• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, July 1, 2012


ကလိုထူးဘော ကရင်အစည်းအရုံး-KKO ၏ ဆေးခန်းဖွင့်ပွဲ ကျင်းပပြီးစီး
 Posted by အဲခေါင်သောင့် at 2:21 AM သတင်း-ကိုးဒီသွေး
ဥက္ကဋ္ဌအဖြစ် မ
န်းရောဘတ် ဘဇန်၊ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်စောလားပွယ်တို့ ဦးစီးသော ကလိုထူးဘော ကရင်အစည်း
အရုံး (KKO) မှ ကော့ကရိတ်မြို့နယ်၊ တာ့အူးထာ့ကျေးရွာ ရှိ ဆောက်လုပ်ပြီးခါစ ဆေးခန်းကို​ ယမန်နေ့
၃၀-၀၆-၂၀၁၂နေ့တွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြီးစီးသွားပြီဖြစ်သည်။
၎င်းဆေးခန်းဖွင့်ပွဲတွင် မြန်မာဘက်မှ ဗိုလ်မှူးကြီးထွန်းသန်းအုန်း (နည်းဗျူဟာမှူး၊ အမှတ်(၁) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ ရှေ့တန်းအမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊) နှင့် ဗိုလ်မှူးသက်နိုင်ဌေး(တပ်ရင်းမှူးအမှတ် (၁၀၆)ခြေလျှင်တပ်ရင်း၊) တို့ တက်ရောက်အားပေးခဲ့ပြီး ကလိုထူးဘော ဒီကေဘီအေ အဖွဲ့မှ ဗိုလ်ချုပ်၊ဗိုလ်မှူး စုံလင်စွာ တက်ရောက်ခဲ့ကြောင်းလည်း သိရပါသည်။


၎င်းဆေးခန်းကို KKO ဌာနချုပ်မှ သင်တန်းပြီးစီးသွားသော သင်တန်းသူ/သင်တန်းသား(၆)ဦးက ကြီးကြပ် ကာ ဆေးကုသပေးမည်ဖြစ်ကြောင်းလည်း ဥက္ကဋ္ဌ မန်းရောဘတ်ဘဇန်မှ ပြောကြားသွားပါသည်။
Copy from
http://ehkhaungthaunt.blogspot.com/2012/07/kko.html