• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, September 30, 2012

သင်ပေးလို့မရတဲ့ ဗမာစစ်အစိုးရ

အသင့်ရေးထားတဲ့စာကို ဖတ်ဘို့ အလှည့်စောင့်နေတဲ့ မြန်မာသမ္မတကြီး ဦးသိန်းစိန်
ဓါတ်ပုံ  ဘီဘီစီမြန်မာပိုင်းအစီအစဉ်

 သင်ပေးလို့မရတဲ့ ဗမာစစ်အစိုးရ

By မင်းစိုးစံ
September 30 2012 Sunday

စနေနေ့တုန်းက ဘီဘီစီမြန်မာပိုင်းဌာနက စီစဉ်ထုတ်လွှင့်တဲ့ အမေ့ခံပုံရိပ်များ အစီအစဉ်ကနေ နတ်ကတော်တွေ အကြာင်း နတ်ကိုပသကြတဲ့ လူတွေအကြောင်း မေးမြန်းထားတာတွေကို စုစည်းတင်ပြသွားတာကို နားထောင် လိုက်တော့ နတ်ကတော်ကို နတ်ကနားပေးတာတွေဟာ တိုးလာနိုင်သလား လျော့ကျသွားမလား လို့မေးတော့ တနေ့ထက်တနေ့ ပိုတိုးဘို့ပဲရှိပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ နတ်လာမေးပြီဆိုကတည်းက အပူတခုခုရှိလို့ လာမေးကြတာပါတဲ့။ ဒါကြောင့် နတ်ကို ကိုးကွယ်သူတွေဟာ တနေ့တခြားများလာဘို့ပဲရှိပါတယ်တဲ့။

ဆင်းရဲမှုပပျောက်ရေးအစီအစဉ်အောင်မြင်အောင် လုပ်မယ်ဆိုတဲ့ စစ်အစိုးရရဲ့အပြောထက် ပြည်သူလူထုတွေဟာ နတ်ကနားပွဲကိုသာ အားထားရာတခုအဖြစ် လက်ခံနေပြီလားလို့ ထင်စရာဖြစ်လာပါတယ်။

ကျုပ်ရေးတဲ့ အံ့မခမ်းဘွယ်ရာတိုးတက်မှုများနဲ့ မြန်မာပြည်သူများ ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးမိတ်ဆွေ
တယောက်က ဖုန်းဆက်ပြီးအပြုသဘောနဲ့ပါဆိုတဲ့စကားကိုပလ္လင်ခံရင်း ဗမာစစ်အစိုးရကို ခွေးနဲ့ခိုင်းနှိုင်းပြောဆိုတာ
မသင့်တော်ကြောင်း ခွေးဆိုတဲ့သတ္တ၀ါဟာ အင်မတန်ယုတ်ညံ့တဲ့သတ္တ၀ါလို့ ပြည်ထောင်စုမြန်မာနိုင်ငံဘွား နိုင်ငံ
သားအများစုက နားလည်လက်ခံထားကြထားတဲ့အတွက် နိုင်ငံ့ဥသျောင်တွေကို အခုလိုခွေးနဲ့နှိုင်းယှဉ်ပြီး မပြောဆို
သင့်ကြောင်း ကျုပ်ကို စေတနာအရင်းခံပြီးပြောသွားပါတယ်။ သူပြောတာကို ကျုပ်လက်ခံပါတယ်။

အဲဒီအတွက် ကျုပ်က စိတ်မကောင်းခြင်းကြီးမားစွာနဲ့ အနူးအညွတ်ဦးထိပ်ထားပြီး တောင်းပန်လိုက်ပါတယ်။
ဗမာစစ်အစိုးရကို မဟုတ်ပါဘူး၊ ခွေးတွေကိုပါ။

