Source photo from http://www.google.com/images
မျောက်မျိုးစိတ်သစ် တစ်မျိုးကို တွေ့ရှိ
Friday 14th September 2012
Lesula ဟု အမည်ရသော မျောက်မျိုးစိတ်သစ် တစ်မျိုးကို အာဖရိကတိုက်တွင်တွေ့ရှိခဲ့ရပြီဖြစ်ကြောင်းသိရကာ ၂၈နှစ်အတွင်း ဒုတိယအကြိမ်အဖြစ်တွေ့မြင်ခဲ့ရပြီးနောက် ယခုလို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
Lesula Lesula (Cercopithecus lomamiensis) ခေါ် မျောက်မျိုးနွယ်ဝင်မှာ ငြိမ်ငြိမ်သက်သက် နေထိုင်ကြသည့် သတ္တဝါများဖြစ်ပြီး လူတွေ့မခံလိုသည့်သတ္တဝါများဖြစ်ကြောင်း အဆိုပါသုတေသနကို ပြုလုပ်သူ သိပ္ပံပညာရှင်များ
မှ ပြောကြားခဲ့သည်။
ယင်းမျောက်များ၏ မျက်နှာပြင်ထက်တွင် ရွှေရောင်အမွှေးအမှင်များဖြင့် ဖုံးလွမ်းထားပြီး ရှည်လျားသည့် အမွှေးများ
ကို ပိုင်ဆိုင်ကြောင်းလည်းသိရသည်။
ယင်းတို့မှာ ငါးကောင်ခန့် ပမာဏရှိသည့် နည်းပါးသောပမာဏဖြင့်သာ အုပ်စုဖွဲ့နေတတ်ကြကာ ကွန်ဂိုနိုင်ငံအတွင်း
ရှိ မြေနိမ့် မိုးသစ်တောများတွင် နေထိုင်ကြကြောင်းလည်း the Guardian သတင်းတွင်ဖော်ပြခဲ့သည်။
source : The Guardian
Copy from
http://www.mrtv4.net.mm/news/international/science-tech/detail/item%3A9870





