• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, September 13, 2012

မြန်မာပြည်အတွက် ဂြိုလ်တု လွှတ်တင်နိုင်တော့မယ်


Hiroshi Ikuno (R), managing director of Marubeni ASEAN Pte. Ltd., chats with Japanese consul general in HCMC Hida Harumitsu (L) and Yasutaka Nasu, president of the HCMC Japanese Business Association
 Source Photo from http://baodongnai.com

မြန်မာပြည်အတွက် ဂြိုလ်တု လွှတ်တင်နိုင်တော့မယ်


ဆက်သွယ်ရေး ဆိုင်ရာတွေနဲ့ တခြား ကဏ္ဍတွေအတွက် ဂျပန်အကူအညီ ယူပြီး ဂြိုလ်တု လွှတ်တင်ရေး အစီအစဉ် ရှိနေပါပြီ။

ဂြိုလ်တုလွှတ်တင်ရေးပြင်ဆင်တဲ့အနေနဲ့ လာမယ့်အောက်တိုဘာလ ဒုတိယပတ်မှာ အလုပ်ရုံ ဆွေးနွေးပွဲတခု ဂျပန်
နဲ့ မြန်မာ ပူးပေါင်းပြီး ကျင်းပဖို့ ရှိတယ်လို့ သတင်းတပုဒ်မှာဖော်ပြထားပါတယ်။

ဂျပန်အခြေစိုက် Marubeni Aerospace Corporation မန်နေဂျင်း ဒါရိုက်တာ Hiroshi Ikuno နဲ့ မြန်မာအစိုးရ ပို့
ဆောင်ရေးဝန်ကြီး ဦးဥာဏ်ထွန်းအောင်တို့ဟာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေး ဆွေးနွေးခဲ့ကြတာ ကို မြန်မာ့အ
လင်းသတင်းစာ က ဆိုထားပါတယ်။

ဂျပန်အစိုးရက သစ်တောထိမ်းသိမ်းရေး၊ စိုက်ပျိုးရေး၊ အဏ္ဏ၀ါဗေဒ၊ ရာသီဥတု စတဲ့ကဏ္ဍတွေအတွက် မြန်မာကို အကူအညီပေးရေးဆိုင်ရာ အသေးစား မြေကမ္ဘာလေ့လာရေးဂြိုလ်တု လွှတ်တင်ရေးနဲ့ပတ်သက်ပြီး အမြင်တွေဖ
လှယ်ဖို့ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပမှာဖြစ်ပါတယ်တဲ့။

ဒီအပြင် ဂျပန်က အာကာသသိပ္ပံဆိုင်ရာနည်းပညာတွေ လေ့လာသင်ယူဖို့လည်း သူတို့ တက္ကသိုလ်တွေကနေ တ
ဆင့် အကူအညီပေးအုံးမှာဖြစ်ပါတယ်။

အစောပိုင်းသတင်းတွေအရတော့ ဂြိုလ်တုလွှတ်တင်ရေးနဲ့ပတ်သက်ပြီး မြန်မာအနေနဲ့ အဖွဲ့ဝင် ၅ ဦးပါတဲ့ ဗဟိုကော်
မတီ တခုဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၇ ဦးပါတဲ့ လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

ဂျပန်နိုင်ဟာ ပြီးခဲ့တဲ့ဧပြီလာတုန်းက မြန်မာ့ဒီမိုကရေစီအရေးအားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံက ပေးဖို့ ရှိတဲ့အကြွေး ဂျပန် ယန်းငွေ ဘီလျံ ၃၀၀ (အမေရိကန်ဒေါ်လာ ၃.၆၈ ဘီလျံ) ကိုလည်း လျှော်ပေးဖို့ ဆုံးဖြတ်ခဲ့ ပါသေးတယ်။

(ဧရာဝတီ)

Copy from http://www.burmesewldnews.com/2012/09/blog-post_9553.html