နောက်တခုက ခွေးနဲ့ ခိုင်းနှိုင်းပြီးပြောရတာကလည်း ကျုပ်ကခွေးမွေးထားတဲ့ လူတယောက်ပါ။ ဒီခွေးကလေးဟာ ကျုပ်အပြင်ထွက် လျင် အမြဲတမ်းလိုက်ချင်ရှာပါတယ်။ ခွေးတွေမသွားသင့်တဲ့နေရာမျိုးကို သွားရတဲ့အခါမျိုးမှာ သူ့ကိုနေခဲ့တတ် အောင် သင်ပေးထားတဲ့အတွက် ကျုပ်က ငါအပြင်သွားမယ်၊ အိမ်မှာနေခဲ့လို့ ပြောလိုက်တာနဲ့ ကျုပ်ခွေးကလေး ဟာ ကျုပ်နောက်ကို မလိုက်တော့ပါဘူး။
ရေချိုးပြီးလို့ သူ့ကိုယ်ကို ခြောက်သွေ့အောင်လုပ်တဲ့အခါမှာလည်း ငြိမ် ငြိမ်နေဆိုလျင် တုတ်တုတ်လေးတောင်မလှုပ်
ပါဘူး။ ကိုယ့်နေရာကိုယ်နေဆိုတာနဲ့ သူ့နေရာကို ချက်ခြင်းပြန်နေပါတယ်။
ကျုပ်ခွေးကလေးကို သူငယ်ငယ်တုန်း က ကျုပ်လက်ပေးဘို့ မသင်ခဲ့မိတဲ့အတွက် အခု သူ့အသက်ကြီးလာတဲ့အခါ လက်ပေးလက်ပေး လို့ပြောပေမယ့် သူ နားမလည်ရှာတော့ပါဘူး။
အဲဒါကြောင့် ဗမာစစ်အစိုးရအဖွဲ့ကို ခွေးနဲ့နှိုင်းယှဉ်ပြီး ပြောလိုက်တာပါ။

နောက်တခုက ကျုပ်တို့ ကရင်တပ်က ဗမာစစ်တပ်ကို ကရင်လို ခွေးရူးလို့ခေါ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဗမာ
စစ်တပ်ဟာ ကရင်ရွာတွေကိုရောက်ပြီဆိုတာနဲ့ ခွေးရူးတွေလို ကျင့်ကြံနေထိုင်လုပ်ဆောင်လို့ဖြစ်ပါတယ်။
ခွေးရူးတွေရဲ့သဘောသဘာဝအရ ရူးနေတဲ့ခွေးဟာ ဘာဆိုဘာမျှမခွဲခြားတတ်ပါဘူး၊ မြင်သမျှကို ကိုက်ဖြတ် ဖျက်
ဆီးပစ်ဘို့လောက်ပဲ တတ်နိုင်ရှာပါတယ်။ တိုင်းရင်းသားနယ်မြေဒေသကို ရောက်ပြီဆိုတာနဲ့ ဒါမျိုးတွေလုပ်အောင် ဗမာစစ်အစိုးရက ဗမာပြည်ရဲ့သယံဇာတတွေကိုရောင်းပြီး တမင်သက်သက် စနစ်တကျသင်တန်းတွေ ပေးနေတာ
များလားဆိုတဲ့အထင်မျိုးကို သက်သေခံနေသလို ဖြစ်နေတယ်ဆိုတာ သတင်းတွေကိုနားထောင်လိုက်တိုင်း စစ်အ
စိုးရတပ်ရဲ့ တိုင်းရင်းသားတွေအပေါ် လူမဆန်တဲ့လုပ်ရပ်တွေအကြောင်း မကြားချင်အဆုံးကြားနေရလို့ပါ။

တကယ်တမ်းမှာတော့ ဘယ်အရာမဆို တကယ်ဆန္ဒရှိလျင် လေ့လာသင်ကြားမယ်ဆိုလျင် မတတ်မြောက်နိုင်စရာ ဘာအကြောင်းမျှမရှိပါဘူး၊
အသက်အရွယ်အိုမင်းနေတဲ့ သံဃာတော်တပါးတောင်မှ ကျည်ပွေ့အတက်ပေါက်မှစာတတ်မယ်လို့ လူတကာတွေ
ပြောနေတဲ့ကြားက စာတတ်အောင်သင်ခဲ့သေးတာပဲ။
ဗမာစစ်အုပ်စုအနေနဲ့ လူထုကောင်းကျိုးအတွက် မလုပ်တတ်လို့ သင်ယူကြမယ်ဆိုလျင် တိုင်းသူပြည်သားတွေရဲ့
ကောင်းကျိုးအတွက် လုပ်ပေးနိုင်တာတွေ အများကြီးရှိသပါ့ဗျာ။

