစ်ယောက် စဉ်းစားတယ် သူ အစာစားတယ်
ခွေးတစ်ကောင် မစဉ်းစားပါ သူ အစာစားတယ်
နေရောင် ဟာ ပူပါတယ် ဒါပေမယ့်လင်းလက်တယ်
လရောင်ဟာ အေးမြတယ်
ဒါပေမဲ့  မှောင်မည်းတယ်
လရောင်ဟာ နေရောင်မရှိမှ တင့်တယ်တယ်
နေရောင်ဟာလည်း လရောင်မရှိမှ တင့်တယ်တယ် ။
ရေးသူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် တက်ခနီတွေ မတူကြပါဘူး (တက်ခနီက ကိုယ်ပိုင်ရေးဟန်ပါ)
ကိုယ့်အမြင် ကိုယ့်ရူထောင့် ကိုယ့်တွေ့ ကြုံမှုတွေကနေ ပေါက်ဖွားလာကြတာပါ
ဒီတော့ ကိုယ့်နဲ့ အမြင်မတူတဲ့ ကဗျာအမျိုးအစားတွေ့ရင် ကဗျာမဟုတ်ဘူးလို့ မပြောနိုင်ပါဘူး
ဟာ အဲဒီလိုဆို ဒါတွေပါမှ မော်ဒန်လားဗျ ?
နိုး မဟုတ်ပါဘူး ဒါတွေနဲ့ မကိုက်လည်း
မော်ဒန်ဆိုတာရှိပါတယ်
ဒါဆို ဘယ်လိုသက်မှတ်မလဲ ?
ဘယ်လိုပဲသက်မှတ်မှတ်ပါ
မျက်လုံးမရှိပဲ
ကောင်ကင်ကို ကြည့်လို့ မရပါဘူး
မျက်လုံးရှိမှ ကြည့်ရတယ်။
ကြည့်တော့
အချို့ က အပြာလို့ မြင်တယ်
အချို့ က အဖြူလို့ မြင်တယ်
အချို့ ကမီးခိုးလို့ မြင်တယ်
ဒါပါပဲ
တကယ်တော့ ဒါတွေဟာ
ပညာရှင်တွေ သက်မှတ်ကြပါလိမ့်မယ် ။
 အနာဂါတ်ကဆုံးဖြတ်ကြပါလိမ့်မယ်
ကျွန်တော်တို့ ဝါသနာရှင်နဲ့ မဆုံးဖြတ်ရဲပါ
မဆုံးဖြတ်နိုင်ပါဘူးခင်ဗျား။
ဟေ့ ခင်ဗျားပြောချင်တာတွေပြောပြီး
ခင်ဗျားကဗျာတွေကရော
ပေါက်ကရရေးထားတာပဲ လို့ လာပြောလည်းလက်ခံပါတယ်
ဘာပဲပြောပြော ကျွန်တော်က ပြုံးနေယုံသာပါ ။
ကျွန်တော်က ခံစားချက်ကို ခံစားသလိုရေးတယ်
ဆာရီရယ်လစ်ဇေးရှင်းပါရင်ပါမယ် ပန်းချီဆွဲနည်းပါရင်ပါမယ်
ရုပ်ရှင်ရိုက်သလိုတစ်ခန်းခြင်းသုံးသလိုပါရင်ပါမယ်
ကင်မရာနည်းလည်းပါရင်ပါမယ်
ပါချင်တာပါမယ်
ကြိုတ်တာပြောပါ
ကျွန်တော်ဝါသနာရှင်ပါ
ကျွန်တော်ခံယူထားတာက ရိုးသားမှုပါပဲ
စိတ်ထင်သလိုအရောင်းဆိုးကြပါ ပြုံးနေယုံပါ။
ကျွန်တော့်အထင် ဒီအချိန်ဟာ ယနေ့လူငယ်တွေ
တစ်ယောက်ကိုတစ်ယောက်
ဆွေးနွေးရမယ်
တိုင်ပင်ရမယ်
မျှဝေရမယ်၊
မေးခွန်းထုတ်ရမယ့်အပိုင်း မဟုတ်တော့ပါဘူး။
မတူတာတွေသာ ကန်ထုတ်ကြစတမ်းဆို ခင်ဗျားတို့ ကျွန်တော်တို့ လက်ထဲ ဒီကဗျာတွေ ရောက်ရှိလာမှာမဟုတ်ပါဘူး။
ရှင်မဟာရဋ္ဌသာရ ကြိုတ်ရင်ကြိုတ်
ဂျွန်အက်ရှက်ဘရီကို ကြိုတ်ရင်ကြိုတ်
အပြစ်မရှိပါ
ရှင်မဟာသီလ၀ံသလည်းရှိမယ်
ဦးစ လည်းရှိမယ်
မာယာကောဖ်စကီးလည်းရှိမယ်
မောင်ချောနွယ်လည်းရှိမယ်
ဇေယျာလင်းလည်းရှိမယ်
အများကြီးပါ ကိုယ်ကြိုတ်တာယူသုံးပါ
သူဘယ်လိုမြင်လဲ
ကိုယ်ဘယ်လိုမြင်လဲ
သူဘယ်လိုရေးလဲ
ကိုယ်ဘယ်လိုရေးမလဲ ?
ကျွန်တော်ကတော့ရှင်းတယ် ကဗျာပဲရေးမယ် ကာရန်ဖြစ်ဖြစ် မော်ဒန်ဖြစ်ဖြစ် ပိုစ်မော်ဒန်ဖြစ်ဖြစ်လန်းဂွတ်စ်နဲ့ ပဲဖြစ်ဖြစ် ဘာဖြစ်ပါစေလို့ တော့ရည်ရွယ်ပြီးမရေးခဲ့ပါဘူး နားလည်း ကောင်းကေင်းနားမလည်ပါဘူး
ဒီတော့ကဗျာပဲရေးတာပေါ့ မိတ်ဆွေကော?
(အပိုင်း ၂ ) ပိုစ်မော်ဒန် လန်းဂွတ်စ် ဆက်လက်တင်ပြပါအုံးမယ်။
(မှတ်ချက်)
ကျွန်တော်သည်ဒီစာကိုသိလို့ တက်လို့ ရေးချင်းမဟုတ်ပါ မြင်မိတာရေးမိတာကိုချပြခြင်းပါ မှားကောင်းမှားနိုင်ပါသည် မရေးဘဲမပြောပဲ ရေငုံနုတ်ပိတ် ၀စီတိတ်နေတာနဲ့ စာလျှင် ပိုကောင်းတယ်လို့ ထင်မိပါသည် ။
နောက် ...အဆက် သည်းခံ ပြီး ကျွန်တော့်အခန်းဆက်ကိုကြည့်ကြပါအုံးလို့ ပြောရင်းးးးးးး။။။
အိပ်ပါပြီ ။
Copy from http://friendsmyanmar.org/profiles/blog/list?user=0glupfgpp3kps
Wednesday, July 18, 2012
ပုံနှိပ်စာမျက်နှာနှင့် ဖန်သားပြင်စာမျက်နှာ အားပြိုင်မှုဆွေးနွေးပွဲ
စာရေးဆရာမ လင်းစက်နွယ်
မီဒီယာနှစ်ခု အားပြိုင်ဆွေးနွေးနိုင်ရန် 
ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းက စီစဉ်လျက်ရှိ 
လာမည့် ဇူလိုင်လ ၂၈ ရက်တွင် ပုံနှိပ်မီဒီယာနှင့် အွန်လိုင်းမီဒီယာ နှစ်ခုတို့၏ အားနည်းချက်၊အားသာချက်၊ ဝေဖန်
ချက်များကို ဆွေးနွေးမှု ပုံစံမျိုးဖြင့် ပွဲတစ်ခုတင်ဆက်နိုင်ရန် Teen (ဖူးငုံဆယ်ကျော်သက်) မဂ္ဂဇင်းအဖွဲ့သားများက စီစဉ်လျက်ရှိကြောင်း ပွဲစီစဉ်သူစာရေးဆရာမ လင်းစက်နွယ် က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။
အဆိုပါပွဲကို စီစဉ်ဖြစ်ရခြင်းနှင့် ပတ်သက်၍ ဆရာမလင်းစက်နွယ်က
အရင်တုန်းက စာရေးဆရာတွေ၊ စာဖတ်ပရိဿတ်တွေ အားထားခဲ့တာက ပုံနှိပ်မီဒီယာပေါ့။ 
အခု တိုးတက်လာတဲ့အချိန်မှာ အွန်လိုင်းမီဒီယာတွေပေါ်လာတယ်။ 
အဲဒီမှာ အွန်လိုင်းသုံးပြီးရေးတဲ့ စာရေးဆရာတွေ၊ ဘလော့ဂါတွေပေါ်လာတယ်။ 
သူတို့တွေလည်း အထိုက်အလျောက် ပရိသတ်ရလာတယ်။ 
အဲဒီမီဒီယာနှစ်ခုကို ယှဉ်ပြိုင်ဖက်ကောင်း၊ လက်တွဲဖော်ကောင်း ဖြစ်ဖို့အတွက် ကျင်းပရတာပါ
ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားသည်။
ဆွေးနွေးပွဲ၏ ခေါင်းစဉ်ကို “ပုံနှိပ်စာမျက်နှာနှင့် ဖန်သားပြင်စာမျက်နှာ မီဒီယာအားပြိုင်မှုဆွေးနွေးပွဲ” ဟု ပေးထား
ကြောင်းသိရသည်။
