• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, July 4, 2012

ထူးမခြားနား


ထူးမခြားနား

By Ven Ravika

ရေနောက်အောင် လုပ်နေတယ်

 - လယ်သမားတွေရဲ့ဘဝကို ကရုဏာမသက်ဘဲ လယ်မြေများကို သိမ်းယူခဲ့၊ သိမ်းယူနေဆဲ အစိုးရ။
 - အဓိကရုဏ်း (အထိကရုန်းမဟုတ်) ဖြစ်ဖို့ ကိုယ်တိုင်လုပ်သလို သူ့ဟာသူ ဖြစ်လာခဲ့ရင်လည်း အမြတ်ထုတ်တတ်
တဲ့ အစိုးရ။
- တိုင်းရင်းသားမဟုတ်သူများကို မျက်နှာသာပေးခဲ့သူ၊ ပေးနေဆဲ အစိုးရ။
- မိမိတိုင်းရင်းသားများကို အခွင့်အရေးမပေးဘဲ နှိပ်စက်ခဲ့၊ နှိပ်စက်နေဆဲ အစိုးရ။
- မိမိကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုများကို ဥပဒေနဲ့ အကာအကွယ်ယူပြီး စာနယ်ဇင်းလောကကို တရားစွဲမယ် တ
ကဲကဲ ဖြစ်နေတဲ့ အစိုးရ။
- မိန်းမပျက်ပါးစပ်လို ကတိတွေကို ဖောဖောသီသီပေးပြီး လွယ်လွယ်ကူကူ ချိုးဖောက်နေတဲ့ အစိုးရ။
- ကိုယ်နှုတ်နှလုံး စောင့်စည်းမှုမရှိတဲ့ အစိုးရ။
အားလုံးခြုံကြည့်လိုက်ရင် ဒီအစိုးရဟာ ပြည်သူတို့ရဲ့စိတ် ဇဝေဇဝါဖြစ်အောင် တမင် အကွက်ဆင်နေခြင်းမျှသာ
ဖြစ်တယ်။
အနားယူသွားလေသူ ဆရာကြီး လက်ရာအတိုင်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းမျှသာ ဖြစ်တယ်။
ရေနောက်အောင် မွှေနှောက်နေရုံမျှသာ ဖြစ်တယ်။
တကယ် အလုပ်လုပ်တဲ့ အစိုးရမဟုတ်။
မျက်နှာအပြကောင်းအောင် တိုင်းပြည်ကို ရောင်းစားနေတဲ့ အစိုးရမျှသာ ဖြစ်တယ်။

