• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, August 14, 2012

ဗမာတွေ သိကြပါစေ



တိုင်းရင်းသားအသံ

ဗမာတွေ သိကြပါစေ 


ဗမာအပါအ၀င် ကျန်တဲ့ ကချင်၊ကရင်၊ရခိုင်၊ရှမ်း၊မွန်၊ချင်း၊ကယား ဒီလူမျိုးတွေကဘာကြောင့်အင်္ဂလိပ်လက်အောက်
ဂျပန်လက်အောက်ကို ရောက်နေစဉ်တုန်းက ဘာကြောင့် လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသလဲ။
အဖြေက ရှင်းပါတယ်။

သူတို့တွေရဲ့ ကံကြမ္မာကို သူတို့လူမျိုးတွေကိုယ်တိုင် သူတို့ဘိုးဘွားတွေပိုင်တဲ့ နယ်မြေဒေသတွေကို စီမံကွပ်ကဲ အုပ်ချုပ်ချင်လို့ပဲ။
သူများစီမံ အုပ်ချုပ်တာကို မလိုချင်လို့ မခံနိုင်လို့ အင်မတန်အင်အားကြီးတဲ့ နယ်ချဲ့ကျူးကျော်သူတွေကိုတောင် သူတို့ပိုင်တဲ့ မြေပေါ်မှ ခိုင်မာသောစိတ်ဓာတ်၊သူ့ကျွန်မခံနိုင်သော မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် တော်လှန်မောင်း
ထုတ်ခဲ့ကြတာပဲ မဟုတ်လား။
အဲလို ကိုယ့်ယုံကြည်ချက်တွေနဲ့ ခိုင်မာသောယုံကြည်ချက် ကတိက၀ပ်တွေနဲ့ နားလည်မှုအပြည့်နဲ့ အတူတကွ လက်တွဲပြီး ကျူးကျော်လာသူ နယ်ချဲ့တွေကို မောင်းထုတ်ခဲ့လို့ လွှတ်လပ်ရေးဆိုတဲ့ စကားလုးံကို ပိုင်ဆိုင်လာခဲ့ကြတယ်

ရှေးအတိတ်သမိုင်းက ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ နားလည်မှုယုံကြည်မှုတွေဆောက်တည်ပြီး အတိတ်အာဃာတတွေ
ကို ဘေးချိတ်ပြီးတော့ လွှတ်လပ်ရေးဆိုတာကြီးကို အရယူခဲ့ကြတယ်။

အင်း..အဲဒီလွှတ်လပ်ရေးဆိုတဲ့ ရလာကတည်းက တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ကြတာ အခုချိန်ထိ ဗမာလူမျိုးမှ တစ်ပါး တစ်ခြားမရှိခဲ့ပါ။

အဲလို အုပ်ချုပ်လာတဲ့တစ်လျှောက်မှာလည်း သူတို့နဲ့အတူတကွ လက်တွဲပြီး နယ်ချဲ့တွေကို တော်လှန်မောင်းထုတ်
ခဲ့တဲ့ ဗမာမဟုတ်သော လူမျိုးတွေကို မတရားနှိပ်စက်၊တိုက်ခိုက်၊ရွာတွေကို မီးရှို့ဖျက်စီး၊သမီးပျိုများသာမဟုတ် အိမ်ထောင်ရှိအမျိုးသမီးများပါမကျန် ခြေတော်တင် မုဒိန်းကျင့်၊Genocide(လူမျိုးပြုန်းသတ်ဖြတ်မှု)များ ပြုလုပ်၊မတ
ရား အခွန်တွေကောက်၊၄င်းဒေသတွေမှထွက်တဲ့ သစ်သီးဝလံမှ အစ သံယံဇာတ အဆုးံ မတရားသိမ်း အဲလိုမျိုး
တွေ လုပ်လာခဲ့တာနှုစ်ပေါင်း ၆၉ နှစ်ကျော် ကြာလှပြီပေါ့။

