• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Friday, September 7, 2012
တိုင်းပြည်၏ အမြင့်ဆုံးအာဏာကို ကျင့်သုံးလိုက်သည့်လွှတ်တော်အား သုံးသပ်ခြင်း
တိုင်းပြည်၏ အမြင့်ဆုံးအာဏာကို 
ကျင့်သုံးလိုက်သည့်လွှတ်တော်အား 
သုံးသပ်ခြင်း
By အောင်ထူး
(ရှေ့နေ)
တိုင်းပြည်၏အမြင့်ဆုံးနေရာတွင်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတရားသူကြီးများအား ကန်ထုတ်လိုက်
ခြင်းဖြင့် မြန်မာနိုင်ငံ၏ လွှတ်တော်ဟူသော အဖွဲ့အစည်းသည် ဗြိတိသျှပါလီမန် တံခိုးထွားစဉ်ကပင် ကျင့်သုံးခြင်း မပြုခဲ့သည့် လူကို ခွေးဖြစ်အောင်လုပ်နိုင်လောက်သည်အထိ အမြင့်ဆုံးသောအာဏာကို ကျင့်သုံးပြလိုက်ပါပြီ။
ယင်းနှင့် စပ်လျှဉ်း ၍ စက်တင်္ဘာလ (၆)ရက်နေ့ည၌
  • ဘီဘီစီ အင်တာဗျူးတွင် စာရေးသူ၏ ဖြေကြားချက် ကို ဤ လင့်ခ် တွင် နားဆင်နိုင် ပါသည်။
  • ၂၀၀၈ ဖွဲ့စည်းပုံကိုမပြင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတရားသူကြီးအားလုံးကို ဖြုတ်ထုတ်လိုက်ပြီ ဖြစ်သ
    ဖြင့် နောက်အသစ်ခန့်ထားမည့် တရားသူကြီးများသည် လွှတ်တော်အား လုံးဝပင် ရိုကျိုးရပါတော့မည်။
    ဤဖြစ်ရပ်မှာ လက်ရှိအမြင့်ဆုံးအခြားတရားရုံးကြီးဖြစ်သည့် တရားလွှတ်တော်ချုပ်ကိုပါရိုက်ခတ်သွားပြီး ၄င်း၏ ဦး
    ခေါင်းကိုပါ ချိုးနှိမ်လိုက် သကဲ့သို့ ဖြစ်သွားပါပြီ။ လူထုအတွက် အားကိုးတိုင်တန်းရမည့် လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သည့် တရားစီရင်ရေးစနစ်ပေါ်ပေါက်လာရေးဆိုသည်မှာ ရေပေါ်တွင် အရုပ်ရေးသည့် အဆင့်ဖြစ်သွား
    ပါပြီ။
    လူထုကိုယ်စားလည်များနှင့် ဖွဲ့စည်းထားသည့် လွှတ်တော်၊ လူထုနှင့်နီးစပ်သည့် လွှတ်တော် က ယင်းသို့ အမြင့်
    ဆုံးအာဏာကို ကျင့်သုံးခြင်းမှာ မကောင်းဘူးလားဟူ၍ စောဒက တက်စရာရှိသည်။
    သို့ရာတွင် ကြိုတင်မဲများဖြင့် နေရာ ယူထားကြသော လူထုကိုယ်စားလည် အစစ်အမှန် မဟုတ်သူများမှာ အများစု
    ကြီးဖြစ်နေသည့်အပြင် စစ်ဗိုလ်တမတ်သားပါ ပါဝင်နေသော လွှတ်တော်ဖြစ်နေသည့် ပကတိ လက်တွေ့အခြေအနေ
    ကို မမေ့စေလို။
    လူထုကိုယ်စားလှယ် စစ်စစ်မှန်မှန်များနှင့်ပင် ဖွဲ့စည်းထားစေဦးတော့ တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့် လွတ်လပ်စွာ သီးခြားရပ်တည်ကာ Judicial Review ဟုခေါ်သော ပြန်လည်သုံးသပ်သည့် အခွင့်အာဏာကို သုံးစွဲလျှက် ဥပဒေ