ဒါပေမယ့် သူတို့သက်တမ်းတလျှောက်လုံး လူမိုက်ကြီး ဓါးပြကြီး လူသတ်သမားကြီး မုဒိန်းသမားကြီး သူခိုးကြီး
တွေလုပ်လာပြီး မိုက်ချက်က ကမ်းကုန်နေတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားနဲ့ပြောရမယ်ဆိုလျင်ဖြင့်
(လူဆိုးလူကောင်းလို့ မမြင်ဘူး သင်လို့ရတဲ့လူနဲ့ သင်လို့မရတဲ့လူ လို့မြင်တယ်) ဒီ စစ်အုပ်စုဟာ သင်လို့မရတဲ့ အုပ်
စု မျိုးထဲကဆိုတော့ ဒီလိုစိတ်ဓါတ်မျိုးနဲ့အုပ်စုမျိုး ပြည်ထောင်စုမြန်မာနိုင်ငံတော် (ပြည်ထောင်စုဗမာနိုင်ငံတော်) မှာ သက်ဆိုးရှည်နေသမျှကာလပတ်လုံး အခုပြောနေတဲ့ပင်လုံ ညီလာခံဆိုလား ပင်လုံထက်ကျယ်ပြန့်တဲ့ညီလာခံဆို
လား အဲဒါတွေဖြစ်လာဘို့ ပေါ်ပေါက်လာဘို့မဆိုထားနဲ့ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတာဝေးပြီး ကျုပ်တို့
နိုင်ငံထဲမှာ ထမင်းငတ်လို့ သေရမယ့်လူဦးရည်တွေသာ တဆထက်တဆ တိုးတိုးလာဘို့ပဲရှိမှာပါ။

ကျုပ်က ဘာကြောင့် ဒီလောက်တောင်အဆိုးတွေမြင်နေရသလဲ ဆိုတာပြောပြပါ့မယ်။
အကောင်းကိုမြင်ချင်ပေမယ့် စစ်အစိုးရက အဆိုးတွေချည်းလုပ်နေတော့ မရေမရာခပ်ရေးရေးလေး မြင်ရမယ့် ကြံ
ဖန်ပြီးကောင်းတယ်လို့ ယူဆချင်စရာရှိတဲ့ အရာတွေတောင် အငွေ့ပျံကုန်တယ်ပြောမလား၊ ပျောက်ကုန်တယ်ပြော
မလား အကောင်းဆိုလို့ ဘာဆိုဘာမျှကိုမမြင်ရတော့တာ။

နောက်တခုက ဘီဘီစီမြန်မာပိုင်းအစီအစဉ်နဲ့ စစ်အစိုးရ ဦးသိန်းစိန်မေးမြန်းခန်းတခုထဲက အချက် တချက်နှစ်ချက်
လောက် ထောက်ပြချင်ပါတယ်။ ဒေါ်တင်ထားဆွေ မေးတဲ့မေးခွန်းကို သူဖြေသွားတာက ဒီလိုပါ

သမ္မတကြီးအနေနဲ့ ဒီလို အရင်အစိုးရလက်ထက်က ဖြစ်ခဲ့တဲ့ကိစ္စတွေအပေါ်မှာ တာဝန်ယူနိုင်မလားရှင်။

အရင်အစိုးရလက်ထက်က ဖြစ်ခဲ့တဲ့ကိစ္စဆိုတာ အရင်အစိုးရလက်ထက်က သူ့ဟာနဲ့သူ တိုင်းပြည်အတွက် ဖြေရှင်း
ဆောင်ရွက်သွားတဲ့ကိစ္စပဲဖြစ်ပါတယ်။ 
ကျနော့အပိုင်းနဲ့တော့ မဆိုင်တော့ဘူးလို့ ကျနော်တို့ဒီလိုပဲ ပြောရပါမယ်။ 

အရင်အစိုးရလက်ထက်မှာကတည်းက တိုင်းသူပြည်သားတွေအပေါ် မင်းကျင့်တရားဆယ်ပါးနဲ့အညီ ကျင့်ကြံ အားထုတ် အုပ်ချုပ်ခဲ့တဲ့သူဆိုလျင် ဘာကြောင့် တာဝန်မယူနိုင်တာလဲ။ ဘုန်းကြီးတွေကိုသတ်ထားတယ်။ တိုင်းရင်းသားအချင်းချင်းကို ရန်တိုက်ထားတယ်။ ဆိုတော့ ဒီလိုမပြောလို့မဖြစ်ဘူးလေ။

