ရမည် ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောသည်။
“ဒီပြဿနာကို ကြည့်လိုက်တဲ့အခါ လောလောဆယ်တော့ခိုးဝင်တာ မတွေ့ဘူး။
လူဦးရေပေါက်ဖွားတာများတယ်။
လူဦးရေ
ပေါက်ဖွားတာများတော့ ဆင်းရဲတာပေါ့။
ကျွေးရ၊ မွေးရတာ ခက်တာပေါ့။
ကျွန်တော်တို့ မြန်မာမှာတော့ မိန်းမတစ်ယောက်ပဲ ယူကြတာပဲ။
ဥပဒေက မိန်းမတစ်ယောက်ထဲပဲ ယူရမယ်လို့မရှိဘူး။
ဟိုကတအားများတယ်။
လေးယောက်ယူခွင့်ရှိတယ်။
အဲ့တော့ မြန်မာနိုင်ငံမှာနေပြီး မြန်မာနိုင်ငံသားဖြစ်ချင်တယ်ဆိုရင် ဥပဒေအရ မရှိသော်လည်း မြန်မာ့ဓလေ့ထုံးတမ်း
အစဉ်အလာတွေကိုတော့ လိုက်နာဖို့သင့်တာပေါ့။
ဒါတွေက ကျွန်တော်တို့ဝိုင်း လုပ်ကြရမယ့်ဟာတွေ။
ခင်ဗျား မိန်းမ လေးယောက်မယူနဲ့လို့ ဥပဒေမှ ထုတ်လို့မရတာ။
ကလေးတွေအများကြီးမမွေးနဲ့လို့ ထုတ်လို့မရဘူး။ သို့သော်လည်း မြန်မာနိုင်ငံထဲမှာ နေတော့မယ် မြန်မာနိုင်ငံသားဖြစ်ချင်တယ် ဆိုရင်တော့ ဒီ Custom (ထုံးတမ်း အစဉ်အလာ)လိုက်ဖို့ လိုတာပေါ့။
ဒီလူတွေက နှစ်ပေါင်းများစွာ အတူနေခဲ့ကြပြီလေ”ဟု ဦးခင်ရီက ပြောသည်။ရခိုင်ပြည်နယ်တွင် အနာဂတ်၌ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် ရေတို၊ ရေရှည်စီမံကိန်းများရေးဆွဲနေပြီဖြစ်ကြောင်း
လည်း ၎င်းက ပြောသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကလည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူ
မျိုးများ၏ လူဦးရေမွေးဖွားနှုန်းများသည်ကို မိသားစုတစ်စုတည်း လူဦးရေ ၈၂ ဦးရှိသော မိသားစု ဥပမာပေး၍ ပြော
သည်။
ရွှေယောက်ဒူလာအမည်ရှိ ဘင်္ဂါလီအမျိုးသားမှာ ဇနီးလေးဦးရှိပြီး သားသမီး ၂၈ ဦး၊ မြေး ၄၉ ဦး၊ စုစုပေါင်း မိသားစုဝင် ၈၂ ဦး ရှိသည်။
ယခုအခါရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူဦးရေတစ်သန်းခန့်ရှိသည်။ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက
လည်း ဇူလိုင် ၃၀ တွင် ရခိုင်ပြည်နယ်၌ လူဦးရေမညီမျှမှုများရှိနေပြီး အထူးသဖြင့် မောင်တောနှင့်ဘူးသီးတောင်ဒေ
သတွင် ဘင်္ဂါလီလူဦးရေ ၉၄ ရာခိုင် နှုန်း၊ ရခိုင် လူဦးရေ ၆ ရာခိုင်နှုန်း အချိုးရှိ၍ ပိုသတိထားရန်လိုကြောင်း ရခိုင်
ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက်ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခ များဖြစ်ပွားခဲ့သော်လည်း နိုင်ငံ သားခံယူခွင့်၊ မှတ်ပုံတင်ထုတ်ပေးရေးနှင့်ပတ်သက်၍ လုပ်ထုံးလုပ် နည်း၊ မူဝါဒပြောင်းလဲရန် လောလောဆယ် မရှိကြောင်းလည်း ဦးခင်ရီက ပြောသည်။ မူဝါဒများကိုပြင်ဆင်မည်ဆိုပါက လွှတ်တော် တွင် ပြင်ဆင်ရမည်ဟုဆိုသည်။