ဆွေးနွေးမည့် သူများမှာ ပုံနှိပ်မီဒီယာဘက်မှ စာရေးဆရာမ နန်းကြာဖြူ (ဘားအံ)၊ စာရေးဆရာမ ခင်ဆုမြတ်ထွန်း၊ စာရေးဆရာ ဝေမိုးနိုင်(မုံရွာ)တို့ ဖြစ်ပြီး အွန်လိုင်းမီဒီယာဘက်မှ စာရေးဆရာ ဘလော့ဂါ နေဘုန်းလတ်၊ စာရေးဆရာ သူရဿဝါ၊ စာရေးဆရာမ မြသွေးနီတို့ ဖြစ်သည်။
ယင်းဆွေးနွေးပွဲကို ဦးဆောင် ဆွေးနွေးပေးရန် စာရေး ဆရာမ ခင်သန္တာက တာဝန်ယူထားသည်။
ထို့အပြင် လာရောက်ကြည့်ရှုကြမည့် ပရိသတ်များထဲမှ ဝင်ရောက်ဆွေးနွေးမေးမြန်းနိုင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။ ပါဝင် ဆွေးနွေးကြမည့် စာရေးဆရာ/ ဆရာမများမှာ ယခင် Teen မဂ္ဂဇင်းမှ စီစဉ်သောပွဲနှစ်ပွဲတွင် မပါ
ဝင်ခဲ့ဖူးသည့် Teen မဂ္ဂဇင်း၏ ပင်တိုင် စာရေးဆရာမများကို ရွေးချယ်ထားကြောင်း သိရသည်။
ဆွေးနွေးပွဲမှ တစ်ဆင့် လာရောက်ကြမည့် ပရိသတ်များအား ပုံနှိပ် မီဒီယာနှင့် အွန်လိုင်းမီဒီယာတို့၏ စာပေလောက
အပေါ် အကျိုးပြုမှုများကိုသိရှိစေနိုင်ရန် ကြိုးစားတင်ဆက်သွားမည်ဟု သိရသည်။
ထို့ပြင် ယခုပွဲသည် စကားရည်လုပွဲမဟုတ်ဟုလည်း စာရေးဆရာမ လင်းစက်နွယ် က မြန်မာအင်ဒီပဲန်ဒင့်သို့ပြော
ကြားသည်။
ယခု ကျင်းပမည့် ဆွေးနွေးပွဲသည် Teen မဂ္ဂဇင်းမှ စီစဉ်ကျင်းပသော တတိယမြောက်ပွဲဖြစ်သည်။
၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်တွင် Teen မဂ္ဂဇင်း၏ ပါဝင်သောကဏ္ဍများအား အသက်ဝင်စေသော ပထ
မဆုံးပွဲတစ်ခုကို ကျင်းပခဲ့သည်။
၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်ကလည်း ““လွတ်လပ်မှု ငြိမ်းချမ်းမှုနှင့် အနုပညာ””ဟူသော ခေါင်းစဉ်ဖြင့် Teen မဂ္ဂဇင်း၏ ဒုတိယမြောက်ပွဲကိုလည်း ကျင်းပခဲ့ပြီး ဖြစ်သည်။
ပွဲကျင်းပမည့်အချိန်နှင့်နေရာကို ဂျာနယ်များတွင် ကြေညာခြင်း၊ ပန်းဖလက်များဝေခြင်း၊ သတင်းစာများတွင် ကြေ
ညာခြင်းများဖြင့် ပရိသတ်များသိရှိနိုင်မည်ဖြစ်သည်။
ဝေငှမည့် ပွဲအစီအစဉ် ပန်းဖလက်ထဲတွင် ဆွေးနွေးပွဲမှမည်သည့်အကျိုးများရနိုင်ရန် မျှော်လင့်သနည်း။
ဆွေးနွေးပွဲကို မည်သို့ မြင်သနည်းဟူသော မေးခွန်းများကို အမှားအမှန် ပုံစံမျိုးဖြင့် ဉာဏ်စမ်းဖြေရမည့် အစီအစဉ်
များ ထည့်သွင်းပေးထားကြောင်း သိရသည်။
 ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းကို ၂ဝဝ၂ ခုနှစ် အောက်တိုဘာလမှ စတင်ထုတ်ဝေခဲ့သည်။
အဆိုပါမဂ္ဂဇင်း သည် လူငယ် စာဖတ်ပရိသတ် အတွက် ဦးတည် ထုတ်ဝေသော မဂ္ဂဇင်းတစ်စောင်ဖြစ်သည်။
မဂ္ဂဇင်း၏ သက်တမ်းသည် ၉ နှစ်တာကာလကို ကျော်လွန်ခဲ့ပြီ ဖြစ်သည်။
Copy from http://www.myanmarij.com/?p=4099
Tuesday, July 17, 2012
စိတ်ဖိစီးမှုလျှော့ချရေး နည်းလမ်းငါးသွယ်
Tuesday, July 17, 2012
စိတ်ဖိစီးမှုလျှော့ချရေး နည်းလမ်းငါးသွယ် 
By Hninyu July 16, 2012
စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ဖို့ ပထမဆုံးလုပ်ရမှာက သက်တောင့်သက်သာအနားယူပါ။ လုပ်ငန်းခွင်မှာဖြစ်စေ၊ နေအိမ်မှာဖြစ်စေ တစ်မိနစ်(သို့မဟုတ်) တစ်မိနစ်ထက်လျှော့ပြီး နားကြည့်မယ်ဆိုရင် ငြိမ်း
အေးမှုဆိုတာကို ခံစားလာရပါလိမ့်မယ်။
နည်းလမ်း (၁)
ခေါင်းမော့ပြီး မျက်နှာကြက်ကို အာရုံစူးစိုက်ကြည့်ပါ။
ပြီးရင် အမှတ်စဉ် (၆၀)ကနေပြီး တဖြည်းဖြည်း သုညအထိရေတွက်ပါ။
ကျောရိုးက ဖြာထွက်တဲ့ အာရုံကြောအဖွဲ့အစည်းရဲ့ လှုပ်ရှားမှုမှန်ကန်စေဖို့ ကျောရိုးကို မတ်မတ်ထားပြီး အာရုံစူး
စိုက်ကြည့်ပါ။
အဲဒီလို အာရုံစူးစိုက်လိုက်တဲ့အတွက် သွေးပေါင်ချိန်ကိုလည်း ကျဆင်းစေနိုင်ပြီး အသက်ရှူနှုန်း ကိုလည်းနှေးသွား
စေပါတယ်။
ဒီအဆင့်ရောက်ရင် အာရုံပျံ့လွှင့်မှုကို စူးစိုက်နိုင်တဲ့အနေအထားကို ရောက်လာပါလိမ့်မယ်။
နည်းလမ်း (၂)
စိတ်ပူပင်မှုတွေအားလုံးကို မှတ်စုစာအုပ်မှာ ချရေးလိုက်ပါ။
ပြီးရင်မနက်ဖြန်မှာ လုပ်ရမယ့်အလုပ်အဖြစ် စုစည်းထားပါ။
ရင်ဆိုင်လုပ်ကိုင်ရမယ့် ပြဿနာရပ်အားလုံးကို စာရွက်ပေါ်မှာ ချရေးထားပါ။
အဲဒီလိုရေးမှတ်လိုက်တာတွေဟာ နောက်လုပ်ရမယ့်အလုပ်တွေအဖြစ် မှတ်ယူရပါမယ်။
အနားယူလိုက်တဲ့ အချိန်အတောအတွင်းမှာ အဲဒီပြဿနာရပ်အားလုံးကို လုံးဝမေ့ထားလိုက်ပါ။
နည်းလမ်း (၃)
အသက်ကို ၀အောင်ရှူပါ။
လေကို နှာခေါင်းပေါက်က တဖြည်းဖြည်းရှူသွင်းပြီး ထွက်လေကို ပါးစပ်က, တဆင့်ထုတ် ပါ။
အဲဒီလို အသက်ရှူတဲ့ပုံစံကို (၁၀)ကြိမ် လုပ်ကြည့်ပါ။
ဖြည်းဖြည်းချင်း အသက်ရှူမှုဟာ နှလုံးခုန်နှုန်းကိုမျှတစေပြီး ခန္ဓာကိုယ်ငြိမ်သက်အေးချမ်းမှုကို ရစေပါတယ်။
လေကို ရှူသွင်းပြီး ပြန်ထုတ်တဲ့ အချိန်အတွင်းမှာ ကိုယ့်ရဲ့ ၀မ်းဗိုက်ကို အာရုံစူးစိုက်ထားပါ။
လေကိုရှူသွင်းပြီး ပြန်ထုတ်တဲ့အချိန်တိုင်းမှာ ၀မ်းဗိုက်ဟာ ပိန်လိုက်ဖောင်းလိုက် ဖြစ်နေပါလိမ့်မယ်။ အဲဒါကိုအာရုံစူးစိုက်ထားလိုက်ပါ။