စစ်အစိုးရအဆက်ဆက်ကိုပြန်ကြည့်လိုက်လျင် အဲဒီလိုလွှဲချလိုက်တာချည်းပဲ။ နာမည်လေးသာပြောင်းလိုက်တာ အများအားဖြင့်တော့ ဒီမျက်ခွက်နဲ့ ဒီမျက်ခွက်ပဲ နေရာယူထားကြတာ။
အဲဒီတော့ အဲဒီလို လူထုကို ချစ်မြတ်နိုးရကောင်းမှန်း လူကိုလူလိုမြင်ရမှာပါလား ဆိုတာကို နည်းနည်းမျှနားမလည်
ခဲ့တဲ့ နားမလည်နိုင်တော့တဲ့ နားလည်အောင်မသင်ချင်တဲ့ အစိုးရကို ခွေးနဲ့နှိုင်းမိတဲ့အတွက် ခွေးတွေကို တောင်းပန်
တာလို့ ပြောရခြင်းဖြစ်ပါတယ်။ ခွေးပေမယ့်လို့ ခွေးတွေက သင်ချင်စိတ်တွေရှိနေလို့ပါ။

ကချင်နဲ့ဖြစ်တဲ့တိုက်ပွဲတွေ ဘာကြောင့်မရပ်သေးတာလဲလို့မေးတော့ သူဖြေတာကိုကြည့်ကြပါဦး စစ်တပ်က ကျုပ်အမိန့်ကို မနာခံတာမဟုတ်ပါဘူး။ ကျုပ်ပြောတဲ့အတိုင်း နာခံကြပါတယ်။ ကချင်ဘက်က သူတို့တပ်ကို အပစ်ရပ်ဘို့ အမိန့်မထုတ်တော့ ကျုပ်တို့ဗမာ့တပ်မတော်သားကြီးတွေက ကိုယ့်ကိုယ်ကို ခုခံနေတာပါ တဲ့။

ကျုပ်တခုလောက်မေးမယ်ဗျာ သမ္မတကြီးပိုင်တဲ့ အိမ်တဆောင်မှာ( မတရားရရှိထားသည့်ငွေကြေးဖြင့် မဟုတ်ပဲ မိမိကိုယ်ပိုင် လုပ်အားမှရရှိသည့်အိမ်) ကျုပ်က အကြောင်းအမျိုးကြောင့် ရောက်လာပြီး အိမ်တွေကိုဖျက်ဆီးတယ် အိမ်ထဲက ပစ္စည်းတွေကို ခိုးတယ် ပြီးတော့ သမ္မတကြီးရဲ့ မိသားစုးတွေကို စော်ကားတယ် အနိုင်ကျင့်ရက်စက်တာ
တွေလုပ်တယ်ဆိုလျင် သမ္မတကြီးကတော့ ကျုပ်ကို အိမ်ထဲကနေ အိမ်ပြင်ရောက်အောင် နည်းအမျိုးမျိုးနဲ့လုပ်မှာပဲ အဲဒါကို ကျုပ်က ငါကတော့ကွာ အေးအေးဆေးဆေးနေနေတာပါ သမ္မတကြီးက ငါ့ကိုလာလာရန်ရှာနေတော့ ငါ ပြန်ပြီးကာကွယ်နေရတာပါလို့ ပြောလျင် ဘယ်သူတွေက ကျုပ်ဘက်မှာနေမှာတုန်း၊ နေမယ့်လူတော့ရှိတယ် ကျုပ်က ဝေစားမျှစားလုပ်ထားတဲ့လူတွေ။ အဲဒီလူတွေ ကျုပ်ကိုထောက်ခံလိမ့်မယ်။

နောက်တခုပြောပါဦးမယ် ကချင်တိုင်းရင်းသားတွေအချင်းချင်းကို ရန်တိုက်ပေးတာတွေ။
ကချင်တွေကို အရှေ့တောင်အာရှမှာ စံပြအဖြစ် ချေမှုန်းပစ်မယ်ဆိုပြီး ၀န်ကြီးချုပ်နေရာမှာနေခဲ့တုန်းက ခြိမ်းခြောက်
ခဲ့တာတွေ။

