• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, September 26, 2012

သမိုင်းဝင်မိဇံတောင် ပျောက်ဆုံးတော့မည်



သမိုင်းထဲက မိဇံတောင်လေးပျောက်ဆုံးတော့မည်


By စိုးဝင်းနိုင်

ကရင်ပြည်နယ် ဘားအံမြို့ နယ်တောင်ဘက် မိုင်(၂၀)ခန့်ရှိ သံလျင်မြစ်ကမ်းနဘေးတွင် တည်ရှိနေသော မိဇံရွာ
လေးနှင့်မိဇံ တောင်လေးရဲ့အလှအပများသည် တရုတ်ကုမ္ပဏီတစ်ခုနှင့်မြန်မာခရိုနီများကြောင့် သမိုင်းထဲမှများ မကြာမီ အပြီးအပိုင်ဖယ်ရှားခံရတော့မည့်ကိစ္စနှင်ပတ်သက်ပြီး(၂၉. ၈.၂၀၁၂)၌ ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်
တော်ကိုယ်စားလှယ် ဒေါ်နန်းစေးအွာ အဆိုတင်သွင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက် ပြီး ဘားအံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာ ကိုမေးမြန်းကြည့်ရာ

ကျွန်မကို ရွာသားတွေက ခေါ်ပြီးပြောပြတယ်။
မိဇံတောင်ကြီးကို ဖြိုတဲ့အခါ မိုင်း ကိုသုံးတယ်။
ရွာသားတွေ နားကွဲမတတ်ခံရသလို ကျောက်အစအနတွေလည်း ရွာပေါ်ကိုမကြာခဏ ကျတယ်။
ကျောက်အမှုန်တွေကို လည်း သူတို့ ရှုရှိုက်နေရတယ်။
ဒါ့အပြင် နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်နေတဲ့ တောင်ယာခင်းတွေလည်းပျောက်ကွယ်ကုန်ပြီ တောင်ခြေ
ကိုလည်း ရွာသားတွေ သွားခွင့်မပြု ၀င်ခွင့်မပြုဘူး။
အဲဒီမှာရှိတဲ့လူတွေက မြန်မာစကားလည်းတစ်လုံးမှမတတ်ဘူး။
အားလုံးဟာ တရုတ်တွေပဲ။
ကုမ္ပဏီနာမည်က China Min Ghua (ဟောင်ကောင်)ကုမ္ပဏီလို့သိရတယ်။
အဲဒါကို လွှတ်တော်မှာ အဆိုတင်သွင်းတော့ တရုတ်ကုမ္ပ ဏီမဟုတ်ပါဘူးတဲ့။
မြန်မာလုပ်ငန်းရှင်တစ်ဦးက လုပ်တာပါလို့ ပြောပါတယ်
ဟု သူမကဆိုထားသည်။

ထို့နောက် ဒေသခံများအား ဆက်လက်မေးမြန်းကြည့်ရာ
၂၀၁၀ မှာ စတင်ပြီးလုပ်ပါတယ်။
ဘယ်ကုမ္ပဏီလို့လည်း ပွင့်ပွင့်လင်းလင်းမသိရဘူး။
China Min Ghua (ဟောင်ကောင်)ကုမ္ပဏီဆိုတာ အခုနောက်ပိုင်းမှသိရတာ၊ စီမံကိန်းကတော့ (၃)နှစ် ကျောက်
ထုတ်လုပ်ငန်း စီမံကိန်းလို့ပဲသိရတယ်။
ကျွန်တော်တို့ရဲ့ လုပ်ကိုင်စားသောက်နေတဲ့ တောင်ယာတွေလည်း တစ်ကွက်မှမရှိတော့ဘူး။
ကျွန်တော်တို့ရွာသားaတွအဖို့ အခုလိုကြုံရာလုပ်ကိုင်စားသောက်နေကြရတယ်။
တချို့ဆိုရင် ဘ၀တွေပျက်ခဲ့ရတယ်။
သက်ဆိုင်ရာလူကြီးတွေကိုလည်း ဒေါ်နန်းစေးအွာက တစ်ဆင့်တိုင်ထားတယ်
ဟု ဒေသခံ တောင်ယာခင်းပိုင် ဦးအောင်ငြိမ်းက ပြောပြသည်။




မိုင်းက တစ်နေ့ကို(၃) ကြိမ်ခွဲတယ်။
ကျောက်အစအနတွေ ရွာကအိမ်တွေပေါ်ကိုကျတယ်။
သူတို့ကိုအကျိုးအကြောင်း သွားရှင်းပြတော့လည်း သူတို့က မြန်မာစကားမပြောတတ်ကြဘူး။
ကျွန်မတို့မှာ ကျွန်မတို့ရဲ့ မိဘအစဉ်အဆက်လုပ်ကိုင်လာတဲ့ တောင်ယာခင်းတွေကိုလည်း စွန့်လွှတ်ခဲ့ရသလို တုန်
လှုပ်ချောက်ချားစွာနဲ့လည်း ကျွန်မတို့မှာနေရတယ်။
ကျွန်မတို့ဒေသမှာတော့ ဒီတောင်လေးက သမိုင်းတစ်ခုပါပဲ။
ဘိုးခရဲတောင်ဘက်က ပြော ပြောလာတာ မိဇံတောင်အကြောင်း အခုတော့ကုန်တော့မယ်။ တစ်ခြမ်းနီးနီးလောက်ရှိနေပြီ။
ကျွန်မတို့ရဲ့တောင်ယာတွေကိုလည်း သွားလို့မရ သွားခွင့်မပြု ကျွန်မတို့မှာ အနိုင်ကျင့်ခံနေရတယ်။
ဟု ဒေသခံ အမျိုးသမီးတစ်ဦးမှဆိုထားသည်။



(၂၉.၈. ၂၀၁၂)ရက်နေ့တွင် တင်သွင်းခဲ့သောအဆိုသည် ယနေ့အချိန်ထိအောင် အဖြေတစ်စုံတစ်ရာ မရရှိဘဲ (ကျွန်တော်၏ အခန်းကဏ္ဍအား တွေ့) ရှိနေရကြောင်း သိရှိရသည်။

စိုးဝင်းနိုင်

 http://www.hotnewsweekly.com/archives/11182

Copy from http://www.sharlemonk.com/2012/09/blog-post_1078.html

မှတ်ချက်

ဓါတ်ပုံပါ ကုမ္ပဏီရဲ့ နာမည်ကတော့ Ming Hua လို့ ဖေါ်ပြထားပါတယ်။ 
မှန်တယ်မမှန်ဘူးဆိုတာ ကျုပ်လည်းမသိပါဘူး။ 
ဘာကြောင့်လဲဆိုတော့ Ming Hua အဲဒီစာလုံးကို ရိုက်ထည့်မှ ဓါတ်ပုံပေါ်လာလို့ဖြစ်ပါတယ်။ 
နာမည်မှားနေလျင် အသိပေးကြပါ။
 ပြန်ဖြုတ်ပစ်ရမှာဖြစ်ပါတယ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)