အဲဒီလို အာရုံစူးစိုက်ထားတဲ့ အချိန် အတွင်းမှာ ပြင်ပကအနှောင့်အယှက်တွေ ၀င်မလာနိုင်ဘဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်
ပေါ်မှာ စူးစိုက်ထားတဲ့အာရုံဟာ တည်တည်ငြိမ်ငြိမ်ဖြစ်လာပါလိမ့်မယ်။
ကိုယ့်ရဲ့သမာဓိအား ခိုင်မာကောင်းမွန်လာတာကို ခံစားရလာမှာပါ။
နည်းလမ်း (၄)
ခန္ဓာကိုယ်ပေါ်မှာ အာရုံစူးစိုက်ထားသ လို ကိုယ့်ရဲ့ ခန္ဓာကိုယ်ဟာ တိမ်တွေပေါ်မှာ လေထဲမှာ လွှင့်မျောနေသလို
မျိုးစဉ်းစားကြည့်ပါ။
ကိုယ့်အနားကို ဖြတ်သွားတဲ့ အရာအားလုံးကို မြင်တွေ့ရသလိုမျိုး ခံစားရပါလိမ့်မယ်။
လမ်းညွှန်မှုပါတဲ့ တွေးတောဆင်ခြင်မှုဟာ အင်တိုက်အားတိုက် ကမ္မဌာန်းထိုင်တဲ့သဘောမျိုးဖြစ်လာပြီး အဲဒီလိုကမ္မ
ဌာန်းထိုင်ပေးလိုက်တဲ့အတွက် နေ့စဉ်တွေ့ကြုံနေရတဲ့ ပူပင်သောကတွေနဲ့ စိတ်ဖိစီးမှုတွေကို သက်သာရာရစေပါ
တယ်။
ခန္ဓာ ငါးပါး၊ ရုပ်နာမ်နှစ်ပါးစလုံးကို ထည့်သွင်းရှုမြင်ကြည့်ပါ။
မြင်တာကို မြင်တယ်လို့မှတ်ပါ။
ကြားတာကို ကြားရတယ်လို့ မှတ်ပါ။
အနံ့ရရင်လည်း အဲဒီအနံ့ကို မှတ်ပါ။
ထိတာသိရင်လည်း မှတ် ကြည့်ပါ။
ခန္ဓာကိုယ်က ခံစားနေရတဲ့အရာအား လုံးကို မှတ်နေခြင်းဟာ ပစ္စုပ္ပန်တည့်တည့်ကိုသာ ကြည့်နေတဲ့သဘော ဖြစ်
နေတာကြောင့် ဒီတဒင်္ဂအချိန်လေးဟာ ပူပင်သောက၊ ဗျာပါဒတွေနဲ့ စိတ်ဖိစီးမှုတွေမရှိတော့ဘဲ ငြိမ်းချမ်းတဲ့သုခ
ချမ်းသာခြင်းကို ရရှိလာနိုင်ပါတယ်။
နည်းလမ်း (၅) 
ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို တဖြည်းဖြည်းချင်း လျော့ချပါ။
ကိုယ့်ရဲ့ ဦးခေါင်းကနေ ခြေဖျားအထိ တောင့်တင်းနေတာတွေကို တဖြည်းဖြည်းနဲ့လျော့ချလိုက်ပါ။
စိတ်ရဲ့ ဖိစီးမှုဒဏ်က ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေကိုလည်း တောင့်တင်းစေတတ်ပါတယ်။
အဲဒီလိုဖြစ်လာရင် နာကျင်တာတွေ၊ ကိုက်ခဲတာတွေ၊ သက်တောင့်သက်သာမဖြစ်တာတွေကို ခံစားလာရပါတော့
တယ်။
ခန္ဓာကိုယ် ကကြွက်သားတွေ အကြောမျှင်တွေ လျှော့ချလိုက်တဲ့အတွက် စိတ်ရဲ့ပူပင်သောကတွေကိုလည်း လျော့
ကျစေပါတယ်။
စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေ ကင်းဝေးစေဖို့ ယခုချက်ချင်းလက်တွေ့လုပ်ဆောင်ကြည့်လိုက်ပါ။
စိတ်ရဲ့ချမ်းသာသုခကို လက်တွေ့ခံစားလာရပါလိမ့်မယ်။
ဝန်ခံချက်...
သူငယ်ချင်းတစ်ဦး မေးလ်ထဲကနေ ပို့ပေးထားတာပါ။
မူရင်းစာရေးသူနဲ့ မူရင်းဆိုဒ် မသိရပါသဖြင့် မဖော်ပြနိုင်ခဲ့ပါ။
ကိုယ်တိုင်လည်း စိတ်ဖိစီးမှုတစ်ခါတစ်ရံ ကြုံတတ်တဲ့အတွက် ကြိုက်နှစ်သက်မိလို့ ပြန်ပြီးမျှဝေပါတယ်။
နေလင်းအောင်
http://www.naylinaung1.blogspot.com/2012/06/blog-post_09.html
Monday, July 16, 2012
လက်ရှိအချိန်ကို အကျိုးရှိရှိအသုံးချပါ
လက်ရှိအချိန်ကို အကျိုးရှိရှိအသုံးချပါ
By နေလင်းအောင်
နံနက်တိုင်း သင့်ရဲ့ဘဏ်စာရင်းထဲကို ဒေါ်လာ (၈၆၄၀၀) ထုတ်ပေးနေတဲ့ ဘဏ်တစ်ခုရှိတယ်ဆိုပါစို့။ အဲဒီဘဏ်ဟာ တစ်နေ့တာလက်ကျန်ငွေကို နောက်တစ်နေ့အထိ သယ်ဆောင်မသွားပါဘူး။
တစ်နေ့တာအတွက် အသုံးပြုရမဲ့ငွေ ကျန်ရှိနေသေးတယ်ဆိုရင် ညနေရောက်တိုင်း ပယ်ဖျက်ပစ်ပါလိမ့်မယ်။
သင်ဘာလုပ်မလဲ။
တစ်ပြားမှမကျန်အောင် သုံးပစ်မှာပဲ မဟုတ်လား။
ကျွန်တော်တို့ အားလုံးမှာ အဲဒီလိုဘဏ်မျိုး ရှိနေပါတယ်။
အဲဒါကတော့ အချိန်ဆိုတဲ့ ဘဏ်ပါ။
နံနက်တိုင်း အချိန်ဆိုတဲ့ဘဏ်ဟာ သင့်ကို (၈၆၄၀၀) စက္ကန့် ထုတ်ပေးနေပါတယ်။
တစ်နေ့တာအတွင်း ကောင်းမွန်စွာအသုံးမချဘဲ ကျန်နေတဲ့အချိန်တွေကိုတော့ ညနေရောက်တိုင်း ပယ်ဖျက်ပစ်ပါ
တယ်။
အချိန်ဆိုတဲ့ဘဏ်ဟာ လက်ကျန် စာရင်းကို ဆိုင်းထားမှာမဟုတ်ဘူး။
စာရင်းမှာရှိတာထက် ပိုသုံးလို့လည်းမရဘူး။
နေ့စဉ်နေ့တိုင်း သင့်အတွက် စာရင်း အသစ် ဖွင့်ပေးနေမှာပါ။
ညရောက်တဲ့အခါတိုင်း တစ်နေ့တာလက်ကျန်ကို ပယ်ဖျက်ပစ်ပါတယ်။
တစ်နေ့တာ ထုတ်ပေးထားတဲ့ ပမာဏကို အကျိုးရှိရှိ အသုံးမပြုမိခဲ့ဘူးဆိုရင်တော့ အဲဒီဆုံးရှုံးမှုဟာ သင့်ကြောင့်ဖြစ်
ရတာပါ။
ဆုံးရှုံးသွားတဲ့ အချိန်ကို ပြန်ပြီးမရနိုင်တော့သလို မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်လို့လည်း မရနိုင်ပါဘူး။
ဒီနေ့ ထုတ်ပေးတဲ့အချိန်ကို ဒီနေ့ပဲ အသုံးချလိုက်ပါ။
ကျန်းမာရေး၊ ပျော်ရွှင်မှုနဲ့အောင်မြင်မှုတွေ အကောင်းဆုံးရရှိဖို့ အဲဒီအချိန်ကို ရင်းနှီးမြှုပ်နှံလိုက်ပါ။
နာရီဆိုတာ လည်ပတ်နေတာပါ။
တစ်နေ့တာရဲ့ အချိန်အများစုကို အကျိုးရှိရှိ အသုံးချလိုက်ပါ။
တစ်နှစ်တန်ဖိုးကို သိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားတစ်ဦးကို မေးကြည့်ပါ။
တစ်လတန်ဖိုးကို သိချင်ရင် လမစေ့ဘဲ ကလေးမွေးခဲ့တဲ့ မိခင်တစ်ဦးကို မေးကြည့်ပါ။
တစ်ပတ်တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ်သတင်းစာရဲ့ အယ်ဒီတာကို မေးကြည့်ပါ။
တစ်နာရီတန်ဖိုးကို သိချင်ရင် တွေ့ဖို့စောင့်နေကြတဲ့ ချစ်သူနှစ်ဦးကိုမေးကြည့်ပါ။
