လိမ္မော်သီး များများစားရင်
အသည်းရောဂါနဲ့ သွေးလွှတ်ကြောမာကျစ်ခြင်းကို
ကြိုတင်ကာကွယ်နိုင်
2012-10-11
ဂျပန် သုတေသနဌာန တစ်ခုမှ ထုတ်ပြန်တဲ့စစ်တမ်းကောက်ယူမှုရလဒ် တစ်ရပ်အရ၊ လိမ္မော်သီး များများစားရင် အသည်းရောဂါနဲ့ သွေးလွှတ်ကြောမာကျစ်ခြင်းကို ကြိုတင်ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
လိမ္မော်သီးထဲမှာ မုန်လာဥနီဓါတ်မျိုး ပေါကြွယ်လှတယ်။
လူရဲ့သွေးထဲမှာ မုန်လာဥနီဓါတ်မျိုး များလေလေ၊ သွေးလွှတ်ကြော မာကျစ်ခြင်း ဖြစ်နိုင်ဖွယ်ရာ အန္တရာယ် နည်းလေလေ ဖြစ်တယ်။
သွေးထဲမှာ မုန်လာဥနီဓါတ်မျိုးများတဲ့လူ ဆိုရင် မုန်လာဥနီဓါတ်မျိုး နည်းတဲ့လူထက် သွေးလွှတ်ကြော မာကျစ်ခြင်း
ဖြစ်နိုင်နှုန်း နှစ်ဆမှ သုံးဆအထိ လျော့နည်းပါတယ်လို့ ဆေးပညာရှင်က ဖေါ်ပြပါတယ်။
Copy from
http://myanmar.cri.cn/666/2012/10/11/1s22151.htm