Philippe Even and Bernard Debré
(AFP Photo/Daniel Janin/Bertrand Guay)
Source Photo from http://rt.com/news/france-medicine-useless-spending-107/
ပြင်သစ်ရှိ ဆေးဝါးများ၏ ၅၀ ရာနှုန်းမှာ
အသုံးမဝင် ဖြစ်နေရဟု
ထိပ်တန်းဆရာဝန်များပြော
Saturday 15th September 2012
ပြင်သစ် နိုင်ငံရှိ ဆေးဝါး အားလုံး၏ထက်ဝက်မှာ အသုံးမဝင်ဖြစ်နေရပြီး ငါးရာနှုန်းမှာ အန္တရာယ်ဖြစ်စေသည့် အနေ
အထားတွင်ရောက်နေရကြောင်း ပြင်သစ်ဆရာဝန် ၂ ဦး ရေးသားသည့် စာအုပ်တစ်အုပ်တွင် ဖော်ပြသည်။
အဆိုပါ ဆရာဝန် နှစ်ဦးမှ ပြောရာ၌ ပြင်သစ် နိုင်ငံရှိ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းမှာ အကျိုးသက်ရောက်မှု မရှိသည့်
ဆေးများကို ဈေးကွက်အတွင်းတွင် အတင်းအကြပ်သွတ်သွင်းနေပြီး အခွန်ထမ်းပြည်သူများထံမှ ယူရိုငွေ ဘီလီယံ
ပေါင်းများစွာကို ဖြုန်းတီးပစ်နေခြင်း ဖြစ်ကြောင်း ရေးသားထားခဲ့သည်။
ယင်းစာအုပ်မှာ ပြင်သစ်ရှိ ဆေးအမျိုးအစားပေါင်း ၄၀၀ ကို ဆန်းစစ်ပြီး ရေးသားခဲ့ခြင်းဖြစ်ကာ ယင်းအထဲမှ ၅၀ ရာ
နှုန်းမှာ အသုံးမဝင်ဖြစ်နေရပြီး ၂၀ ရာနှုန်းမှာ အခြေအနေဆိုးနေသည့်အပြင် ၅ ရာနှုန်းမှာ ပြောင်းပြန်အကျိုး သက်
ရောက်မှုရှိသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။
ပါရီမြို့ရှိ Necker ဆေးရုံအုပ် ဖြစ်ခဲ့သူ Philippe Even နှင့် UMP ပါတီမှ ပါတီဝင်ဖြစ်သူနှင့် ပါလီမန်အဖွဲ့ဝင် တစ်ဦး
ဖြစ်သူ ဒေါက်တာ Bernard Debré တို့မှာ ယခုစာအုပ်ကို ရေးသားခဲ့ခြင်းဖြစ်ပြီး ‘The Guide to 4,000 Useful, Useless or Dangerous Medicines.’ ဟု အမည်ပေးထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စာအုပ်တွင် ရေးသားခဲ့ရာ၌ ပြင်သစ်နိုင်ငံအနေဖြင့် ပြည်သူများသို့ ပေးအပ်နေသည့် လူမှုဖူလုံရေး ဆေးအ
သုံးစရိတ်ကိုရပ်တန့်ပါက နှစ်စဉ် ယူရိုငွေ ၁၀ ဘီလီယံ အထိ သက်သာစေမည်ဖြစ်ကြောင်းနှင့် ယင်းဆေးများမှာ အန္တရာယ် ဖြစ်စေခြင်းနှင့် မည်သည့်ကျန်းမာရေးတန်ဖိုးမှမရှိခြင်း စသည့် အခြေအနေများ ဖြစ်နေခြင်းကြောင့် ဖြစ်
ကြောင်းလည်း သိရသည်။
ပါရီမြို့ရှိ Necker ဆေးရုံ
Source Photo from http://www.google.com/images
Copy from http://www.mrtv4.net.mm/news/international/health/detail/item:9919