ဗမာမဟုတ်တဲ့ လူမျိုးတွေက ဗမာကို ခါးသီးမုန်းတီးစိတ်ဖြစ်ပေါ်နေတာဟာ ဗမာတွေရဲ့ လူမဆန်တဲ့လုပ်ရပ်နဲ့ ကတိ
မတည် သစ္စာဖောက်မှုတွေကြောင့်ပဲ ဆိုတာ အထင်အရှားပါ။ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးလို့ တီဗွီ သတင်း
စာတွေမှာ ဘယ်လောက်ပဲ ပြပြ ဗွီဒီယိုကားတွေ ဘယ်လောက်ပဲ ရိုက်ပြ ရိုက်ပြ ရာထူးရာခံ အဆင့်အတန်းတွေကို ကြည့်လိုက်တာနဲ့ သိသာလွန်းနေပါတယ်။

ဌါနဆိုင်ရာတစ်ခု၏ အကြီးအကဲ တစ်ယောက်ကို ဗမာမဟုတ်သော လူမျိုး တိုင်းရင်းသား တစ်ယောက်ဖြစ်နေမလား
ဆိုပြီး လေ့လာကြည့်မိတဲ့အခါတိုင်း ရင်မောရပေါ့။
ဌါနတိုင်းလိုလို ဗမာတွေကပဲနေရာယူအမိန့်ပေး စေခိုင်းနေတာတွေပဲတွေ့နေရတော့ ပြည်ထောင်စုဆိုတဲ့အာဘောင်
အာရင်းသန်သန် လူကြားကောင်းအောင်ပြောနေတာတွေဟာ အဖိနှိပ်ခံလူမျိုးတွေအဖို့ ပျက်လုးံတစ်ခုကိုကြားနေရ
သလိုပင်။

အဆိုးဆုးံက ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် တောင်းဆိုနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကို
တောင် သူတို့အရိုးနဲ့သူတို့ကို ပြန်ထိုးခိုင်းပြီး နည်းအမျိုးမျိုးနဲ့ ချော့ခါတစ်လှည့် ခြောက်ခါတစ်လှည့် ချေမှုန်းနေခြင်း
ပင် ဖြစ်သည်။ဂျပန်တို့ အင်္ဂလိပ်တို့ထက် ရက်စက်ကောက်ကျစ်သော နည်းဗျူဟာပင် ဖြစ်သည်။
အချင်းချင်း ရန်တိုက်ပေး၊မတွေ့အောင် လုပ်၊အချင်းချင်း ရန်စောင်နေတဲ့ အချိန် ကြားက ၀င်ဖြိုခွဲ ဒီလိုမျိုး သတ်လျှို
လုပ်နေတာဟာ ဗမာအာဏာပိုင်တို့၏ ကောက်ကျစ်စဉ်းလဲတဲ့ နည်းတွေထဲက အကြံအစည်တစ်ခုပင်ဖြစ်သည်။

