စာရေးဆရာမ လင်းစက်နွယ်
မီဒီယာနှစ်ခု အားပြိုင်ဆွေးနွေးနိုင်ရန်
ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းက စီစဉ်လျက်ရှိ
လာမည့် ဇူလိုင်လ ၂၈ ရက်တွင် ပုံနှိပ်မီဒီယာနှင့် အွန်လိုင်းမီဒီယာ နှစ်ခုတို့၏ အားနည်းချက်၊အားသာချက်၊ ဝေဖန်
ချက်များကို ဆွေးနွေးမှု ပုံစံမျိုးဖြင့် ပွဲတစ်ခုတင်ဆက်နိုင်ရန် Teen (ဖူးငုံဆယ်ကျော်သက်) မဂ္ဂဇင်းအဖွဲ့သားများက စီစဉ်လျက်ရှိကြောင်း ပွဲစီစဉ်သူစာရေးဆရာမ လင်းစက်နွယ် က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။
အဆိုပါပွဲကို စီစဉ်ဖြစ်ရခြင်းနှင့် ပတ်သက်၍ ဆရာမလင်းစက်နွယ်က
“အရင်တုန်းက စာရေးဆရာတွေ၊ စာဖတ်ပရိဿတ်တွေ အားထားခဲ့တာက ပုံနှိပ်မီဒီယာပေါ့။
အခု တိုးတက်လာတဲ့အချိန်မှာ အွန်လိုင်းမီဒီယာတွေပေါ်လာတယ်။
အဲဒီမှာ အွန်လိုင်းသုံးပြီးရေးတဲ့ စာရေးဆရာတွေ၊ ဘလော့ဂါတွေပေါ်လာတယ်။
သူတို့တွေလည်း အထိုက်အလျောက် ပရိသတ်ရလာတယ်။
အဲဒီမီဒီယာနှစ်ခုကို ယှဉ်ပြိုင်ဖက်ကောင်း၊ လက်တွဲဖော်ကောင်း ဖြစ်ဖို့အတွက် ကျင်းပရတာပါ”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ဖြေကြားသည်။
ဆွေးနွေးပွဲ၏ ခေါင်းစဉ်ကို “ပုံနှိပ်စာမျက်နှာနှင့် ဖန်သားပြင်စာမျက်နှာ မီဒီယာအားပြိုင်မှုဆွေးနွေးပွဲ” ဟု ပေးထား
ကြောင်းသိရသည်။
ဆွေးနွေးမည့် သူများမှာ ပုံနှိပ်မီဒီယာဘက်မှ စာရေးဆရာမ နန်းကြာဖြူ (ဘားအံ)၊ စာရေးဆရာမ ခင်ဆုမြတ်ထွန်း၊ စာရေးဆရာ ဝေမိုးနိုင်(မုံရွာ)တို့ ဖြစ်ပြီး အွန်လိုင်းမီဒီယာဘက်မှ စာရေးဆရာ ဘလော့ဂါ နေဘုန်းလတ်၊ စာရေးဆရာ သူရဿဝါ၊ စာရေးဆရာမ မြသွေးနီတို့ ဖြစ်သည်။
ယင်းဆွေးနွေးပွဲကို ဦးဆောင် ဆွေးနွေးပေးရန် စာရေး ဆရာမ ခင်သန္တာက တာဝန်ယူထားသည်။
ထို့အပြင် လာရောက်ကြည့်ရှုကြမည့် ပရိသတ်များထဲမှ ဝင်ရောက်ဆွေးနွေးမေးမြန်းနိုင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။ ပါဝင် ဆွေးနွေးကြမည့် စာရေးဆရာ/ ဆရာမများမှာ ယခင် Teen မဂ္ဂဇင်းမှ စီစဉ်သောပွဲနှစ်ပွဲတွင် မပါ
ဝင်ခဲ့ဖူးသည့် Teen မဂ္ဂဇင်း၏ ပင်တိုင် စာရေးဆရာမများကို ရွေးချယ်ထားကြောင်း သိရသည်။
ဆွေးနွေးပွဲမှ တစ်ဆင့် လာရောက်ကြမည့် ပရိသတ်များအား ပုံနှိပ် မီဒီယာနှင့် အွန်လိုင်းမီဒီယာတို့၏ စာပေလောက
အပေါ် အကျိုးပြုမှုများကိုသိရှိစေနိုင်ရန် ကြိုးစားတင်ဆက်သွားမည်ဟု သိရသည်။
ထို့ပြင် ယခုပွဲသည် စကားရည်လုပွဲမဟုတ်ဟုလည်း စာရေးဆရာမ လင်းစက်နွယ် က မြန်မာအင်ဒီပဲန်ဒင့်သို့ပြော
ကြားသည်။
ယခု ကျင်းပမည့် ဆွေးနွေးပွဲသည် Teen မဂ္ဂဇင်းမှ စီစဉ်ကျင်းပသော တတိယမြောက်ပွဲဖြစ်သည်။
၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်တွင် Teen မဂ္ဂဇင်း၏ ပါဝင်သောကဏ္ဍများအား အသက်ဝင်စေသော ပထ
မဆုံးပွဲတစ်ခုကို ကျင်းပခဲ့သည်။
၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်ကလည်း ““လွတ်လပ်မှု ငြိမ်းချမ်းမှုနှင့် အနုပညာ””ဟူသော ခေါင်းစဉ်ဖြင့် Teen မဂ္ဂဇင်း၏ ဒုတိယမြောက်ပွဲကိုလည်း ကျင်းပခဲ့ပြီး ဖြစ်သည်။
ပွဲကျင်းပမည့်အချိန်နှင့်နေရာကို ဂျာနယ်များတွင် ကြေညာခြင်း၊ ပန်းဖလက်များဝေခြင်း၊ သတင်းစာများတွင် ကြေ
ညာခြင်းများဖြင့် ပရိသတ်များသိရှိနိုင်မည်ဖြစ်သည်။
ဝေငှမည့် ပွဲအစီအစဉ် ပန်းဖလက်ထဲတွင် ဆွေးနွေးပွဲမှမည်သည့်အကျိုးများရနိုင်ရန် မျှော်လင့်သနည်း။
ဆွေးနွေးပွဲကို မည်သို့ မြင်သနည်းဟူသော မေးခွန်းများကို အမှားအမှန် ပုံစံမျိုးဖြင့် ဉာဏ်စမ်းဖြေရမည့် အစီအစဉ်
များ ထည့်သွင်းပေးထားကြောင်း သိရသည်။
ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းကို ၂ဝဝ၂ ခုနှစ် အောက်တိုဘာလမှ စတင်ထုတ်ဝေခဲ့သည်။
အဆိုပါမဂ္ဂဇင်း သည် လူငယ် စာဖတ်ပရိသတ် အတွက် ဦးတည် ထုတ်ဝေသော မဂ္ဂဇင်းတစ်စောင်ဖြစ်သည်။
မဂ္ဂဇင်း၏ သက်တမ်းသည် ၉ နှစ်တာကာလကို ကျော်လွန်ခဲ့ပြီ ဖြစ်သည်။
Copy from http://www.myanmarij.com/?p=4099