    ပြုလွှတ်တော်နှင့် အစိုးရအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများရှုဒေါင့်မှ ကြပ်မတ်လည်ပတ်စေသည့် ဒီ
    မိုကရေစီနိုင်ငံများ၏ အစဉ်အလာကိုပါ ပြန်လည်စဉ်းစားဘို့လိုပါမည်။
    ယခု ဤ အခြေခံကို လက်ရှိလွှတ်တော်က ငြင်းပယ်လိုက်ပါပြီ။ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ ကိုယ်ပိုင်ပစ္စည်းစာရင်း
    ကောက်ယူရေး ဥပဒေကြမ်းတင်သွင်းရန်ကြိုးပမ်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်
    များကို အသိအမှတ်ပြုရပါမည်။
    သို့ရာတွင် ယင်းကြိုးပမ်းမှုကို လူများစု မဲဟူသည်အား အသုံးပြုကာ အသာကလေး ရိုက်ချလိုက်ခဲ့ပြီကို သုံးသပ်သင့်
    ပါသည်။ လူထုအတွက် စစ်စစ် မှန်မှန် အကျိုးရှိမည့်ဥပဒေများ ဤအတုအယောင်လွှတ်တော်ကြီးမှ ပေါ်ထွက်လာ
    ရန် မဖြစ်နိုင်ပါ။
    သို့ရာတွင် လူထုက စစ်မှန်စွာရွေးချယ်တင်မြှောက်ခြင်း ခံထားရသည် ဟု လက်ခံထားကြသော အမတ်အချို့မှာပင် လွှတ်တော် ကို အကောင်းမြင်လွန်းနေကြဆဲဖြစ်ကြောင်းတွေ့ရသည်။
    လူဟူသည်မှာ မိမိတာဝန်ယူဆောင်ရွက်နေ သောအလုပ်အပေါ် တန်ဘိုးထား လေ့ရှိကြသဖြင့် အကောင်းမြင်ခွင့်ရှိ
    ပါသည်။ သို့ရာတွင် မည်သည့်အတွက် ယင်းသို့ အကောင်းမြင်နေသည်ကို မူ လူထုကို ရှင်းပြသင့်သည်။
    စာရေးသူအနေဖြင့်မူ လွှတ်တော်၏ပကတိအနေအထားကို အောက်ပါအတိုင်းသုံးသပ်ပါသည်။
    (၁) ယင်းလွှတ်တော်သည် ၂၀၀၈ ဖွဲ့စည်းပုံ၏ မည်သည့် ကြောရိုး တခုတလေကိုမျှ ပြင်နိုင်ခြင်း မရှိသေးပါ။ အရေးမပါသည့် ပုဒ်မ အချို့လောက်ကိုပြင်ခွင့်ပေးပြီး ၂၀၁၅ ရွေးကောက်ပွဲအထိ အချိန်ဆွဲထားမည့် အလားအလာ
    ကိုသာ တွေ့နေသည်။
    (၂) စစ်အာဏာရှင်စနစ်ကို ပံ့ပိုးပေးသည့် ဖေါက်ပြန်ဖိနှိပ်သည့် တည်ဆဲ အုပ်ချုပ်ရေးယန္တယားများအားပြင်ဆင် ဖွဲ့
    စည်းရေးအတွက် မည်သည့်ဥပဒေတခုတလေကိုမျှ မပြဌာန်းနိုင်သေးပါ။
    (၃) ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ယခုအချိန် တည်ရှိနေဆဲဖြစ်ပြီး လူ့အခွင့်အရေး အခြေခံကို ရုပ်သိမ်းထားသည့် အဓိက ကျသော မတရားဥပဒေကြီးများအနက် တခုတလေကိုမျှ ရုပ်သိမ်းနိုင်ခြင်း မရှိသေးပါ။