တစ်မိနစ်တန်ဖိုးကို သိချင်ရင် ရထားမမီဖြစ်သွားတဲ့ လူတစ်ဦးကိုမေးကြည့်ပါ။
တစ်စက္ကန့်တန်ဖိုးကို သိချင်ရင် မတော်တဆဖြစ်ရပ်တစ်ခုမှ သီသီလေးလွတ်သွားတဲ့ လူတစ်ဦးကိုမေးကြည့်ပါ။
သင့်မှာရှိနေတဲ့ တဒင်္ဂ အချိန်ကာလတိုင်းကိုလည်း တန်ဖိုးထားပါ။
 သင့်ရဲ့အချိန်ကို ထိုက်တန်တဲ့ တစ်စုံတစ်ဦးနဲ့ အသုံး ချပြီး ခံစားပျော်ရွှင်နိုင်တဲ့ အတွက်ကြောင့် အဲဒီအချိန်လေး
တွေကို ပိုပြီးတန်ဖိုးထားပါ။
အချိန်ဟာ မည်သူ့ကိုမှ မစောင့်ဘူးဆိုတာ သတိရပါ။
မနေ့ကဆိုတာ ပြီးဆုံးခဲ့တဲ့ သမိုင်းမှတ်တမ်းမျှသာ။
မနက်ဖြန်ဆိုတာ မဖြစ်နိုင်သေးတဲ့ ဒဏ္ဍာရီမျှသာ။
ဒီနေ့ဆိုတာ လက်ဆောင်တစ်ခုပါ။
ဒီတော့ လက်ရှိတစ်နေ့တာကိုပဲ အကျိုးရှိရှိ အသုံးချလိုက်ပါ။
နေလင်းအောင် ဘာသာပြန်ဆိုသည်။ 
www.naylinaung1.blogspot.com
Copy from http://satekuupuyar.blogspot.com/2012/07/blog-post_5459.html
Fire traps New Zealand miners
နယူးဇီလန်မှာ ရွှေတူးတဲ့ မိုင်းတွင်း မီးလောင်တယ်တဲ့ဗျို့။
အဲဒါ ဘန်ကောက်ပို့စ်မှာ ရေးထားတာ။
Saturday, July 14, 2012
မြန်မာ့သမိုင်းကို ကယ်တင်ခဲ့သူ
ဒေါ်မော်နီကာမြမောင်သည် ရန်ကုန်ရှိ ဗြိတိသျှကောင်စီတွင် ၃၈ နှစ်ကြာ အမှုထမ်းခဲ့ပြီး ၁၉၇၉ တွင် MBE ဆုတံဆိပ်ချီးမြှင့်ခံရသည်။ 
၂၀၀၈ ခုနှစ် အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်သည် (ဓာတ်ပုံ – British Council)
မြန်မာ့သမိုင်းကို ကယ်တင်ခဲ့သူ
ရန်ကုန်မှာရှိတဲ့ ဗြိတိသျှကောင်စီ စာကြည့်တိုက်ဟာ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ အစိုးရ စာ
ကြည့်တိုက် ဖြစ်ပါတယ်၊ ဒါပေမယ့် အဲ့ဒီစာကြည့်တိုက်မှာ သူမတူအောင် စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေ
ကို အခုလို ထိန်းသိမ်းစောင့်ရှောက် ထားနိုင်တဲ့အပေါ် အမျိုးသမီးတယောက်ကို ကျေးဇူးအထူးတင်ရပါလိမ့်မယ်။
ဒေါ်မော်နီကာ မြမောင်တယောက် မြန်မာဝတ်လုံတော်ရ ဦးပါစီမြမောင်ရဲ့ အင်္ဂလိပ်ဇနီးသည် အဖြစ်နဲ့ ၁၉၃၇ ခုနှစ်
အောက်တိုဘာလမှာ ရန်ကုန်မြို့ကို ပထမဆုံး ရောက်လာခဲ့ပါတယ်။
ဦးပါစီမြမောင်ဟာ တရားသူကြီးတယောက်ရဲ့ သားဖြစ်ပြီး ကိန်းဘရစ်ခ်ျ (Cambridge) တက္ကသိုလ်၊ စိန့်ဂျွန်းကော
လိပ်(St. John’s College) ကနေ ဘွဲ့ရခဲ့သူပါ။ ဗြိတိသျှကောင်စီစာကြည့်တိုက်ကို ၁၉၄၇ ခုနှစ်မှာ စတင်ဖွင့်လှစ်တဲ့
အခါ “အန်တီမော်နီကာ” လို့ အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ ဒေါ်မော်နီကာ မြမောင်က အားလပ်ချိန်မှာဝိုင်းကူတာ
တွေစလုပ်ခဲ့ပါတယ်။
ဒါပေမယ့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၆၂ အာဏာ သိမ်းတဲ့အခါမှာတော့ သူ့ရဲ့တပ်ဖွဲ့တွေ
က အဲ့ဒီစာကြည့်တိုက်ကို သိမ်းယူဖျက် ဆီးခဲ့ပြီး စာကြည့်တိုက်ပိတ်ဖို့နဲ့ စာအုပ်တွေရောင်းထုတ်ပစ်ဖို့ကိုပါ အမိန့်
ပေးခဲ့ပါတယ်။
ထက်မြက်ပြီး ပါးရည်နပ်ရည်ရှိလှတဲ့ အန်တီမော်နီကာကတော့ မြန်မာ့သမိုင်း စာအုပ်ရှည် အုပ် ၅၀၀ ကိုအလျှင်အ
မြန်ပဲ ဖွက်လိုက်ပါတယ်။
ဖျက်ဆီးခံရမယ့် ဘေးကလွတ်အောင် စာအုပ်တွေကို ဗြိတိသျှသံရုံးထဲက စားပွဲတွေအောက်မှာနဲ့ လျှို့ဝှက် အခန်း
ငယ်လေးတွေထဲမှာ ဖွက်ထားလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ တရားဝင် ပြန်ဖွင့်ခွင့်ရတဲ့ ၁၉၇၃ ခုနှစ် အထိ စာကြည့်တိုက်ကို တိတ်တဆိတ် ဆက်လက် လည်ပတ်ခဲ့ပါတယ်။
“သူဟာ သိပ်ကို တက်တက်ကြွကြွရှိပြီး စံနမူနာယူသင့်တဲ့ အံ့သြချီးမွမ်းဖွယ်ရာ အမျိုးသမီးတယောက်ပါ” လို့ စာကြည့်တိုက်ရဲ့ လက်ရှိ သတင်းပြန်ကြားရေးမန်နေဂျာ ဒေါ်မိုးမိုးစိုးက ကျနော့်ကို ပြောပြပါတယ်။ “သူက မြန်မာပြည်နဲ့ မြန်မာ ပြည်သူတွေကို ချစ်တယ်၊ ပြီးတော့ မြန်မာပြည်ဟာ သူ့အိမ်လို့ အမြဲတမ်းယူဆထားသူ
ဖြစ်တယ်။
အလုပ်က အငြိမ်းစားယူပြီးနောက်ပိုင်းမှာတောင်မှပဲ ဒီမှာ အချိန်ပိုင်း ဆက်လုပ်သွားသေးတယ်”
လို့လည်း သူကဆိုပါတယ်။
အန်တီမော်နီကာရဲ့ ရဲရင့်တဲ့လုပ်ရပ်တွေကြောင့်ပဲ ဘယ်လိုမှအစားထိုးလို့မရနိုင်တော့တဲ့ ဥပမာ – မြန်မာပြည် အ
တိတ်နှင့် ပစ္စုပ္ပန် – ဘားမင်းအင်ပိုင်ယာတွင် မှီတင်းနေထိုင်သူတယောက်၏ နေ့စဉ်မှတ်တမ်း (Burma Past and Present, Journal of a Residence in the Burmham Empire နဲ့ အဓိကချင်းလူမျိုးစု၏ စီးပွားရေး(The Economics of the Central Chin Tribe) စာအုပ်မျိုးတွေ စာကြည့်တိုက်မှာ ကနေ့ထိရှိနေပြီး ပညာရှင်တွေ လက် လှမ်းမှီနေတာပါ။
အန်တီမော်တီကာရဲ့ သံမဏိစိတ်ဓာတ်နဲ့ ဆောင်ရွက်မှုမျိုးကို သူ့လို ဗြိတိသျှတွေ ထူထပ်လှတဲ့ကိုလိုနီအသိုင်းအ
ဝိုင်းအကြား ဝိုင်းကြဉ်ခံထားရတဲ့ အချိန်မျိုးမှာ လူတိုင်း လုပ်ခဲ့တာမဟုတ်ပါဘူး။
ဒါပေမယ့် သူကတော့ အဲ့ဒီအသိုင်းအဝိုင်း ရဲ့ ဟန်ဆောင်မှုတွေကို ဂရုစိုက်တယ်ဆိုရုံလေးပဲရှိပြီး သူရဲ့ မြန်မာဆွေ