ဒါ့အပြင် ၁၉၆၈ KIO နဲ့ ရ၀မ် ကြား ဖြစ်ခဲ့တဲ့ “ခရန်ခူး အပြန်အလှန်သတ်ဖြတ်ခြင်းအဖြစ်အပျက်” ကို အစဖေါ်ပြီး  

မင်းတို့ကို ဂျိန်းဖောတွေ ဘယ်လောက်တောင်သတ်ခဲ့သလဲ။
မင်းတို့ ဂျိန်းဖောတွေကို ပြန်သတ်မလား။ 
သတ်မယ်ဆိုရင် လက်နက်ထုတ်ပေးမယ်။ ဆိုတဲ့ လုပ်ရပ်တွေ။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလမှာ သံဃာတော်တွေကို နှိမ်နင်းဘို့ ခေါင်လန်ဖူးအခြေစိုက် ရ၀မ် သီးသန့်ပြည်သူ့စစ်အဖွဲ့ရဲ့ခေါင်းဆောင် တန်ဂူးတန်ရဲ့တပ်ဖွဲ့အင်အား ၂၀၀ ကျော်ကို နေပြည်တော် ပို့ခိုင်းခဲ့ တာတွေ။

အဲဒါတွေကို ထောက်လိုက်လျင် ပြည်ထောင်စုမြန်မာနိုင်ငံတော်(ပြည်ထောင်စုဗမာနိုင်ငံတော်)ရဲ့ သမ္မတကြီးက
တော့ဖြင့် ၃၈ဖြာမင်္ဂလာတရားနဲ့ ပြည့်စုံတယ်လို့ဆိုတဲ့ တိုင်းပြည်ကို မီး၁၁ မီးကင်းအောင်လုပ်မှာလား တိုင်းရင်း သားပြည်သူလူထုတရပ်လုံးကို ကြိမ်မီးအုံးသလိုပူလောင်စေမှာလား ဆိုတာ မကြာတော့တဲ့အချိန်အတွင်းသိသာ ထင်ရှားလာမှာ အသေအခြာပါ။

ဗမာပြည်(မြန်မာပြည်)ကို ၃၈ဖြာမင်္ဂလာတရားနဲ့ပြည့်စုံတဲ့ တိုင်းပြည်လို့ ဗေဒင်ကိန်းခန်းအရ တွက်ချက်ထားပုံက ဒီလိုပါတဲ့ဗျား။

မြန်မာ= ကြာသာပတေးနံ။ (ပ ဖ ဗ ဘ မ)
ကြာသာပတေးနံ= ၁၉။
မြန်+မာ။ ၁၉+၁၉=၃၈။

ဗမာ=ကြာသာပတေးနံ။ (ပ ဖ ဗ ဘ မ)
ကြာသာပတေးနံ=၁၉။
ဗ+မာ။ ၁၉+၁၉=၃၈။
၃၈ဖြာ မင်္ဂလာတရားနှင့်ပြည့်စုံသော တိုင်းပြည်။

၃+၈=၁၁။ ၁၁ မီး။ မီး ၁၁မီးငြိမ်းသည်။

လူထုဆန္ဒနဲ့ဆန့်ကျင်ပြီး တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ လူတွေရှိနေသမျှ ကျုပ်ကတော့ ပြောင်းပြန်မြင်တယ် မီး ၁၁မီးနဲ့ပြည့်စုံပြီး ၃၈ဖြာမင်္ဂလာတရားနဲ့ ကင်းဝေးတဲ့တိုင်းပြည်လို့လေ။
၃၈ ဖြာ မင်္ဂလာတရားနဲ့ ကြောက်စရာအကောင်းဆုံး မီး ၁၁မီးအကြောင်းကို လေ့လာကြည့်ရှုရင်း ဒီကနေ့ မြန်မာနိုင်
ငံမှာ  လက်တွေ့ခံစားနေရတဲ့ဘ၀တွေကို သုံးသပ်ကြည့်ကြပါစို့လား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)




  • ၃၈ဖြာ မင်္ဂလာ
  • ကြောက်မက်ဘွယ်ရာ မီး ၁၁မျိုး
  • ရွေးကောက်ပွဲပြီးလျှင် “KIO အား အရှေ့တောင်အာရှ (အာဆီယံ) တွင် စံပြအဖြစ် တိုက်ခိုက်ချေမှုန်းပစ်မည်