၁၈၂၄ အင်္ဂလိပ် - မြန်မာပထမစစ်ပွဲအပြီး ရခိုင်ပြည်နယ်ကို ဗြိတိသျှက ကိုလိုနီပြုပြီးနောက် လယ်ယာလုပ်သားနှင့် ကာယလုပ် သားအတွက် ဘင်္ဂါလီလူမျိုးများ စတင်ရောက်လာခဲ့သည်။
မှတ်ပုံတင်ဥပဒေအရ ၁၉၄၈ မတိုင်ခင်မြန်မာနိုင်ငံ၌ နေထိုင်သော ဘင်္ဂါလီ မိဘနှစ်ပါးက မွေးဖွားလာသူတတိယမျိုး
ဆက် မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံကြောင်း နိုင်ငံတော် သမ္မတက UNHCR မှ Mr. Antonio ခေါင်း
ဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် ဇူလိုင် ၁၁ ရက်က ပြောကြားခဲ့သည်။
အင်ဒိုနီးရှား သံအမတ်ကမြန်မာလူမျိုးများထဲတွင် ရိုဟင်ဂျာ ရှိ၊ မရှိမေးမြန်းရာ ဦးခင်ရီက မြန်မာနိုင်ငံတွင်ရိုဟင်ဂျာ
လူမျိုးစု မည်သည့်အချိန်တုန်းကမှ မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံကို ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်တယ်။
အဲဒီအချိန်မှာ
မြန်မာနိုင်ငံရဲ့ အနောက်ဘက်အ ခြမ်း ရခိုင်ပြည်နယ်ဟာ ဗြိတိသျှ ကိုလိုနီလက်အောက် ကျရောက်
ခဲ့တယ်။
အဲဒီတော့ လယ်ယာလုပ်
ငန်းတွေအတွက်၊ ကာယလုပ်သားတွေအတွက် လိုအပ်ချက်ကိုတစ်ဖက်နိုင်ငံမှာရှိတဲ့ အင်္ဂါလီလူမျိုးတွေ ကျွန်တော်တို့နိုင်ငံကို အတားအဆီးမဲ့ဝင်လာခဲ့တဲ့အချိန်ကျွန်တော်တို့ဆီမှာ တောက်လျှောက် ဗြိတိသျှလက်ထက်ကရှိခဲ့တဲ့ စာရင်းဇယားတွေ၊ ၁၉၇၀၊
၁၉၈၃ ခုနှစ်မှာ ကောက်ခဲ့တဲ့ Census (သန်းခေါင်စာရင်း)
တွေအရ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာလူမျိုးဆိုတာ တရားဝင်ဖော်ပြတာဘယ်တုန်းကမှ မရှိခဲ့ဘူး။
ဘင်္ဂါလီလူမျိုးသာ ဖော်ပြတာ ရှိခဲ့ပါတယ်။
ကျွန်တော်တို့မှာ တရားဝင်လူမျိုးစုကြီး ၈ စု ရှိပါတယ်။
ကချင်၊ ကယား၊ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားနွယ်ဖွား ၁၃၅ မျိုး ရှိပါတယ်။ အဲဒီထဲမှာရောဗြိတိသျှ စာရင်းဇယားမှာရော၊ ၁၉၇၀၊ ၁၉၈၃ သန်းခေါင်စာရင်းမှာ ရောဘယ်တုန်းကမှ ရိုဟင်ဂျာဆို
တာ မရှိခဲ့ပါဘူး”ဟု ဦးခင်ရီကပြောကြားသည်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရာ တွင်လည်း ရိုဟင်ဂျာပါမည် မဟုတ်ကြောင်း ၎င်းကပြောသည်။
by 7Day News Journal
Copy from http://kopaelay.blogspot.com/2012/08/blog-post_4732.html?spref=tw#.UBt6uKOlelw