    (၄) လူ့အခွင့်အရေးအခြေခံကို ဖေါ်ဆောင်ပေးမည့် မည်သည့်ဥပဒေသစ်တခုတလေကိုမျှ ပြဌာန်းနိုင်ခြင်းမရှိသေး
    ပါ။
    သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အာမခံမည့်ဥပဒေဆိုသည်မှာလဲ အသံသာကြားပြီးအဆံမရှိသည့် အမြှောက်ပ
    မာ ဖြစ်နေသည်။
    ပြီးခဲ့သောနှစ်များအတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံခဲ့ရသဖြင့် နစ်နာဆုံးရှုံးခဲ့ရသည့် တိုင်းရင်းသားပေါင်းစုံလူထုကြီး
    ၏ ဘ၀ကို ကုစားပေးရေး၊ လျော်ကြေးများရရှိရေး၊ ပြန်လည်ထူထောင်နိုင်ရေးတို့အတွက် မည်သည့်ဥပဒေ တစုံတ
    ရာမျှ ပြဌာန်းခြင်း မရှိသေးပါ။ ပြဌာန်းမည့် အလားအလာလည်း စိုးစဉ်းမျှ မတွေ့ရပါ။
    (၅) အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်၊ ဆန္ဒပြခွင့်များပေးထားသည် ဟူသော ဥပဒေမှာလည်း တဖက်မှလှည့်ပြီး ထိမ်းချုပ်ထားသည့် ဥပဒေသာ ဖြစ်နေသည်။
    ဖျက်သိမ်းလိုက်သည့် ၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂ ဥပဒေမှာ ယခု လွှတ်တော်က အသစ်ပြဌာန်းလိုက်သော ဥပဒေထက် အဆတရာ ကောင်းမွန်ပါသည်။
    လယ်သမားများအတွက်လည်း လယ်လုပ်သူ လယ်ပိုင်ခွင့်ရှိသည့် မည်သည့်ဥပဒေကိုမျှ ပြဌာန်းမပေးသဖြင့် တပြည်
    လုံးအနှံ့ မြေယာကိစ္စများပြဿနာတက်လျှက်ရှိသည်။
    ယခု လယ်သမားထု၏ မြေသိမ်းတိုက်ပွဲ တစုံတရာ စတင်နေပြီကို တွေ့မြင်နိုင်ပါသည်။
    (၆) လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲလွတ်လပ်မျှတစေရန်၊ ၂၀၁၀ ခုနှစ်က အတွေ့အကြုံမျိုးကိုရှောင်ရှားနိုင်စေ
    ရန် လွတ်လပ်သည့် ရွေးကောက်ပွဲကော်မရှင်တရပ် ပေါ်ထွန်းလာစေရေးအပါအ၀င် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတစုံလုံး ကို အသစ်ပြဌာန်းရန် လိုပါမည်။
    ယခုအချိန်အထိ ယင်းအတွက် မည်သည့် လှုပ်ရှားမှုတခုတလေကိုမျှ လွှတ်တော် အတွင်းတွင် မတွေ့ရပါ။ လူထုထံမှ အကြံဥာဏ်များ ရယူသံလည်း မကြားရပါ။
    (ရ) တိုင်းပြည်မှ နည်းလမ်းအမျိုးမျိုးဖြင့် လက်ခံ၊ရှာဖွေ၊ ရယူကာ တပ်မတော်က အသုံးပြုနေသည့် ဘဏ္ဍာငွေကြေး
    များ အားလုံးကို သိရှိနိုင်အောင်၊ ကြီးကြပ်စစ်ဆေးခွင့်ရအောင်၊ အလွဲသုံးမှုများ တွေ့ရှိပါက အရေးယူခွင့်ရအောင် ဥပဒေ တခုတလေကိုမျှပြဌာန်းခြင်း ပြဌာန်းရန် လေ့လာဆွေးနွေးနေကြခြင်းများ တစုံတရာမျှ မကြားရပါ။