 စော်ကားလွန်းလှတယ် 

ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ ပြဿနာမှာ ရခိုင်လူမျိုးများကို တိုင်ပင်ခြင်းမပြုဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရကို မျက်နှာချို
သွေးပြီး ပြုမူခြင်းမှာ ပြည့်တန်ဆာကျင့် ကျင့်ခြင်းဖြစ်တယ်။
မဲလိမ်ပြီး တက်လာတဲ့ အမတ်တွေ၊ မဲမရှိဘဲ တက်လာတဲ့ အမတ်တွေ၊ မဲနိုင်လို့ တက်လာတဲ့ အမတ်တွေ စုဝေး
နေထိုင်ရာ ပြည်ထောင်စုလွှတ်တော် ရှိရက်သားနဲ့ မတိုင်ပင်ဘဲ အရေးကြီးတဲ့ လူဝင်မှုကိစ္စကို လက်လွတ်စံပယ် လုပ်နေခြင်းမှာ လွှတ်တော်က အခွန်လွှတ်ဈေးလောက်တောင် တန်ဖိုးမရှိ ဖြစ်နေပြီ။
မြစ်ဆုံဆည်ကို နားထားတဲ့ သမ္မတကို လူတွေ ဝိုင်းချီးကျူးကြတယ်။
အခု မြစ်ဆုံဆည်ကို ပြန်ဆောက်ပြီ။
ပြည်သူတွေကို နားလှည့်ပါးရိုက်ခြင်းဖြစ်တယ်။
မီဒီယာရှေ့မှာ ပြောတာတမျိုး၊ ကွယ်ရာမှာ ဖြစ်နေတာက တမျိုး လူလိမ်လူညာ ပလီပလာအဆင့်ကနေ တက်လာ
ခြင်း မရှိသေးပါ။
လူပုံအလယ်မှာ ပုဆိုးကျွတ်ရတာထက် ရှက်ဖို့ကောင်းပါတယ်။
ရေနံဓာတ်ငွေ့ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဝင်ငွေထွက်ငွေကို စာရင်းမပြကြပါ။
အစိုးရကလည်း ယင်းဝင်ငွေများကို နိုင်ငံတော်ဝင်ငွေစာရင်းမှာ မပြပါ။
ပြခဲ့ရင်လည်း စာရင်းအတုသာ ဖြစ်တယ်။
စာရင်းဝှက်ခြင်း၊ စာရင်းအမှားပြုခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်းတို့ကြောင့် ထိုနိုင်ငံခြားသားများနဲ့ သမ္မတ
အစိုးရအဖွဲ့ဝင်တို့ကို သေဒဏ်ပေးသင့်တယ်။ (အမှန်တကယ် ပေးရမယ်လို့ မပြောပါ)
ဒဏ်ငွေ ဘီလီယံပေါင်းများစွာ ရိုက်သင့်တယ်။
အခု သူတို့ကို ဆန္ဒပြသူများကိုသာ အပြစ်ပေးခံနေရတယ်။ ဒါတွေဟာ သူခိုးလူကို ဟစ်ခြင်းသာ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေပါတယ်လို့ အသံကောင်းဟစ်ခဲ့တယ်။
ကြံ့ဖွတ်အမတ်တွေ ပြည်ပလေ့လာခရီး ထွက်ရုံနဲ့ သတင်းထဲ ထည့်ရေးတတ်တယ်။
အခု လူထုခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်၊ နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်ကို စိုးစိမျှ
ဖော်ပြခြင်းမရှိ။
သမ္မတသိန်းစိန်မှာ စိတ်နှလုံးမွန်မြတ်ခြင်းမရှိ၊ ကျယ်ပြောခြင်းမရှိ။
ဣဿာပွားမှုသာ ရှိတယ်။
မြန်မာနိုင်ငံဆိုတာ ဘာလဲ ဒီတချက်ထဲနဲ့ သိတယ်။
မရင့်ကျက်သေးတဲ့ သိန်းစိန်တို့ဟာ စစ်အစိုးရကျင့် စစ်အစိုးရကြံ ကြံနေတုန်းဆိုတာ မမေ့ကြဖို့ လိုတယ်။
တိုင်းရင်းသားတွေကတော့ အလိမ်ခံသင့်တယ်။
လက်ရှိနည်းအတိုင်း ဒီအစိုးရ လိမ်လာတာ အခါပေါင်း မနည်းတော့ဘူး။
ယုံလို့ကောင်းတုန်းဆိုတော့ လိမ်သူအပြစ်မဟုတ်တော့။
တပ် (မတော်) က ကချင်မှာ ကိုယ့်သွေးချင်းတွေကို သတ်ဖြတ်နေတယ်၊ နှိပ်စက်နေတယ်၊ ဒုက္ခသည်စခန်းဝင်ပြီး ဒုက္ခသည်တွေကို ဖမ်းဆီးနေတယ်၊ ဒါတွေကို ကန်းလို့ မမြင်ရတာလား၊ ပင်းလို့ မကြားရတာလား၊ အ လို့ပြောမ
ထွက်တာလား စဉ်းစားစရာပါပဲ။
ပင်လုံထက်ကျယ်ပြန့်သော ညီလာခံကို မျှော်လင့်နေပုံရတယ်။
ပင်လုံထက်ကျယ်ပြန့်သော ဆိုသည်မှာ ပင်လုံထက်ရှုပ်ထွေးသောဟု အဓိပ္ပာယ်ဖွင့်ဆိုချင်တယ်။
၂၀၀၈ ဥပဒေကို ကျော်ပြီး သူတို့ ဘာမှ မပေးဘူးဆိုတာ သိထားကြစမ်းပါ။
နွားသိုးကြိုးပြတ်စစ်တပ်နဲ့ ဇက်ကြိုးမပါတဲ့ UNFC တို့ အကြိတ်အနယ် တွေ့ရမယ့်ပွဲပါပဲ။