မျိုးအသိုင်းအဝိုင်းအသစ်ထဲကို မိုက်မိုက်ကန်း ကန်း ခြေစုံပစ်ဝင်ခဲ့ပါတယ်။
 ပထမဆုံး ရန်ကုန်ရောက်တဲ့နေ့က မြန်မာ ပိုးထည်ဝတ်စုံဝတ်ပြီး ရွှေတိဂုံဘုရားမှာ ဝတ်ပြုနေတဲ့ ဒေါ်မောနီကာမြ
မောင်ဟာ သတင်းစာထဲမှာသုံးဖို့ဆိုပြီး ဓာတ်ပုံအရိုက်ခံခဲ့ရပါတယ်။
ဒီဓာတ်ပုံက သူတို့သားရဲ့ ဇနီးရွေးချယ်မှုအပေါ် သဘောမတူတဲ့ သူ့ရဲ့ယောက္ခမတွေကို သိသိသာသာ စိတ်သက်
သာရာရစေခဲ့ပါတယ်။
ဒါပေမယ့် အင်္ဂလိပ်လို သံတူအစစကားလုံးနဲ့ “မြန်မာဝတ်လုံတော်ရက လှပတဲ့ ဗုဒ္ဓဘာသာဝင် ဗြိတိသျှဇနီးလောင်း
ခေါ်လာ (Burmese Barrister Brings Bak Beautiful British Bride)” ဆိုပြီး နောက်တနေ့ သတင်းစာထဲပါလာတဲ့ အခါမှာတော့ မျိုးချစ်စိတ်ပြင်းထန်လှတဲ့ ဗြိတိသျှတွေ အသိုင်းအဝိုင်းကြားမှာ သူ့ကို ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေခဲ့ပါ တယ်။
၁၉၃၀ ခုနှစ်တွေတုန်းက ဘယ်မြန်မာမှ (အဲ့ဒီအချိန်က ယာယီနန်းရင်းဝန်ဖြစ်နေတဲ့ဆာဂျိုးဇက်ဖ် မောင်ကြီး တောင်
မှပဲ) အင်္ဂလိပ်ကလပ်တခုမှာ အဖွဲ့ဝင်ဖြစ်ခွင့် မရှိပဲကိုး။
အဲ့ဒီစည်းကမ်းက ၁၉၁၄ ဇွန်လ ၅ ရက်မှာမွေးတဲ့ ဒေါ် မော်နီကာမြမောင် ရန်ကုန်လူ့အဖွဲ့အစည်းမှာ အားထားရတဲ့
ပုဂ္ဂိုလ်တယောက်ဖြစ်မလာခင် သိပ်မကြာသေးခင်ကပဲ ထုတ်ခဲ့တာပါ။
“ရန်ကုန်မှာ ကမ္ဘာအရပ်ရပ်က သံအမတ်တွေ အများကြီးရှိတာမို့ သူတို့ရဲ့ ဇနီးတွေအားလုံးကို အန်တီက အင်္ဂလိပ်
စာသင်ပေးတယ်။
ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြေး ၃ ယောက်ကိုတောင်မှပဲ အင်္ဂလိပ်စာ သင်ပေးခဲ့သေးတယ်”
လို့ ဒေါ်မိုးမိုးစိုး က ပြောပါတယ်။
အန်တီမော်နီကာဟာ ကိုယ်ပိုင်သားသမီး မထွန်းကားခဲ့ပေမယ့် ခင်ပွန်းသည်နဲ့တိုင်ပင်ပြီး သားသမီး မွေးစားခဲ့ပါ
တယ်။
ပြီးတော့ ခင်ပွန်းသည်ဆုံးတဲ့ ၁၉၈၇ ခုနှစ်အထိ ရန်ကုန်က ကျွန်းအိမ်နိမ့်လေးမှာပဲ နေထိုင်သွားခဲ့ပါတယ်။ အင်္ဂလန်ကို ပြောင်းရွှေ့နေထိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ခဏပဲပြန်သွားပြီး သူရဲ့ တကယ့်အိမ်အစစ်ကဘယ်မှာဆိုတာ
သိတာမို့ မြန်မာ ပြည်ကို အမြန်ပြန်လာခဲ့ပါတယ်။
“၂၀၀၀ ခုနှစ်တုန်းက လန်ဒန်မှာကြုံရတဲ့ အဖြစ်အပျက်တခုကို ကျမမှတ်မိနေသေးတယ်။
ပြည်ထောင်စုနေ့အခမ်းအနားတွေကို တီဗွီမှာ ကျမတို့ ကြည့်နေကြတဲ့အချိန်ပေါ့။
အန်တီက ကျမတို့ဖက်လှည့်ပြီး ဘာဖြစ်လို့ ငါက ဒီရောက်နေတာ လဲလို့မေးပါတယ်။
လန်ဒန်မှာ သူ့ဆွေမျိုးတွေနဲ့အတူရှိနေတာကို မေ့နေပုံရတယ်”
လို့ ဒေါ်မိုးမိုးစိုးက သူကြုံခဲ့ရတာကို ပြန်ပြောပြပါတယ်။
ဒေါ်မော်နီကာမြမောင်ဟာ ၁၉၇၉ ခုနှစ်မှာ ဗြိတိသျှအင်ပိုင်ယာ၏ အထူးချွန်ဆုံး ပုဂ္ဂိုလ်များ (Member of the Most Excellent Order of the British Empire – MBE) ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရပါတယ်။
ဗြိတိသျှကောင်စီမှာ ၃၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။ မြန်မာပြည်မှာ နေခဲ့တဲ့ဘဝတလျှောက် ဂျပန်ဗုံးကြဲတာ၊ ဂျပန်ဝင်သိမ်း
တာနေအိမ်အကျယ်ချုပ်၊ ပုလိပ်ရောဂါ ဖြစ်ပွားမှု စတာတွေကို ကြုံတွေ့ခဲ့ရပြီး အသက် ၉၀ အထိ စာသင်ပေးသွား
ခဲ့သူပါ။
“သူ့လို အင်္ဂလိပ်အမျိုးသမီးမျိုး ကျမ ဘယ်တုန်းကမှ မသိခဲ့ဖူးပါဘူး။
သူက လူတွေကို လူသားလိုမြင်တဲ့အပြင် စာအုပ် တွေကို ချစ်သူ၊ စာဖတ်တာကို ခုံမင်နှစ်သက်သူဖြစ်ပါတယ်”
လို့ ဒေါ်မိုးမိုးစိုးက ထပ်ဖြည့်ပြောပါတယ်။
အခုဆိုရင် ဒေါ်မိုးမိုးစိုးတယောက် ဒဏ္ဍာရီတွင်လောက်တဲ့ သူ့လက်ဦးဆရာရဲ့ ခြေလှမ်းအတိုင်း လှမ်းနေပြီးစာကြည့်
တိုက်မှာ ထင်ရှားကျော်ကြားသူတယောက် ဖြစ်လာပါပြီ။
“အန်တီမိုး” လို့ လူသိများတဲ့ သူ့ရဲ့ စီမံမှုအောက်မှာ စာကြည့်တိုက်ကလည်း အောင်မြင်တိုးတက်လာနေပါပြီ။
ဗဟုသုတနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ တိုးတက်လာဖို့အတွက် ရန်ကုန်က ဗြိတိသျှကောင်စီစာကြည့်
တိုက် ကို လာကြသူတွေ တနေ့ကို ၁၂၀၀ လောက်ရှိပြီး ဒီစာကြည့်တိုက်ဟာ ဆင်ဆာအဖြတ်မခံရတဲ့ စာအုပ်စာ
တမ်းတွေ ရှိရာ မြန်မာပြည်ရဲ့ တခုထဲသောနေရာလည်း ဖြစ်ပါတယ်။
အန်တီမိုးက အငြိမ်းစားယူမယ်လို့ စဉ်းစားမိတဲ့အကြောင်း ပြောမိတယ်ဆိုရင် အနားမှာရှိတဲ့ သူ့လုပ်ဖော်ကိုင်ဖက် တယောက်က
“ဘုရားရေ၊ ဟုတ်လို့လား။
ကျမတော့ အန်တီ အနားယူမယ်မထင်ဘူး”
လို့ ဖြတ်ပြောတတ်ပါတယ်။
အန်တီမော်နီကာရဲ့ဝိညာဉ်ဆက်လက်ရှင်သန်နေဆဲဆိုတာကတော့ အထင်အရှားပါပဲ။
Charlie Campbell ၏ The Woman Who Saved Burmese History ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။
 Copy from http://burma.irrawaddy.org
အမိုးစကား
အမိုးစကား
ပျိုကညာရွယ်လွန်ပြီး ဆံဖြူသွားကျိုး
တို့- ပြည်ထောင်စုရဲ့သက်တမ်းတောင် ၆၅ နှစ်ထဲရောက်
တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ပြည်တွင်းစစ်ကြီးက
ကညာပျိုရွယ်လို အားကောင်းလို့မောင်းသန်နေဆဲ...ဖိုးခွါးရေ။
စိတ်မချရတဲ့အနာဂတ်မှာ
အမိုးတို့ဘဝ အိပ့်မရတာလည်း
ကြာခဲ့ပြီပေါ့။
အမိုးအကာအစုတ်နဲ့
စစ်ပုန်း စစ်ရှောင်
အမိုးတို့ရဲ့ဒုက္ခ
စဉ်းစားသာကြည့်ပေတော့....ဖိုးခွါးရေ။
အမိုးမလိမ္ဘူး
ကျိန်ဆိုရင် ကျိန်ပြပါ့မယ်
ငါးပိတစ်အိုးနဲ့
အမိုးနေရရင် သေပျော်ပါပြီး....ဖိုးခွါးရေ။
အမိုးရဲ့မြေး အမိုးရဲ့ခွေး
စစ်မီးဟုန်းဟုန်း တောက်လောင်နေဆဲမှာ
ငတ်တလှည့် ပြတ်တလှည့်နဲ့
ပြေးရင်းလွှားရင်း ထမင်းငတ်ခဲ့တဲ့
ရက်တွေလည်း ကြုံခဲ့တယ်...ဖိုးခွါးရေ။
ဖိုခွါးရေ
သတင်းမကြားရရင်နေပါစေ
အစာအိမ်ရောဂါရှိတဲ့ အမိုး
ထမင်းမစားရတာ ရက်ရှည်ကြာတော့
ပြဿနာရှိလာတယ်...ဖိုးခွါး။
ကျိန်စာသင့်ထားသလို
ပြည်တွင်းစစ်ရဲ့မီး နှစ်ပေါင်းရှည်ကြာ
အလျှံညီးညီးတောက်လောင်နေတော့
အမိုးတို့ရွာအကြောင်း
တွေးမိလေတိုင်း မျက်ရည်ဝိုင်းခဲ့တယ်...ဖိုးခွါးရေ။
 အမိုးရဲ့ နောက်ဆုံးစကား
 ဖိုးခွါးတို့ကို ပြောခဲ့ပါရစေ...
ဒါ- တို့ပြည် ဒါ- တို့မြေ
တို့တတွေပိုင်တဲ့မြေထဲ
လူမဆန်တဲ့ အာဏာရှင်အမျိုးယုတ်တွေကို
ကျူပင်ခုတ် ကျူငုတ်မကျန်
အမြစ်ပါဖြိုလှဲ
ပြည်ထောင်စုကို အသက်ပေးလို့
တို့တတွေရဲ့ ညီညွှတ်အားနဲ့ စုပေါင်းကာကွယ်ကြပါ....စို့။
Copy from http://forevernadi.blogspot.com/2012/02/blog-post_11.html
မိုဘိုင်းဖုန်းသုံးသူများအတွက် အရေးပေါ်သတိပေးချက်
မိုဘိုင်းဖုန်းသုံးသူများအတွက် 
အရေးပေါ်သတိပေးချက်
Posted by လေပြေ
July 14, 2012
Translated by: Zan Htet Ko
MIAMI ဆေးရုံးက အရေးပေါ် အလွန်ထူးဆန်းတဲ့ သတိပေးချက်ပါ။
"ကျွန်တော် အမြဲ တမ်းဒီလို လုပ်တတ်ပါတယ်... ဒါကိုဖတ်ပြီး ဒီလို နောက်တစ်ခါ မလုပ်တော့ပါဘူး "
လွန်ခဲ့တဲ့ နေ့က လူတစ်ယောက်ဟာ မိုဘိုင်းဖုန်းတစ်လုံးကို သူ့ အိမ်မှာ အားသွင်းခဲ့ပါတယ်။
အားသွင်းနေတဲ့ အချိန်မှာပဲ....အ၀င်ဖုန်းကော တစ်ခု ၀င်လာပါတယ် ...ဒါနဲ့ သူက ဖုန်းကို အားသွင်းနေတုန်း ပလပ်မဖြုတ်ပဲ ကြိုးတန်းလန်းနဲ့  အ၀င်ကောကို လက်ခံဖုန်းပြောခဲ့ပါတယ်......။
Seconds အနည်းငယ်အကြာလေးမှာ ..... သူပြောနေတဲ့ ဆဲလ်ဖုန်းမှာ လျှပ်စစ်တွေ အထိန်းအချုပ်မရှိ စီးဝင်ခဲ့ပါ
တယ်....ပြီးတော့ အဲဒီလူငယ် ကြမ်းပြင်ပေါ်ကို အလွန်ပြင်းထန်တဲ့  အရှိန်နဲ့  ရိုက်ခတ်ပြီး လဲကျသွားပါတယ်....။
အခု ပုံမှာ မင်းမြင်တဲ့ အတိုင်း .....ဖုန်းဟာ အမှန်တကယ်ပေါက်ကွဲခဲ့ ပါတယ်..... ကောင်လေး ရဲ့ မိဘတွေ သူ့ အခန်းထဲ ကို အသံကြားကြားချင်း ပြေးဝင်လာကြတဲ့ အခါလက်တွေလောင်နေပြီ နှလုံးခုန် နှုန်း မရှိသလောက် နဲ့ သတိမေ့မျောနေတဲ့သူ့ ကို တွေ့လိုက်ရပါတယ်.....သူ့ကို နီးစပ်ရာဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရပါ
တယ်.....။
ဒါပေမဲ့  ဆေးရုံအရောက်မှာ သူဟာ စကားလေးကိုတောင် ပီသအောင် မပြောနိုင်တော့ပါဘူး... ... !!!!! ဆဲလ်ဖုန်းဖြစ်တဲ့ မိုဘိုင်းဖုန်းတွေဟာ ဒီနေ့ မော်ဒန်ခေတ်မှာ အရမ်းကို အရေးပါ ပါတယ်... သို့ သော်လည်း....ကျွန်တော်တို့ ဟာ ဒီမိုဘိုင်းဖုန်းဟာ ...ကျွန်တော်တို့ ကို အသက်ကို သေစေနိုင်တဲ့ အရာ
တစ်ခုလည်းဖြစ်နိုင်တယ် ဆိုတာ သတိပြုရပါမယ်.......။
*** ဆဲလ်ဖုန်းတွေကို ပလပ်မှာအားသွင်းနေစဉ် လုံးဝအသုံးမပြုပါနဲ့ .......။
မင်းအားသွင်းနေတုန်း ဖုန်းဝင်လာရင်လည်းပလပ်ကနေ ဖြုတ်ပြီးမှသုံးပါ......။
ကျေးဇူးပြုပြီး ဒီဟာကို လူများများကိုမင်းတတ်နိုင်သလောက် Share ပြီး ဒီအကြောင်းကို အားလုံးသိလာအောင် လုပ်ပေးပါ ......။
Translated by: Zan Htet Ko
Copy from http://satekuupuyar.blogspot.com/
Karen News
KNU liaison office link to Burma’s MI scares villagers
ဘိတ်ထားဝယ် ကေအဲန်ယူ ဆက်ဆံရေးရုံးကို လာလည်ရင် လာလည်တဲ့ လူရဲ့ ကိုယ်ရေးရာဇ၀င် အချက်အလက်
တွေကို အဲဒီ တပ်မဟာ ၄ ဆက်ဆံရေးရုံးကယူထားပါတယ်။
ပြီးတော့ ဗမာစစ်ထောက်လှမ်းရေး က လိုချင်တယ် ဆိုရင် ပေးတယ်လို့ ဆိုပါတယ်။
အဲဒီဆက်ဆံရေးရုံးကို စစ်ထောက်လှမ်းရေးက လူအ၀င်အထွက်တွေ စောင့်ကြည့်တယ်လို့ ဆိုပါတယ်။ ဗမာစစ်ထောက်လှမ်းရေးက ဖြစ်ချင်တိုင်း လိုက်လုပ်ပေးကြမယ်ဆိုရင် အဲဒီဆက်ဆံရေးရုံးတွေကို
"ကေအဲန်ယူ ဆက်ဆံရေးရုံး" လို့ ခေါ်စရာမလိုတော့ပါ။
"ဗမာစစ်ထောက်လှမ်းရေး ရုပ်သေးရုံး" လို့ ပဲ ခေါ်ရတော့မလိုဖြစ်နေပြီ။
ဒီအတိုင်းဆက်သွားရင် ဆက်ဆံရေးရုံးတွေက မကြာခင် သချို င်္းကုန်းက ဇရပ်လို ပဲဖြစ်နေအုံးမှာပါ။ စီးပွားရေးသမားတွေပဲ ဆက်ဆံရေးရုံးဆီလာမယ်။
ဒါပေမယ့် KNU ကို တသက်လုံးထောက်ခံအားပေးလာတဲ့ သာမန်လူထုတွေ မုဆိုးမတွေက မင်းတို့ ကို ခွါးရေ... တားတာ Good Bye လုပ်မယ် သူငယ်ချင်း....