    ယင်းနှင့် သက်ဆိုင်ရာဥပဒေပေါ်ထွက်မလာပါက မြန်မာနိုင်ငံသည် အိပ်ပေါက်နှင့် ဖားကောက် ဘ၀က တက်နိုင်
    မည်မဟုတ်။
    အခြေခံ လူထုများသည် ကြောမွဲနင်းပြား ဆင်းရဲသားများဘ၀မှ မည်သည့်အခါတွင်မျှ တက်လာနိုင်မည် မဟုတ်ပါ။
    လက်ရှိ လွှတ်တော်က ပြဌာန်းပြီးခဲ့သမျှသော ဥပဒေများမှာ စနစ်ဟောင်းနှင့် တည်ဆဲအုပ်ချုပ်ရေးယန္တယားဟောင်း
    များ လည်ပတ်အောင် ပံ့ပိုးပေးသည့် ဥပဒေများသာ ဖြစ်နေပါသည်။
    အမှန်ဆိုရလျှင် ယင်း ဥပဒေများအား ယခင် နအဖ၊ န၀တ ခေတ် က လူ (၅၀) ခန့်မျှနှင့် ပြဌာန်းနိုင်ခဲ့သော ဥပဒေ
    များဖြစ်သည်။
     ယခု လူတထောင် ခန့်အင်အားသုံးပြီး ပြဌာန်းနေရသည့် အနေအထားမျိုးသာရှိနေသည်။
    ယင်းသို့ဖြစ်လျှင် လွှတ်တော်ဆိုသော အရာသည် လူထုအကျိုး စီးပွားအတွက် ရပ်တည်ဖေါ်ဆောင်နေသည် ဟု မည်သို့ ပြောနိုင်ပါအံ့နည်း။ နေ့စဉ်ကျပ်သိန်းထောင်နှင့်ချီကုန်ကာ လွှတ်တော် အစည်းအဝေးများ ကျင်းပသည့် စားရိပ်၊ လွှတ်တော်အမတ်များအတွက် လစဉ် ထောက်ပံ့ကြေးပေးရ သည့် စားရိပ်များနှင့် လွှတ်တော်ကော်မတီ
    များ လှုပ်ရှားလည်ပတ်သည့် စားရိပ်များအားလုံးကိုပေါင်းလျှင် တိုင်းပြည်အပေါ် မတန်တဆကြီးမားသည့်ဝန်ကြီး
    ပိလျှက်ရှိသည်။
    လူထုအတွက်အသုံးပြုရမည့် ကျမ္မာရေး၊ ပညာရေး၊ လူမှုရေး ဘတ်ဂျက်များမှ ကျခံသုံးစွဲနေရခြင်းသာ အဖတ်တင်
    သည်။
    ထပ်မံဆိုးဝါးသွားစေသည့်အချက်မှာ အချိုးကျ ကိုယ်စားပြုမဲပေးစနစ်ကို အသုံးပြုသည့် ဥပဒေတရပ်ပေါ်ထွက်လာ
    စေရန် လှုပ်ရှားမှုကိုတွေ့နေရခြင်း ဖြစ်သည်။
    စစ်မှန်သည့်ဒီမိုကရေစီအခြေခံနှင့် လွတ်လပ်သည့် တရားစီရင်ရေးစနစ်ကို မတည်ဆောက်နိုင်သေးဘဲ အချိုးကျ ကိုယ်စားပြုမဲပေးစနစ်ကိုကျင့်သုံးကာ ရွေးကောက်ပွဲကျင်းပလျှင် နိုင်ငံရေးပါတီတိုင်းက ရွေးကောက်ပွဲဝင်သူများ
    သည် အနိမ့်ဆုံးသတ်မှတ်သည့် ဆန္ဒမဲအရေအတွက်ရရုံဖြင့် လွှတ်တော်အမတ် ဖြစ်သွားပေတော့မည်။ ပါတီငယ်မှန်သမျှသည်လည်း လွှတ်တော်အတွင်း နေရများရကြပေတော့မည်။
    ယင်း ရွေးကောက်ပွဲ စနစ်အောက်တွင် မည်မျှအားကောင်းသည့် ပါတီဖြစ်စေ လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၅၀% အထက်ကျော်ရန်ပင် မလွယ်တော့။ လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၇၅% ကျော်ရမှသာ ၂၀၀၈ အခြေခံ ဥပဒေ၏ ကြောရိုးများအား ပြင်ဆင်နိုင်မည့် ပြဌာန်းချက်ရှိသဖြင့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်၂၀၀၈ ဖွဲ့စည်းပုံ
