ဒုတိယ ဒါရိုက်တာ Richard Genaille
Source photos from http://www.google.com/images
နိုင်ငံခြားသို့ လူမဲ့လေယာဉ် ရောင်းချရန်
ပင်တာဂွန် သဘောတူ
Friday 7th September 2012
အမေရိကန် ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန မှာ အမေရိကန်နိုင်ငံလုပ် လူမဲ့တိုက်လေယာဉ်များကိုနိုင်ငံ
ပေါင်း ၆၆ ခုသို့ ရောင်းချရန်အတွက် ထောက်ခံလိုက်ပြီ ဖြစ်သည်။
သို့ရာတွင် ကွန်ဂရက် လွှတ်တော်နှင့် အစိုးရဌာန တို့မှာ တင်ပို့ရောင်းချမှု ကိစ္စများ မလုပ်ဆောင်မီ အတွင်းနိုင်ငံခြား
ဈေးကွက်များကို ရှာဖွေရမည်ဖြစ်သည်။
ပင်တာဂွန် လုံခြုံရေး ပေါင်းဆောင်ရွက်မှု အေဂျင်စီ၏ ဒုတိယ ဒါရိုက်တာ ဖြစ်သူ Richard Genaille မှပြောရာ၌ ယခု
လိုလေယာဉ်များရောင်းချမည့် နိုင်ငံစာရင်းကိုမူ ပြောကြားရန်ငြင်းဆန် ခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် ကာကွယ်ရေးလုပ်ငန်း ကွန်ဖရင့်တွင်Genaille မှပြောရာ၌ မူအမေရိကန် ပြည်ထောင်
စုအနေဖြင့် လူမဲ့လေယာဉ်များကို နိုင်ငံရပ်ခြားသို့ ရောင်းချရန်အတွက် နားလည်မှုရှိထားသည့် မူဝါဒမရှိကြောင်းနှင့် လူမပါသည့် စစ်လေယာဉ်များမှာ အမေရိကန်နိုင်ငံအတွင်းရှိ သမ္မတအိုဘားမား အုပ်ချုပ်ရေးအတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးမူဝါဒအတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြောင်းလည်း ပြောကြားသွားခဲ့သည်။
source : NBC News
Copy from http://www.mrtv4.net.mm/news/international/politics/detail/item%3A9615
မောင်းသူမဲ့ လေယာဉ်
Source photos from http://www.google.com/images