July 13 Author: Karen News
Karen villagers are being scared off from using the newly opened Karen National Union (KNU) liaison office in Tavoy town in Southern Burma, as they fear their personal data is recorded and then given to Burmese military intelligence. Saw David, a Karen from Tavoy Town spoke to Karen News of his fears.
“I’m afraid to go back to the KNU liaison office, because when I first arrived I had to submit my personal information to the office staff then my personal information is given to the Burmese military Intelligence.”
The KNU liaison officer in Tavoy, Lieutenant Colonel Saw Hsa Pe Tu confirmed to Karen News that information taken at the liaison office is shared with Burma’s military intelligence.
 “We have to record the information from the visitors. But we don’t have to share the information to the military intelligence, but if they want to look at it they are allow to.”
Saw David said he is concerned his personal data is ending up with the Burmese military intelligence. “I have to give my name, age, address, who am I, what matter I come here, why I come here, who I would like to see and more, and I have to sign. Then I was told this personal information is given to the military intelligence.”
Saw David said the Burmese military intelligence unit monitored who went in and out of the KNU liaison office.
“The military intelligence keep watch on the KNU liaison office and I know they request personal information taken from visitors. Karen people who want to speak or see their KNU leaders to give comment to them about the peace process and their work are now avoiding the office.”
The KNU setup their liaison office in Tavoy, Tenasserim Division and Kyauk Gyi, Pegu Division in April following the KNU and Burma government’s ‘peace talk’ negotiations held in Rangoon.
http://karennews.org/2012/07/knu-liaison-office-link-to-burmas-mi-scares-villagers.html/
Posted by ဇင်ယော် at 10:08 AM
Copy from http://thawthikho.blogspot.com/2012/07/knu-liaison-office-link-to-burmas-mi.html
Monday, July 9, 2012
Sunday, July 8, 2012
ငွေစက္ကူမှပြောသော ဗမာနဲ့မြန်မာ
ငွေစက္ကူမှပြောသော ဗမာနဲ့မြန်မာ
(မင်းစိုးစံ)
ဗမာ ဆိုတဲ့ စကားက တိုင်းရင်းသားတွေအားလုံးကို ကိုယ်စားပြုတယ်။
မြန်မာ ဆိုတဲ့ စကားက တိုင်းရင်းသား တွေအားလုံးကို ကိုယ်စားပြုတယ်။
ကဲ တိုင်းရင်းသားအပါအ၀င် ဗမာတွေပါ မကွယ်မ၀ှက် ရင်ထဲရှိတဲ့အတိုင်း ဆွေးနွေး အဖြေရှာကြည့်ကြပါစို့။ အဖြေရှာကြတဲ့အခါမှာ ရလာတဲ့အဖြေဟာ တစ်ခုတည်းမဖြစ်နိုင်တာကိုတော့ အားလုံးလက်ခံကြလိမ့်မယ်လို့ ယုံ ကြည်ပါတယ်။ သေခြာတာတခုကတော့ သမိုင်းကိုဖျောက်ဖျက်ဘို့ မိုက်မဲစွာ ကြိုးစားစိုင်းပြင်းသူတွေရဲ့ ယုတ်ညံ့တဲ့ အကြံအစည်ကြောင့် ဒီကနေ့ မညီမညွတ်နဲ့ဝါးအစည်းပြေသလို အကွဲကွဲအပြားပြားတွေဖြစ်ကုန်တာကိုတော့ ဘယ်
သူမျှညင်းလို့ရမှာမဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ သမိုင်းပေးတာဝန်ကို ကျေကျေပြွန်ပြွန်ထမ်းဆောင်ချင်တဲ့လူတွေ သမိုင်းပေးတာဝန်ကို မှန်မှန်ကန်ကန် လွတ်လွတ်လပ်လပ် ရဲရဲတင်းတင်း ထမ်းဆောင်နိုင်ခွင့်မရခဲ့ကြရလို့ဖြစ်ပါတယ်။
ဒါကြောင့်လည်း ကျုပ်တို့နိုင်ငံနဲ့ ကျုပ်တို့လူမျိုးတွေရဲ့သမိုင်းဟာ စုတ်ပြတ်သတ်ကုန်ရုံမက တိုင်းပြည်လည်း နာလံ
မထူနိုင်အောင်ဖြစ်နေရတာ အားလုံးအသိပါ။
ကျုပ်တို့ရဲ့အိမ်နီးချင်းနိုင်ငံတွေကလည်း ကျုပ်တို့တိုင်ြး့ပည်အပေါ် ဆက်ဆံတဲ့ဆက်ဆံပုံက ကျုပ်အမြင်နဲ့ ပြောရ
မယ်ဆိုလျင် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို ဖါနိုင်ငံလိုဆက်ဆံနေကြတာပါ၊ ကျုပ်တို့နိုင်ငံကထွက်တဲ့သယံဇာ တတွေကို အလိုရမက်ကြီးမားစွာနဲ့ သူ့ထက်ငါအလုအယက် ဈေးချိုချို(အလကားမတ်တင်းနီးနီး)ရအောင် နည်း အမျိုးမျိုးပုံစံအသွယ်သွယ်နဲ့ ချဉ်းကပ်နေကြတာ ထင်သာမြင်သာရှိလှပါတယ်။
အဲဒီလို အဲဒီလိုတွေ ဖြစ်ပျက်နေတာကို သိသိကြီးနဲ့ ထိန်းသိမ်းကာကွယ်ရကောင်းမှန်းသိနေကြပါလျက် သမိုင်း ကိုဖျောက်ဖျက်ဘို့ မိုက်မိုက်မဲမဲကြိုးစားခဲ့သူတွေရဲ့ ယုတ်ညံ့တဲ့အကြံအစည်ကို အရသာရှိရှိဆက်ပြီးအကောင်အ ထည်ဖေါ် မိုက်တွင်းနက်ပြီးရင်းနက်ရင်းနဲ့ တိုင်းပြည်နဲ့လူမျိုး လုံးပါးပါးရမယ့် အခြေအနေဆိုးကို တွန်းပို့နေတာမို့ အင်မတန်မှ ကြေကွဲစရာကောင်းလှပါတယ်။
အဲဒီတော့ ဗမာပြည်တွင်းမှာနေထိုင်နေကြတဲ့ လူမျိုးစုတွေဟာ စစ်တပ်ကလုပ်တာပါလို့ မမြင်တော့ပဲ ဗမာတွေ လုပ်တာလို့ မြင်နေကြတဲ့အတွက် အမျိုးသားရင်ကြားစေ့ရေးဆိုတာကလည်း သဲထဲရေသွန်သလိုဖြစ်နေတဲ့အ
ခြေအနေမျိုးရောက်သွားမှာ အင်မတန်စိုးရိမ်ရမယ့် အဖြစ်က ဆီးကြိုနေပါတယ်။