ထူးမခြားနားပါပဲ 

လက်ရှိအပြောင်းအလဲမှာ သာယာနေတဲ့ ပုဂ္ဂိုလ်တွေက ဒီစာကို အကြိုက်တွေ့ကြမှာ မဟုတ်ဘူး။
အရင်က အပစ်ရပ်တွေ ပြောသလိုမျိုး တပ်က နည်းနည်းငြိမ်သွားတယ်။
လမ်းပမ်းဆက်သွယ်ရေး ကောင်းလာတယ်။
စာပေယဉ်ကျေးမှု အသက်ရှုခွင့်ရတယ်။ ဒါပေမယ့် စစ်တပ်က သူတို့ဒေသကို တိုးဝင်လာတာ၊ စစ်စခန်းတွေ တိုးချဲ့လာတာ၊ မဟာဗျူဟာမြောက်နေရာတွေကို ယူကုန်တာကို သူတို့က ပြောဖို့သတ္တိ သိပ်မရှိကြဘူး။
အခုလည်း လွှတ်တော်နိုင်ငံရေး ခေတ်စားလာတယ်။
ဒီလွှတ်တော်ကို အရင်းပြုလို့ သိန်းစိန်အစိုးရက ဆွမ်းလောင်းမလိုနဲ့ ဘုန်းကြီးသပိတ်ထဲက ဆွမ်းကို ခပ်ယူသွား
တဲ့သဘော ဖြစ်နေတယ်။
အပြင်ပန်းကြည့်ရရင် ဒေါ်အောင်ဆန်းစုကြည်က နည်းနည်းလှုပ်လို့ ရလာတဲ့သဘောဖြစ်တယ်။
ဒါပေမယ့် သိန်းစိန်အစိုးရက ကွင်းတဝက် ဖိကစားထားတာကို ထောင့်စုံလေ့လာကြည့်ရင် သိသာပါတယ်။ အရင်းစစ်အစိုးရလိုပဲ သိန်းစိန်အစိုးရက ကဏ္ဍပေါင်းစုံမှာ နေရာတိုးယူနေတယ်။
သူ့အစိုးရအဖွဲ့ဝင်များ - သူ့ခရိုနီများ - သူ့ဆွေမျိုးပေါက်ဖော် (တရုတ်နဲ့ ကုလား အပါအဝင်) များ -အနောက်တိုင်း
နိုင်ငံ (အမေရိကန် အပါအဝင်) များ - ၈၈ မျိုးဆက်များ ... စသည်ဖြင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအ
ရ အင်အားတောင့်တင်းအောင် ကြိတ်ကြံနေတာကို တွေ့ရတယ်။

အတော်အသင့်လည်း အောင်မြင်မှုရှိပြီ ဖြစ်တယ်။
သူတို့အာဏာထောက်တိုင် ခိုင်ခန့်သထက် ခိုင်ခန့်အောင် ဒေါင့်စုံကြိုးပမ်းနေတယ်။
ဒီတော့ အရင်းက စစ်အစိုးရနဲ့ လက်ရှိ သိန်းစိန်အစိုးရ လုပ်နည်းကိုင်နည်းက ထူးသလိုနဲ့ အတူတူပါပဲ။

