• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, September 24, 2012

ဒုက္ခသည်များနေရပ်ပြန်ရေးကိစ္စ ၀န်ကြီးဦးအောင်မင်း ၀န်ခံ


အငိုလွယ် အရှိုက်ခက်နေတဲ့ ဦးအောင်မင်း


By မင်းစိုးစံ

September 23, 2012 Sunday

တွေ့ဆုံမေးမြန်းခန်းတခုမှာ မီးရထားဝန်ကြီး ဦးအောင်မင်းပြောသွားတာတွေက အစပထမပိုင်းမှာတော့ အတော်က
လေးစိတ်ဝင်စား ဘို့ကောင်းသလို အင်မတန်ကိုချီးမွမ်းထောပနာပြုဘို့ကောင်းမလိုလိုနဲ့ အဆုံးသတ်ခါနီးမှာပြော
လိုက်ပုံက တော်တော်ကို မုန်းဘို့ကောင်းတာတွေ့ရပါတယ်။

ကျုပ်မုန်းတာက ဘာလဲဆိုတော့ စောစောပြန် လာတဲ့လူကတော့ ကိုယ့်ကိုယ်ပိုင်ခြံမြေတွေကို ပြန်ရနိုင်ပေမယ့်
နောက်ကျမှပြန်လာတဲ့လူကိုတော့ ပြန်ပေးမှာ မဟုတ်ဘူးဆိုတဲ့ အနေအထားမျိုးရောက်အောင် ပြောလိုက်လို့ဖြစ်
ပါတယ်။
အဲဒီစကားလုံးကိုထောက်လိုက်လျင် ဗမာစစ်အစိုးရဆိုတာ လိုင်စင်ရဓါးပြအုပ်စုထက်မပိုဘူးဆိုတာကို သက်သေပြ
လိုက်တာပါ။

ဘယ့်နှယ်ဗျာ ကိုယ့်ရပ် ကိုယ့်ရွာ မအေးချမ်းမလုံခြုံလို့ တောနက်မျက်မဲကြီးထဲမှာ ငတ်တလှည့်ပြတ်တလှည့်နဲ့ အသက်ကို ဖက်နဲ့ထုပ်ပြီးနေလာခဲ့ကြရရှာတာ၊အခုလို သေနတ်သံလေးရပ်မလိုလိုအချိန်လေး ကိုယ့်ရွာကိုယ်
ပြန်ဘို့ ဖြစ်မှဖြစ်ပါ့မလားလို့ တွေးနေတုန်း နောက်မှပြန်လာတဲ့လူ လယ်တွေခြံတွေပြန်မပေးဘူးဆိုတော့ အဲဒါ ဓါးပြမဟုတ်လျင် အနုကြမ်းသမားပေါ့။

သူပြောတာကို သေသေခြာခြာနားထောင်ကြည့်ပါ နယ်မြေမအေးချမ်း လို့ပြေးတယ်၊ အေးချမ်းလျင်လုံခြုံလျင် ပြန်
လာမယ် အတင်းတိုက်တွန်းလို့ မဖြစ်ဘူး။
စောစောပြန်လာလျင် ကိုယ့်ခြံမြေတွေပြန်ရမယ် နောက်ကျမှပြန်လာလျင်တော့ တာဝန်မယူဘူးဆိုတော့။

ဗွီအိုအေ မြန်မာပိုင်းဌာနက ဦးသန်းလွင်ထွန်းနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ထိုင်းနယ်စပ်က ရွာပုန်းရွာရှောင်တွေနဲ့ ဒုက္ခ
သည်တွေနဲ့ပတ်သက်တဲ့အဖြေကို ကျုပ်ဖြတ်ပြီးကူးထားတာပါ။

နောက်ဆုံးမှာတော့ သူအမှန်အတိုင်းမပြောလို့မဖြစ်တဲ့အတွက် အပြောလွယ်သလောက် လုပ်ရကိုင်ရတာ အတော်
ခက်ပါတယ်ဆိုတာ ပြောသွားတယ်ဗျို့။



ဦးခွန်ထွန်းဦးကတော့ ၀ါရင့်ပြီး စစ်အစိုးရအကြောင်းနောကြေနေတာဆိုတော့ ဗမာစစ်အစိုးရရဲ့ အသုံးမကျပုံကို အရှိကို အရှိအတိုင်းပြောသွားတာတွေ့ရပါတယ်။
လူကြီးလူကောင်းပီပီ တဘက်သားကို အင်မတန်သက်သက် ညှာညှာလေး ပြောသွားတယ်ဆိုတာကိုတွေ့ရတော့ ဆရာကြီး ခွန်ထွန်းဦးကို ပညာရှိတယောက်ရဲ့ အရည်အသွေးတွေနဲ့ပြည့်စုံသူပါလား ဆိုတဲ့စိတ်နဲ့ ရင်ထဲကနှစ်နှစ်
ကာကာကိုလေးစားမိပါတယ်။



အဲဒီလို အဲဒီလိုတွေ ယုတ်ကန်းပြီး ဘာဆိုဘာမျှကောင်းအောင်လုပ်ဘို့ မစဉ်းစားတတ်တော့တဲ့ ဗမာစစ်အစိုးရ ကို နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ဗမာအစိုးရကို မသထာရေစာကျွေးရတဲ့ သူတွေကတော့ မုဒိတာမပွါးနိုင်ကြပါဘူး ဒါကြောင့် ဗမာစစ်အစိုးရကို အခုလို တခမ်းတနား မေတ္တာပို့ကြပါတော့တယ်။



အားလုံး ၆မိနစ်ကျော်လောက်ကြာတဲ့ ရုပ်သံပါ။
အပြည့်အစုံ ကြားချင်မြင်ချင်တယ်ဆိုလျင် အောက်ကလိပ်စာအတိုင်း သွားပြီးကြည့်နိုင်ကြပါတယ်။
အပြည့်အစုံ ကူးထားပေမယ့် အပြည့်အစုံမဖေါ်ပြဖြစ်တာကိုတော့ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။

သွားကြည့်နိုင်တဲ့လိပ်စာ မူရင်းကတော့
http://mindhammanews.multiply.com/video/item/5
ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)