ဦးအောင်သိန်းလင်းအား
ပါတီဗဟိုအလုပ်အမှုဆောင်ဆုံးဖြတ်ချက်နဲ့
အရေးယူရန် ထင်မြင်ယူဆ
မြင့်လှိုင်၊
သြဂုတ် ၁၇ ရက်၊ ၂၀၁၂
Southern Weekend (China) သတင်းစာအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်
ကော်မတီဝင် (ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်သိန်းလင်း ပြောကြားခဲ့မှုများဟာ ပါတီစည်းကမ်းနဲ့ ငြိ
စွန်းပြီး ပါတီအပေါ် ပြည်သူရဲ့ အမြင် ထိခိုက်မှု ရှိကြောင်း၊ ထို ပြောကြားမှုများအတွက် ဦးအောင်သိန်းလင်းတွင် တာဝန်ရှိတဲ့အတွက် ဦးအောင်သိန်းလင်းအား ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပါတီစည်းကမ်း
အရ လိုအပ်သလို အရေးယူရန် ထင်မြင်ယူဆကြောင်း ထိုကိစ္စနဲ့ ပတ်သက်တဲ့ အစီရင်ခံစာဆိုင်ရာ မြတ်ခိုင်
ရဲ့ ဖေ့စ်ဘွတ် ဖော်ပြမှုတွင် ရေးသားထားပါတယ်။
ထို ဖော်ပြချက်အရ ဦးအောင်သိန်းလင်းရဲ့ ပြောကြားချက်များဟာ ရန်ကုန်ကို တရုပ် မျက်စိကုအဖွဲ့နဲ့လိုက်ပါလာတဲ့
Southern Weekend (China) သတင်းထောက်နဲ့ စားရင်းသောက်ရင်း အလွတ်သဘော ပြောခဲ့တာကိုထို သတင်း
ထောက်က ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။သို့သော်လည်း အလွတ်သဘော ပြောကြားခဲ့တာလား၊ မေးမြန်း
မှုကို ဖြေကြားတာလား၊ ပြောဆိုမှုကို သတင်းထောက်က မှတ်တမ်းယူထားခြင်းအား ဦးအောင်သိန်းလင်း သိသ
လား စတဲ့အချက်များကိုတော့ ရေးသားထားတာ မတွေ့ရပါ။
ဦးအောင်သိန်းလင်းရဲ့ ပြောကြားချက်များတွင် “ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း မယုံဘူး။ ကုလသမဂ္ဂ ကို
လည်း မယုံဘူး။ (ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူများ ထောက်ခံအားပေးခြင်းမှာ) လူတွေကCrazy ဖြစ်နေကြ
တာပါ။ လူကြိုက်များရခြင်းမှာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်လို့ပါ။ မြစ်ဆုံဆည်ကို မဖြစ်
မနေ ပြန်လည် တည်ဆောက်ရမည်။“ စတဲ့ အချက်များ ပါရှိကြောင်း သိရပါတယ်။
ထိုကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့အနေနဲ့ အလဲဗဲန်း၊ မော်နီတာ၊ သံတော်ဆင့် ဂျာနယ်များက တာဝန်ရှိသူများ
နဲ့ တွေ့ဆုံခဲ့သလို ဦးအောင်သိန်းလင်းထံမှလည်း ထွက်ဆိုချက် ရယူခဲ့ပါတယ်။ စုံစမ်းရေး အဖွဲ့တွင် ဥက္ကဋ္ဌ ဦးတင်ထွတ်၊ အဖွဲ့ဝင်များအဖြစ် သူရ ဦးအေးမြင့်၊ ဦးသိန်းဆွေတို့ ပါဝင်ပြီး ဦးအောင်သိန်းလင်းရဲ့
ပြောကြားချက်များ
ဟာ အမှန်တကယ် ပြောကြားချက်များအတိုင်း ဖော်ပြထားခြင်း ဟုတ်/မဟုတ် ၊ ပြောကြားချက်များဟာ ပါတီစည်းကမ်းနဲ့ ငြိစွန်းတဲ့အချက်များ ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ခြင်း ဖြစ်ပါတယ်။
ထို အစီရင်ခံစာအရ ဦးအောင်သိန်းလင်း ပြောကြားခဲ့မှုများဟာ ပါတီစည်းကမ်းနဲ့ ညိစွန်းပြီး ပါတီအပေါ် ပြည်သူရဲ့ အမြင် ထိခိုက်မှု ရှိကြောင်း၊ ထို ပြောကြားမှုများအတွက် ဦးအောင်သိန်းလင်းတွင် တာဝန်ရှိတဲ့အတွက် ဦးအောင်သိန်းလင်းအား ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပါတီစည်းကမ်းအရ လိုအပ်သလို အရေးယူရန် ထင်မြင်ယူဆကြောင်း ထိုကိစ္စနဲ့ ပတ်သက်တဲ့ အစီရင်ခံစာဆိုင်ရာ မြတ်ခိုင်ရဲ့ ဖေ့စ်ဘွတ် ဖော်ပြမှု
တွင် ရေးသားထားပါတယ်။
ကိုးကား - မြတ်ခိုင်ရဲ့ ဖေ့စ်ဘွတ်
Co[py from http://www.burmatoday.net/news.php?news_ID=466