    အခြေခံဥပဒေ၏ကြောရိုးများအား ပြင်နိုင်ရေးဟူသောမျှော်မှန်းချက်မှာ မိုးကောင်းကင်ပေါ်မှ သက်တန့်ကိုဆုပ်ကိုင်
    ရန် ကြိုးပမ်းနေသူနှင့်သာ ပမာတူပါမည်။
    သို့ဖြစ်၍ ယခုအချိန်၌ လွှတ်တော်အားကောင်းလာခြင်းသည် တိုင်းပြည်အခြေအနေဆိုးလာစေမည့် သဘော
    ဆောင် လျှက်ရှိသည်။
    လွှတ်တော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ၄င်းတို့ လိုခြင်သော အပိုင်းကိုသာ လိုက်နာသည်။ မလိုခြင်သောအပိုင်းကို ပစ်ပယ်ထားလိုက်သည်။
    ဤသည်မှာ ဥပဒေစိုးမိုးရေး အခြေခံကို လုံးဝဆန့်ကျင်လိုက်ခြင်းပင် ဖြစ်သည်။
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၂၄ ပါ "ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်
    ဖြစ်သည်။" ဟူသော ပြဌာန်းချက်ကို လွှတ်တော်သည် လုံးဝပင် မျက်ကွယ်ပြုလိုက်ပြီ။
    နည်းနည်း ကလေးမျှ ဂရုမထားတော့။ ၄င်းတို့ပြဌာန်းအတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံကိုမျှ မလိုက်နာလျှင် ဥပဒေစိုးမိုးရေး ဟူသော စကားလုံးကို အဘယ်ကြောင့် သုံးစွဲနေပါသနည်း။
    လွှတ်တော်သည် လွတ်လပ်၊ ဘက်မလိုက် ထက်မြက်သည့်တရားစီရင်ရေးစနစ်အခြေခံတွင် ဥပဒေစိုးမိုးရေးတည်
    ဆာက်ရမည့်အစဉ်အလာကို ဆန့်ကျင်လိုက်ပြီ။ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတွင် အသစ်ခန့်မည့် တရားသူကြီးများသည် လွှတ်တော်၏ နိုင်ငံရေးအာဏာကို မလွန်ဆန်ရဲ တော့။ ပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်ထောင်စု အစိုး
    ရနှင့် ပြည်နယ်အစိုးရများအကြား၊ ပြည်နယ်အစိုးရ အချင်းချင်းအကြား၊ တိုင်းပြည်အာဏာပိုင်အဆောက်အအုံများ အချင်းချင်းအကြား ပေါ်ပေါက်သည့် ဖွဲ့စည်းပုံဆိုင်ရာပြသနာ များအားလုံးကို လွတ်လပ်၊ ဘက်မလိုက် ထက်မြက်
    သည့် ဖွဲ့စည်းပုံဆိုင်ရာတရားရုံး၏ အဆုံးအဖြတ် ကို အပြီးသတ် ခံယူနိုင်ကြမှသာ ပြည်ထောင်စုကြီးတည်ငြိမ်မည်။
    ယခုယင်း အခြေခံအား ၂၀၀၈ ဖွဲ့စည်းပုံ ကိုသုံး၍ပင် ငြင်းပယ်လိုက်ပြီ။ သို့ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် လွတ်လပ်၊ ဘက်မလိုက် ထက်မြက်သည့် တရားစီရင်ရေးစနစ် ပေါ်ပေါက်ရေးသည် ရွှေပြည်တော် မျှော်တိုင်းဝေး
