Lieutenant-General Salvatore Angelella, commander of US forces in Japan, apologised for the woman's 'grief and trauma'. Photograph: Itsuo Inouye/AP
Source Photo from
http://www.guardian.co.uk/world/2012/oct/19/us-forces-japan-curfew-rape
ဂျပန်ရှိ အမေရိကန်တပ်တွေအပေါ်
အမေရိကန်တပ်မှူး ညမထွက်ရ အမိန့်ထုတ်
19.10.2012
by ဗွီအိုအေ (မြန်မာပိုင်း)
ဂျပန်နိုင်ငံ အိုကီနာဝါမြို့က အမျိုးသမီးတဦးကို အမေရိကန်ရေတပ် တပ်သားတွေကနေ အဓမ္မပြုကျင့်ခဲ့တယ် ဆိုတဲ့ စွတ်စွဲချက် ထွက်ပေါ်လာပြီးတဲ့နောက် ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန်စစ်မှုထမ်းတွေ အားလုံး ညမထွက်ရ ဆိုတဲ့ အမိန့်ကို ဂျပန်နိုင်ငံမှာရှိတဲ့ အမေရိကန် တပ်ဖွဲ့များရဲ့အကြီးအကဲက အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ တာဝန် ထမ်းဆောင်နေသူတွေရော ခေတ္တခဏ ရောက်ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ အားလုံး
ဟာ ည ၁၁နာရီကနေ မနက် ၅နာရီအတွင်း အပြင်မထွက်ရ ဆိုတဲ့အမိန့်ကို သောကြာနေ့မှာ ဒုတိယ ဗိုလ်ချုပ်ကြီး Salvatore Angelella ကပြောပါတယ်။
ညမထွက်ရ အမိန့်ဟာ ဂျပန်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေကြတဲ့ တခြားအမေရိကန်နိုင်ငံသားတွေ သာမန်ပြည်သူ
တွေနဲ့ မသက်ဆိုင်ဘူးလို့ ဒုတိယ ဗိုလ်ချုပ်ကြီး Angelellaကပြော ပါတယ်။ အိုကီနာဝါကျွန်း တောင်ပိုင်း မှာ အမေရိ
ကန်ရေတပ် တပ်ဖွဲ့ဝင် ၂ ယောက်ကို ရဲတပ်ဖွဲ့က ကြာသာပတေးနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
သူတို့ဟာ အင်္ဂါနေ့စောစောပိုင်းတုံးက ဒေသခံ အမျိုးသမီးတဦးကို လူနေတိုက်ခန်းခြံဝန်း တခုအတွင်းမှာ အဓမ္မ ပြု
ကျင့်ခဲ့တယ်လို့ စွတ်စွဲခံထားရပါတယ်။
http://burmese.voanews.com/content/american-military-personnel-will-be-subejct-to-a-curfew/1529574.html