ဒီကနေ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ အရာဟာ ဗမာနဲ့ဗမာအချင်းချင်း ကရင်နဲ့ကရင်အချင်းချင်း ပြေလည်
နေရုံလေးနဲ့ သင့်တင့်နေရုံလေးနဲ့ မဖြစ်နိုင်ဘူးဆိုတာ အားလုံးအသိပါ။ ဗမာနဲ့မြန်မာ ဆိုတဲ့အသုံးအနှုန်းလေး တ ခုကို အခြေပြုပြီး ဗမာအချင်းချင်းအငြင်းအခုံဖြစ်နေတယ်လို့ အပေါ်ယံအကြောအရ မြင်နေကြပေမယ့် တကယ် တမ်းတော့ ဗမာပြည်ဆိုတာကို အတိအလင်းဖြစ်အောင် တရားဝင်ဖြစ်အောင် ဗမာတွေကြိုးပမ်းနေကြတာလို့ မြင်
တဲ့လူတွေကလည်း ရှိနေပါတယ်။
မြန်မာဆိုတာ မြမ္မာဆိုတဲ့စာလုံးကနေပြောင်းလွဲလာခဲ့တာပါ၊ မြမ္မာဆိုတဲ့စာလုံးကလည်း ဗြမ္မာဆိုတဲ့အသုံးအနှုန်း ကနေဆင့်ကဲပြောင်းလဲခဲ့တာလို့ ဆိုကြပါတယ်၊ ဗြမ္မာကြီးတွေကို ကိုးကွယ်တယ်လို့ဆိုတဲ့သူကရှိသလို ဗြမ္မာမျိုး ကနေဆင်းသက်လာတယ်ဆိုတာခံယူကြတယ်လို့ ပြောတဲ့သူကပြောကြပြီး ဗြမ္မပုတ္တရမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ
နေထိုင်ကြလို့ ဗြမ္မာလူမျိုးလို့ခေါ်တွင်လာကြရာကနေ မြမ္မာဆိုတာဖြစ်လာပြီး နောက်ပိုင်းမှာတော့ မြမ္မာဆိုတဲ့အ
ရေးအသားဟာ အဓိပ္ပါယ်လေးနက်မှုမရှိတဲ့အတွက် မြန်မာလို့ပြောင်းပြီးရေးသားခြင်းအားဖြင့် ပညတ်သွားရာဓါတ်
သက်ပါဆိုတဲ့အတိုင်း မြန်ဆိုတာ မြန်ဆန်သော လျင်မြန်သော မြန်မြဲသော သဘောကိုဆောင်သလို မာ ဆိုတာ
ကလည်း မာကြောသော ခိုင်မာသော မာထန်သော သဘောကိုဆောင်တဲ့အတွက် မြန်မာလို့သာရေးသားသုံးနှုံး
ခြင်းကို အထူးလိုလားကြောင်းကို ဆရာတော်အောင်ကျော်စံထား ရေးသားပြုစုတဲ့ ဝေါဟာရတ္ထ ပကာသဏီကျမ်း
မှာ ရေးသားဖေါ်ပြထားတာတွေ့ရပါတယ်။
ဗမာဆိုတဲ့စကားလုံးကတော့ ဗြမ္မာဆိုတာကနေ ဗမာ ဆိုပြီးဖြစ်လာတာမျိုးလားဆိုပြီးတွေးထင်စရာ ဖြစ်လာပါတယ် ဥပမာအားဖြင့် စေတီပုထိုးတွေမှာ ထီးတော်တင်တဲ့အခါ ငှက်မြတ်နားဆိုတာ ရှိတယ်လို့ဆိုပါတယ် အဲဒီငှက်မြတ်နား
ကို ငှက်မနားလို့ခေါ်ကြတာမျိုး။ နောက်တခုက ပြီးပါပြီ ဆိုတဲ့ စာလုံးကို ပီးပါပီ လို့ အသံထွက်တာမျိုး။ အဲဒီလိုမျိုးကနေ ဗြမ္မာကနေ ဗမာဆိုပြီးဖြစ်လာတာများလားဆိုတာမျိုးပါ။ ဘယ်လိုပဲဖြစ်ဖြစ်ကိုလိုနီခေတ်က ငွေစက္ကူတွေပေါ်မှာတော့ ဗမာနိုင်ငံတော်လို့ရေးသားသုံးနှုံးခဲ့ကြသလို အခုခေတ် စစ်အာဏာရှင်ခေတ်မှာလည်း မြန်မာနိုင်ငံတော်လို့သုံးနှုံးတာကိုကြည့်ခြင်းအားဖြင့် ဗမာနဲ့မြန်မာဆိုတာ အတူတူဖြစ်
တယ်လို့ ပြောနိုင်ပါလိမ့်မယ်။
နောက်တခုကတော့ ဗမာစာနဲ့မြန်မာစာ ဆိုတာကလည်း အတူတူပါပဲ။ တို့ဗမာအစည်းအရုံးခေတ်တုန်းက ကြွေးကြော်သံမှာ
ဗမာပြည်သည် တို့ပြည်။
ဗမာစာသည် တို့စာ။ 
ဗမာစကားသည် တို့စကား။
တို့ပြည်ကို ချစ်ပါ။ 
တို့စာပေကို လေးစားပါ။
ဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့တဲ့အတွက် တိုင်းရင်းသားတွေ အားလုံးကို ကိုယ်စားပြုတယ်ဆိုတာကလည်း ရာနှုံးပြည့်မဖြစ်နိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေတိုင်းလိုလိုမှာ သူ့ကိုယ်ပိုင်စာပေတွေရှိနေကြတာ ဖြစ်သလို ဗြိတိသျှကိုလို
နီ မဖြစ်ခင်အထိ နိုင်ငံနယ်နိမိတ်အတွင်း နေထိုင်နေတဲ့ မြန်မာအပါအဝင် တိုင်းရင်းသားတွေဟာ အပြန်အလှန် ပဒေ သရာဇ်ခေတ် အင်ပါယာချဲ့ထွင်မှုသဘောအရ အတူယှဉ်တွဲနေထိုင်ရတဲ့ ကာလတွေရှိခဲ့ပေမယ့် တကယ်တမ်းမှာ
တော့ ကိုယ့်ထီး ကိုယ့်နန်းနဲ့နေခဲ့ကြတာပါ။
ပါလီမန် ဒီမိုကရေစီခေတ်၊ကနေ မဆလ တပါတီအာဏာရှင် ခေတ်ရောက်လာတဲ့အထိ ငွေစက္ကူတွေပေါ်မှာ ပြည်
ထောင်စုဆိုတာလေးကို ထည့်သွင်းသုံးစွဲထားတာတွေ့ရတဲ့အတွက် ဗမာနိုင်ငံတော်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံတော်ပဲဖြစ်
ဖြစ်ရေးကြီးခွင်ကျယ်နဲ့ အကျယ်မချဲ့ခဲ့တာများလားလို့တွေးမိပြန်ပါတယ်။
ဗမာလား မြန်မာလားနဲ့ တိုင်းရင်းသားပြဿနာ ဆိုတဲ့ဆောင်းပါးရှင် ဆရာငြိမ်းချမ်းအေးရဲ့ဆောင်းပါးထဲက တနေ
ရာမှာဖေါ်ပြထားတာက လူမျိုးစု အသီးသီးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပီပီပြင်ပြင် သီးသီး သန့် သန့်ဖော်ဆောင်ခွင့်ရတဲ့ ဖယ်ဒရယ် ပြည်ထောင်စု စစ်စစ်ဖော်ဆောင်နိုင်တဲ့အချိန်ကျရင် ဒီ နိုင်ငံအမည် ဗမာနိုင်ငံ (Burma)ဆိုတဲ့သဘောကို ပြည်သူလူထုဆန္ဒ၊ အထူးသဖြင့် လူနည်းစုလူမျိုးစုတွေရဲ့ ဆန္ဒသဘောတောင်းခံပြီး ပ
ညာရှင်တွေရဲ့ အကြံပြုချက်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့၊ ဒါမှမဟုတ် ထပ်မံဖြည့်စွက်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဆိုပြီးရေးသားထားတာတွေ့ရပါတယ်။ အလွန်သင့်မြတ်ကောင်းမွန်တဲ့ ဆောင်ရွက်ချက်ပါ။
ကျုပ်အမြင်ကတော့ အဲဒီအချိန်မရောက်မှီလေးမှာ အခုသုံးစွဲနေတဲ့ငွေ စက္ကူတွေမှာပဲဖြစ်စေ၊ နိုင်ငံတကာမှာဖြစ်စေ၊ သတင်းစာတွေမှာဖြစ်စေ၊ အသံလွှင့်ဌာနတွေမှာဖြစ်စေ၊ ပြောဆိုဆက်ဆံသုံးနှုံးတဲ့အခါမှာ ဗမာလို့ပဲသုံးသုံး မြန်မာ
လို့ပဲသုံးသုံး ပြည်ထောင်စု ဆိုတာလေးကိုတော့ အရင်ဦးဆုံးမဖြစ်မနေ ပြောင်းလွဲပြင်ဆင်ထည့်သွင်းသုံးစွဲပေးသင့်
ပါကြောင်း။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
မှီငြမ်း
အောင်ကျော်စံထား ဆရာတော်ဘုရား ရေးသားပြုစုသည့် ဝေါဟာရတ္ထပကာသဏီကျမ်း။
ငြိမ်းချမ်းအေး ရေးသားသည့် ဗမာလား မြန်မာလားနှင့် တိုင်းရင်းသားပြဿနာ ဆောင်းပါး။
ပြန်လည်ဖြည့်စွက်ခြင်း
ဗမာပြည်သည် တို့ပြည်။