    ဖြစ်ခဲ့ပြီ။
    ၂၀၀၈ ဖွဲ့စည်းပုံတည်ရှိနေသမျှကာလပတ်လုံး ဥပဒေစိုးမိုးရေးအခြေခံတွင် ပြည်တွင်းစစ်ငြိမ်းသတ်ရေး၊ ပြည်တွင်း
    စစ်မဖြစ်အောင် တားဆီးရေး၊ ပြည်ထောင်စု တည်ငြိမ်ရေးကို မျှော်မှန်း၍ မရနိုင်တော့။
    အတု အယောင်လွှတ်တော်သည် အားလုံး၏ အထက်တွင် အတိအလင်းနေရာယူလိုက်ပြီ။
    ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတရားသူကြီးများကို ဖြုတ်ချသည့် ဖြစ်စဉ်မှာလည်း မြန်လွန်းအားကြီးနေသည်။
    ခုံရုံးတရားသူကြီး အဖွဲ့များကိုယ်တိုင် လာရောက်အစစ်မခံခဲ့ကြ။
    ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးပေးရန် ခုံရုံးကလွှတ်တော်သို့ စက်တင်္ဘာ (၅)ရက်နေ့တွင် ဥပဒေနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းအကိုးအကားများ အမြောက်အများပေးပို့ခဲ့သည်။
    ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့က တဘက်သတ်ကြားနာစစ်ဆေးသည် ဟူသည်မှာ တရက်မျှသာ ကြာ
    ခဲ့သည်။
    ဤမျှများပြားသော ဥပဒေအကိုးအကားများကို ဖတ်ရှုလေ့လာခြင်း၊ ဤမျှအရေးကြီးလှသည့်ကိစ္စကို စစ်ဆေးခြင်းတို့
    တရက်အတွင်းပြီးသွားသည်မှာ အတော်ပင်အံ့သြစရာကောင်းလှသည်။
    ကြက်တကောင်သတ်သည်ကမှ ခက်ပါဦးမည်။
    တိုင်းပြည်၏ အမြင့်ဆုံး ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတရားသူကြီး (၉) ဦးကို အရေးယူသည့် အမှုအား ဆုံးဖြတ်ခြင်းမှာ လွယ်လိုက်သည့် ဖြစ်ခြင်း။ တရက်အတွင်း ပြီးသွားခဲ့သည်။
    စက်တင်္ဘာ (၆)ရက်နေ့တွင် အဖြေထွက်လာပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်ကို သမ္မတရုံးကိုပေးပို့သွား
    မည်ဟု လွှတ်တော်ကိုယ်စားလည်များက ပြောကြသည်။
    ထိုသို့ပြောကြသည့်ညနေမှာပင် သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေး အား ဘီဘီစီမှမေးမြန်းရာ ဖွဲ့စည်းပုံအရ ပို့
    လာရင် သမ္မတ က နုတ်ထွက်ခိုင်းရမယ် ဟု ၄င်းက လွယ်လင့်တကူပင် ပြောဆိုခဲ့သည်။
    သမ္မတရုံးညွှန်ကြားရေးမှုးက သမ္မတကိုယ်စားအဘယ်ကြောင့် ဤသို့ချက်ခြင်းပြောနိုင်သနည်း။
    မူလကထဲက စီစဉ်ခင်းကျင်းအကွက်ချထားခြင်းမရှိပါက ဤသို့တမုဟုတ်ခြင်းပြောနိုင်ပါ့မလား။
    လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် သမ္မတ ဦးသိန်းစိန်တို့အကြား ပဋိပက္ခဖြစ်နေသယောင်အသွင်ဆောင်ပြီး(သမ္မ
    တအကြံပေး ဦးကိုကိုလှိုင်၏စကားလုံးအရ ဆိုလျှင်) ဇာတ်ထုတ်တထုတ်တည်း၌ သူ့နေရာနှင့်သူ တာဝန်ခွဲကပြ
    နေကြသလား။
    ဦးဇော်ဌေးပြောဆိုပြီး မရှေးမနှောင်းမှာပင် ခုံရုံးတရားသူကြီးများနုတ်ထွက်သွားကြပြီဖြစ်ကြောင်း သတင်းထွက်
    ပေါ်လာခဲ့သည်။ အံ့သြစရာ ကောင်းလိုက်သည့် ဖြစ်ခြင်း။
    အယ်န်ဂျီအိုဟု ခေါ်သည့် လွတ်လပ်သော လူထုအသင်းအဖွဲ့တခုမှာ အလုပ်လုပ်နေသည့် ၀န်ထမ်းတဦးကိုပင် အလုပ်မှထုတ်ပစ်ရေးမှာ အလွယ်တကူလုပ်၍မရပါ။ အစိုးရ၀န်ထမ်းတဦးကို ဖြုတ်ရေးမှာမူ ပို၍ပင်ခက်ပါသည်။
    တိုင်းပြည်၏ အမြင့်ဆုံး ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတရားသူကြီး (၉)ဦးကို အရေးယူသည့်ကိစ္စမှာ အခက်တကာ့အခက်
    ဆုံး ဖြစ်ရပါမည်။ နိုင်ငံအတော်များများ၌ တရားသူကြီးများ၏ ရာထူးနေရာတည်မြဲမှုကို ဖွဲ့စည်းပုံအရပင် အာမခံ
    ချက်ပေးရပါသည်။
    ၂၀၀၈ ဖွဲ့စည်းပုံအောက် တွင် ခုံရုံးတရားသူကြီး (၉)ဦးကို အရေးယူလိုက်သည့်ကိစ္စမှာ တုန်လှုပ်ဘွယ်ကောင်း
    လောက်အောင်ပင် လွယ်ကူလွန်းလှသည်။
    ဒီမိုကရေစီနိုင်ငံကြီးများတွင် ဆိုက ယင်းကိစ္စမှာ တပြည်လုံး ဟိုးလေးတကျော်ဖြစ်၊ ပွက်ပွက်ညံသွားပါမည်။
    မြန်မာနိုင်ငံ၌မူ ကရော်ကမယ် နိုင်လွန်းလှသည်။ ခုံရုံးတရားသူကြီးများ၏ ဂုဏ်သိက္ခာမှာ ရစရာမရှိလောက်အောင်
    ပင် ကျဆင်းသွားခဲ့သည်။
    ဤအချက်က ၂၀၀၈ ဖွဲ့စည်းပုံအောက်၌ တရားစီရင်ရေးမဏ္ဍိုင်၏မခိုင်မြဲမှုကို အတိအလင်း သက်သေပြလိုက်ခြင်း
    ပင်။
    ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေအား ဒုသမတ နေရာ ရာထားပြီးမှ ၄င်း၏သား သြစတြေးလျ နိုင်ငံသား
    ခံယူထားသည် ဟူ၍ သတင်းထွက်ပေါ်လာပြီးနောက် ၄င်းရာထားချက်ကို ပယ်ချခဲ့သည်။
    ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတ၏ အရည်အချင်းများတွင် ဇနီး၊ ခင်ပွန်း၊ သားသမီး တဦးဦးသည် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟူသော ပြဌာန်းချက်ပါရှိသည်။
    ဦးမြင့်ဆွေ ပယ်ချခံလိုက်ရသောဖြစ်ရပ်ကိုထောက်ပြပြီး ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွှသူပုဂ္ဂိုလ်တဦးက တကောင်