ပြည်ထောင်စုဆိုတဲ့စကားလှလှလေးတွေအောက်မှာ ဗမာမဟုတ်တဲ့လူမျိုးတွေ ခါးစည်းခံနေရတာ ဗမာအာဏာပိုင်
တွေ ကျူးကျော်စော်ကားသမျှ ရေနှုံငုတ်ပိတ်နေနေရတာတွေဟာ ဗမာနဲ့ ပူးပေါင်းပြီး ယုံကြည်နားလည်မှုတည်ေ
ဆောက်ခဲ့တဲ့ ပင်လုံစာချုပ်၏ အကျိုးရလဒ်ပင် ဖြစ်သည်ဟု ဆိုပါက မှားမည်မထင်ပါ။
သူတို့ကိုယ်တိုင်ပဲ ပင်လုံကို ဦးတည် သူတို့ကိုယ်တိုင်ပဲ ဖျက်စီးပြီး လက်ဝါးကြီးအုပ် လက်နက်အားကိုးဖြင့် ဗိုလ်ကျ
စိုးမိုးနေခြင်းပင်ဖြစ်သည်။တနည်းအားဖြင့် ဗမာက တိုင်းရင်းသားတွေကို ကျွန်ပုန်းကိုလိုနီ(hidden colony)ပြုလုပ်
လိုက်ခြင်းပင် ဖြစ်သည်။ြ
ပည်ထောင်စုလို့အမည်တပ်ထားတဲ့ မြန်မာနိုင်ငံက အစိုးရစာသင်ကျောင်းတွေမှာ ကျောင်းတက်ခေါင်းလောင်းထိုး
တာနဲ့ နိုင်ငံတော်သီချင်းဆိုရတယ်။
ကမ္ဘာမကျေ ဗမာပြည် တို့ဘိုးဘွားအမွေစစ်မို့ တို့ချစ်မြတ်နိုးပေ ဆိုတဲ့ စာသားတွေပါဝင်တဲ့ နိုင်ငံတော်သီချင်းကြီး
က ပြည်ထောင်စုတစ်ခုလုးံရဲ့ နိုင်ငံတော်သီချင်းကြီးတဲ့လေ။

ကချင်၊ကရင်၊ရခိုင်၊ချင်း၊ကယား၊မွန်၊ရှမ်း အဲဒီလူမျိုးအားလုးံကို ဗမာအဖြစ်ပြောင်းပလိုက်ပြီး ဗမာလူမျိုးမဟုတ်တဲ့
လူမျိုးတွေကို ပြည်ထောင်စုသီချင်းပါဆိုပြီး ဆိုခိုင်းနေတာဟာ မောင်ဖြူ ကိုမောင်မည်းလို့ အတင်းလုပ်ပလိုက်တာ
နဲ့ အတူတူပဲ။

မြန်မာရိုးရာ ယဉ်ကျေးမှုလို့အမည်တပ်ထားပြီး ဗမာတွေက ကချင်အ၀တ်အစားတွေဝတ် ရှမ်းအ၀တ်အစားတွေဝတ် ရခိုင်အ၀တ်အစားတွေဝတ် ဗမာသီချင်းဆိုပြီး ကပြနေတာတွေက မြန်မာ့ရိုးရားယဉ်ကျေးမှုတဲ့လားဗျာ။

ဗမာဆိုတဲ့ နာမည်ကို မြန်မာဆိုပြီး ပြောင်းပလိုက်ရုံနဲ့ ဗမာပြည်ကကနေ မြန်မာနိုင်ငံလို့ ပြောင်းခေါ်လိုက်ရုံနဲ့ပြည်
ထောင်စုအစစ် ဖြစ်မသွားပါဘူး။ပြည်ထောင်စုကို ဦးတည်နေလား။တစ်ပြည်ထောင်စနစ်ကို ဦးတည်နေလားဆိုတာ
က အသိသာကြီးပါ။

ကိုယ့်စာပေ ယဉ်ကျေးမှုကို တန်ဖိုးထားတတ်ကြပါတယ်။ကိုယ်ဒေသကို ချစ်မြတ်နိုးတတ်ကြပါတယ်။လူသားတိုင်း အတူပဲ။ဗမာလည်း ကိုယ်ပြည်ကို ကိုယ်ချစ်လို့ သူများလက်အောက် သူများအုပ်ချုပ်မှုအောက် မှာမနေချင်လို့တော်
လှန် တိုက်ထုတ်ခဲ့ကြတာပဲ မဟုတ်လား။
ဗမာလူမျိုးနည်းတူ ကျန်တဲ့လူမျိုးတွေရဲ့စိတ်ထဲမှာလည်းဒီလိုမျိုးစိတ်ဓာတ်မျိုးရှိမယ်ဆိုတာကို တွေးကြည့်စရာတောင် မလိုပဲ သိနိုင်ပါ
တယ်။
ဗမာစာ ဗမာသမိုင်းကို တစ်ခြားတိုင်းရင်းသားလူမျိုးတွေကပဲ သင်ယူရမယ်။သူတို့စာပေ သမိုင်းကို သင်ခွင့်မပေး
ဘူး။သူတို့စာပေ သမိုင်းကို သူတို့သိလို့ မျိုးချစ်စိတ်တွေ ၀င်လာရင် ဗမာကို တော်လှန်လာမယ်ဆိုပြီး အတွေး
မှားနေလို့ကတော့ အစစ်အမှန် ပြည်ထောင်စုဆိုတာကြီးတော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။

