• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, September 18, 2012

တရုတ်အရှေ့ပင်လယ်နွေရာသီငါးဖမ်းတားမြစ်ခြင်းကာလပြီးဆုံး


တရုတ်အရှေ့ပင်လယ်

နွေရာသီငါးဖမ်းတားမြစ်ခြင်းကာလ

ပြီးဆုံး
2012-09-17

၃-လခွဲကြာ တရုတ်အရှေ့ပင်လယ်နွေရာသီငါးဖမ်းတားမြစ်ခြင်းကာလသည် ယမန်နေ့၁၆-ရက်နေ့မွန်းလွဲပိုင်းတွင်ပြီး
ဆုံးပြီဖြစ်၍ တရုတ်ပြည်ကျက်ကျန်း၊ဖူကျန့်စသည့်ဒေသများမှ ငါးဖမ်းသင်္ဘောများသည် ငါးဖမ်းရန် ပင်လယ်ပြင်သို့
ထွက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်နိုင်ငံကျက်ကျန်းပြည်နယ် ပင်လယ်သမုဒ္ဒရာနှင့်ငါးဖမ်းလုပ်ငန်းဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်က၊ ငါးဖမ်းလုပ်ငန်းအခွင့်အရေးထိန်းသိမ်းရေးနှင့် ဥပဒေ ကျင့်သုံးမှုစီမံကြပ်မတ်ရေးတို့ကို အားသစ်လောင်းပေးရန်၊ တရုတ်ငါးဖမ်းသင်္ဘောများ၏ လုံခြုံရေးကို ထိန်းသိမ်းရန်၊ အရှေ့ပင်လယ်ငါးဖမ်းလုပ်ငန်းအရင်းအမြစ် တရားနည်း
လမ်း ကျစွာအသုံးပြုရန် ထိရောက်သောနည်းလမ်းများကိုရှာကြံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်
ဟု သတင်းရရှိပါသည်။

Copy from http://myanmar.cri.cn/666/2012/09/17/1s21833.htm