    ကျွေးပြီး ဘုရင်မကို စားလိုက်ပြီ ဟု သုံးသပ်ခဲ့ဘူးသည်။
    ဆိုလိုသည်မှာ ၂၀၀၈ဖွဲ့စည်းပုံတည်ရှိနေသမျှ ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်အခါတွင်မျှ သမ္မတမဖြစ်
    နိုင်တော့။
    ယခုဖြစ်ရပ်တွင်မူ ဖွဲ့စည်းပုံခုံရုံးတရားသူကြီး (၉)ဦးကိုစတေးပြီး တပြည်လုံးကိုပင် စားလိုက်ပြီ ဟု ပြောရပါတော့
    မည်။
    တပြည်လုံးလူထုက အားကိုးလျှောက်လှမ်းရ မည့် ဥပဒေစိုးမိုးရေး မဏ္ဍိုင်ကြီး တည်ဆောက်ရေးမှာ အိပ်မက်မျှသာ
    ဖြစ်သွားသောကြောင့်ပင်။
    အားစုများ၊ တိုင်းရင်းသား အဖွဲ့အစည်းကြီးများ၊ လူထုများ၏အခန်းကဏ္ဍ လုံးဝပျောက်နေခြင်းဖြစ်သည်။
    သမ္မတ ကလည်း တစုံတရာအကျယ်တ၀င့်လူထုကို ရှင်းပြခြင်းမရှိ။
    လွှတ်တော်အမတ်များကလည်း လူထုထံမှ သဘောထားများ တောင်းခံရယူခြင်းမပြု။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာဆွေးနွေးပွဲများ၊ သဘောထား အမြင် ထုတ်ဖေါ်ပွဲများ အင်တိုက်အားတိုက်
    ကျင်းပသည့် အသံများမကြားရ၊ ယင်းသို့ကျင်းပနိုင်စေရန် လူထုပါဝင်ခွင့်ရရန် တိုင်းပြည်က စီစဉ်ဆောင်ရွက်နေ
    သည်များ မတွေ့မြင်ရ။
     ဤသည်မှာ ဒီမိုကရေစီကို လျှောက်လှမ်းနေခြင်း ဟုတ်ပါ ရဲ့လား။
    နေပြည်တော်တွင် ဖွဲ့စည်းပုံခုံရုံးတရားသူကြီးများအား ဖြုတ် ထုတ်ရုံသာမက တရားစီရင်ရေးမဏ္ဍိုင်ကြီး တခုလုံးကို ချနင်းနေသည့်အချိန်၌ ရန်ကုန်တွင် ဟိုပွဲသည်ပွဲများနှင့် စည်ကားနေအောင် ၀န်ကြီးများက အားပေးဆင်နွှဲလျှက် ရှိ
    သည်။
    သီပေါဘုရင်ခေတ် မန္တလေးနန်းတွင်း လူသတ် ပွဲကြီးကျင်းပနေစဉ် နန်းပြင်၌ ပျော်ပွဲ ရွှင်ပွဲများ ဆင်နွှဲထားစေခဲ့သည့်
    ဖြစ်ရပ်ကို သတိရမိပါသည်။
  • အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။
  • အောင်ထူး
    (ရှေ့နေ)
    ၂၀၁၂ ခုနှစ် စက်တင်္ဘာလ (၇) ရက်
     အမှားပြင်ဆင်ချက်
    မိတ်ဆွေများ ခင်ဗျား
    "တိုင်းပြည်၏ အမြင့်ဆုံး အာဏာကို ကျင့်သုံးလိုက်သည့် လွှတ်တော်အားသုံးသပ်ခြင်း"ဆောင်းပါး မနေ့က ဖြန့်ဝေ
    ရာမှာ အင်္ဂလိပ်လို ရေးသားတဲ့ ဆောင်းပါး လင့်ခ်ဖေါ်ပြချက် လွဲသွားပါတယ်။
  • ဒီနေရာကို ကလစ်လိုက်ပါ
  • ရွှင်လန်းကြပါစေ။
    အောင်ထူး (ရှေ့နေ)
    ၂၀၁၂ ခုနှစ် စက်တင်္ဘာလ (၈) ရက်