တစ်လောက သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။
ပြည်သူလွှတ်တော်တွင် ကြံ့ခိုင်ဖွံဖြိုးရေးပါတီအမတ်တစ်ယောက်က ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ အမတ်
တွေကို တစ်ယောက်တင်ပြလာလည်း ရခိုင်ကထွက်တဲ့ဂက်စ်ဖြင့် ရခိုင်ပြည်ကို မီးလင်းအောင်လုပ်ပေးပါ နောက်
တစ်ယောက်လာလည်း မီးလင်းအောင် လုပ်ပေးပါလို့တာင်းနေကြတာပဲ တဲ့လေ။
အဲလို ပြစ်ပြစ်ခါခါ မိုက်ရိုင်းစွာ ပြောဆိုခဲ့တယ်။
သူ့ဘက်ကိုယ့်ဘက် မကြည့်ပဲ စဉ်းစားကြည့်စမ်းပါဗျာ။

ရခိုင်က ထွက်တဲ့ဂက်စ်နဲ့ရခိုင်ကို မီးလင်းလာအောင်လုပ်ပေးပါလို့ တောင်းဆိုတာကို အပြစ်လို့မြင်နေရင် ဗမာပြည်
ကထွက်တဲ့ဆန်စပါးတွေနဲ့ ရခိုင်ဂီရီ ဒုက္ခသည်တွေကိုကူညီပါလို့ တောင်းဆိုခဲ့မယ်ဆိုရင် ထတောင် သတ်မလားမ
သိဘူး။
ရခိုင်လူမျိုးတို့ပိုင်တဲ့ဒေသက ထွက်တဲ့သံယံဇာတကို အထိုက်အလျောက်လုပ်ပေးဖို့တောင်းဆိုနေတာကိုတောင် လူမျိုးစွဲရှိတယ်။ဒေသစွဲရှိတယ် ဆိုပြီး ရသမျှသံယံဇာတ အကုန် ဗမာပြည်သို့ယူဆောင်နေတာဟာ တော်တော်ကိုအရုပ်ဆိုးလွန်းပါတယ်။အင်္ဂလိပ်တွေ အုပ်ချုပ်တုန်းက ဆီပေးရင် ဆန်ရတယ်လို့ ကြားဖူးတယ်။ဗမာ့အုပ်ချုပ်မှုလက်အောက်မှာ ဆီပေးလည်း ဆန်မရသေးတဲ့အပြင် အရိုက်တောင် ခံရသေးတယ်။မိအေး နှစ်ခါနာ ဆိုသလို မျိုးပေါ့။

ပြည်ထောင်စုဆိုတဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးမှာ နိုင်ငံတော်သမ္မတ၊လွှတ်တော်ဥက္ကဌ၊စစ်ဦးစီးချုပ် ကအစ အဓိက ပင်မအရေးကြီးတဲ့နေရာတွေ၊ရာထူးကြီးကြီးတွေမှာ အားလုးံ ဗမာလူမျိုးတွေချည်းပဲ။
ဗမာမဟုတ်တဲ့ ကချင်၊ကရင်၊ရခိုင်၊ရှမ်း၊ကယား၊ချင်း၊မွန် တွေက ဘာဖြစ်လို့ ကိုယ်ပိုင်အုပ်ချုပ်ရေးပဲ တွင်တွင်ခါ
တောင်းနေကြလဲဆိုတော့ သူတို့ပြည်ကို သူတို့အုပ်ချုပ်ချင်နေကြလို့ပဲ။
သူတို့ကံကြမ္မာကိုသူတို့ဖန်တီးချင်ကြလို့ပဲ။