ထူးမလား စောင့်ကြည့်ဦးမယ်

၁။ ဒီဇူလိုင်လမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကို တက်ပါ့မယ်။
သူ့ပြည်ပခရီးထက် ပိုစိတ်ဝင်စားတယ်။
ဥပဒေကို ဘယ်လောက်ပြင်နိုင်မလဲ၊ ပြင်ထားတဲ့ ဥပဒေ ဘယ်လောက် အသက်ဝင်မလဲ၊ ရိုဟင်ဂျာလို ကြီးကျယ်
တဲ့ ပြဿနာတွေတောင် လွှတ်တော်အရေးပေါ်ခေါ်ယူပြီး လူဝင်မှုဥပဒေကို သုံးသပ်ခွင့်မပြုဘဲ ထင်ရာစိုင်းလုပ်သွား
ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို ရောက်ပြီးရင် ဘာများထူးလာမလဲ စောင့်ကြည့်လေ့လာသင့်တယ်။

၂။ နိုင်ငံသားတွေကို ကျေးကျွန်လို ဆက်ဆံနေဆဲ မြန်မာအစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ တာဝန်
ဝတ္တရားကို ဘယ်လောက် လေးစားဖြည့်ဆည်းပေးနိုင်မလဲ။ လယ်မြေတွေကို သိမ်းပြီး ခရိုနီတွေနဲ့ ဝေမျှဝေစား လုပ်နေဦးမလား။
ပြည်သူက ရွေးချယ်တဲ့ အစိုးရ၊ ပြည်သူအတွက် အစိုးရ၊ ပြည်သူတို့ရဲ့အစိုးရ ဖြစ်လာမလား။
ဒါလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။
အစိုးရက ဒီမိုကရေစီအစိုးရ မဖြစ်သရွေ့ အဲဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားနေတယ်လို့ ဘယ်သူပြောလဲ။
ပြောရင်လည်း ယုံမှာမဟုတ်။

၃။ တိုင်းရင်းသားတွေရဲ့ကိစ္စကိုလည်း ထည့်တွက်ရပါလိမ့်မယ်။
 တိုင်းရင်းသားတွေဟာ သူတို့အချင်းချင်း ယုံကြတာထက် စစ်အစိုးရကိုပဲ ယုံကြတာများတယ်။
စကားအရ သူတို့ ညီညွတ်ကြပါတယ်။
ဘဝတူတွေဖြစ်လို့ သူတို့ စုစည်းသလို ဖြစ်ကြပေမယ့် တကယ့်အရေးမှာ စစ်အစိုးရကိုပဲ အားကိုးကြတာ များပါ
တယ်။
ဒီသမိုင်းကို သူတို့ငြင်းလို့ မရပါဘူး။
အချင်းချင်း သစ္စာဖောက်ပြီး စစ်အစိုးရနဲ့ ပေါင်းဖို့ ဘယ်တုန်းကမှ ဝန်မလေးတဲ့အဖွဲ့များ ဖြစ်ကြတယ်။
ဒီတခါမှာလည်း သူတို့က ဦးအောင်မင်းကို ယုံပြီး ပုံအပ်လိုက်ပြန်ပြီ။
၂၀၁၅ မတိုင်မီ ၂၀၁၄ လောက်မှာ ပင်လုံထက်ကျယ်ပြန့်သော ညီလာခံမှာ သူတို့ ဘာများရနိုင်မလဲ ရင်ခုန်စွာနဲ့
စောင့်မျှော်နေမိတယ်။
အဆိုးမြင်ဝါဒီလို့ သတ်မှတ်ချင် သတ်မှတ်ကြ။ စာရေးသူက ဒီလိုပဲ မြင်ပါတယ်။
အကောင်းဆုံးကို မျှော်လင့်ပေမယ့် အနာဂတ်ကိုတော့ မယုံဝံ့ပါ။

Ven Ravik

 Posted by အဲခေါင်သောင့် at 3:28 PM

 Copy from http://ehkhaungthaunt.blogspot.com/2012/07/ven-ravika.html