ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော
အလှူဒါန ခုနှစ်မျိုး
By တောသားလေး
အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။ “အသင်သည် အလှူဒါနမပြုတတ်၍ ဖြစ်သည်” ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။
ငွေကြေးတစ်ပြား တစ်ချပ်မျှမရှိသော ဆင်းရဲသားအကျွန်ုပ်အဖို့ မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။ အသင်ဤသည်ကို မှတ်သားလော့။
တစ်ဦးတစ်ယောက်သောသူသည်
ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော အလှူဒါန ခုနှစ်မျိုးရှိသည်။
ထိုခုနှစ်မျိုးမှာ ...
၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း။
အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း။
၂။ နှုတ်ဖြင့် အလှူဒါနပြုခြင်း။
အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။
၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း။
စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊
၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း။
ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း။
၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း။
ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း။
၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း။
လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့်ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေ
ရာကို ထိုင်စေခြင်း။
၇။ နေအိမ်အလှူဒါနပြုခြင်း။
မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။
မည်သူမဆို ဤအလှူဒါနခုနှစ်မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့်အကျင့်ကောင်းရှိလျှင် အောင်မြင်
ခြင်းသည် ထက်ကြပ်မကွာလိုက်ပါလာမည်သာ ဖြစ်ပါသည်။
မေတ္တာဖြင့်
အရှင်ဝိမလဝံသ
မိုးကုတ်ဝိပဿနာအေးရိပ်သာကျောင်း
By News of Myanmar
မှတ်ချက်။ ။Facebook ပေါ်မှာတွေ့လို့ သူငယ်ချင်းတို့ကို ပြန်လည်မျှဝေပေးလိုက်တာပါ။ Copy from http://satekuupuyar.blogspot.com/2012/10/blog-post_1214.html