ဗမာလူမျိုးတစ်မျိုးတည်းကသာပြည်ထောင်စု ပြိုကွဲမှာကို စိုးလို့ ပြည်ထောင်စုထဲက ခွဲထွက်ခွင့်မပြုနိုင်ဘူးဆိုပြီး ကန့်လန့် ကန့်လန့် လုပ်နေကြတာ ဘာကြောင့်ပါလဲ။
ဗမာလူမျိုးတစ်ခုတည်းကသာ ပြည်ထောင်စုကို ချစ်တတ်တယ်ထင်တယ်။
ကျန်တဲ့ လူမျိုးတွေက မချစ်တတ်ဘူးလား။
တကယ်တော့ ဗမာတွေက ကိုယ်စီကိုယ်စီ လွတ်လပ်ခွင့်ပေးလိုက်ရင် သူတို့လုပ်သမျှ ဖိနှိပ်လိုသမျှ မရတော့မှာကို စိုးလို့နဲ့တူတယ်။
ဗမာတွေတွေးကြည့်ပါ။
ဗမာပြည်လို့ခေါ်တဲ့ တိုင်း(၇)တိုင်းကို ဗမာမဟုတ်ပဲ တစ်ခြားလူမျိုးတွေက လာအုပ်ချုပ်နေရင် နှိပ်ကွပ်နေရင် လက်
နက်အားကိုးဖြင့် အနိုင်ကျင့်အုပ်ချုပ်နေရင် ကြိုက်ကြမလားဗျာ။
ဘယ်သူမဆို ဘယ်လူမျိုးမဆို ဘယ်ကြိုက်ကြပါ့မလဲ။
ကိုယ်စားချင်ကြည့်စမ်းကြပါဗျာ။
သူတို့လည်း သူတို့ပြည်မှာ သူတို့အစိုးရနဲ့ ဖြစ်ချင်ကြမှာပဲ မြင်ချင်ကြမှာပဲ။
အဲဒါကြောင့်လည်း တိုက်ပွဲတွေ ဖြစ်နေတာပေါ့။
ခင်ဗျားတို့ အင်္ဂလိပ်၊ဂျပန်ကို မုန်းခဲ့သလိုမျိုးကျန်တဲ့လူမျိုးတွေလည်း မုန်းတီးနေတယ်ဆိုတာ မမေ့ပါနဲ့။
ဗုဒ္ဓဘာသာသဘောအရ ပြောရရင် ၀ဋ်ဆိုတာ လည်တတ်ပါတယ်။
ဒါကြောင့် ကိုယ်ချင်းစာ စိတ်ကလေးနဲ့ နားလည်မှုအပြည့်နဲ့ ကိုယ်ထမ်းထားရတာမဟုတ်တဲ့ တာဝန်မယူခိုင်းတဲ့အ
ရာတစ်ခုကို ဘာကြောင့် အမုန်းခံ အသက်တွေအသေခံပြီး ထမ်းထားမှာလဲ။

ပေးလိုက်ကြစမ်းပါဗျာ သူတို့တွေ လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊သူတို့တွေ ကံကြမ္မာကို သူတို့တွေ ဖန်တီးကြ
စမ်းပါစေလား။

(ရွှေမြောက်ဦး)
Posted by တိုင်းရင်းသားအသံ Tine Yin Thar Voice

Copy from http://www.tineyintharvoice.blogspot.com.au/