မကြေနပ်တော့ ဘာလုပ်ချင်လဲ
By မင်းစိုးစံ
October 4 2012 Thursday
ကြေနပ်တယ်ဆိုတာ ကိုယ့်လိုအင်ဆန္ဒ တလုံးတ၀တည်းပြည့်စုံလျင် တစိပ်တပိုင်းပြည့်စုံလျင် ကြေနပ်တယ်ပေါ့ မကြေနပ်တာကတော့ ကိုယ့်လိုချင်တဲ့ အနေအထားမျိုး ကိုယ်ဖြစ်ချင်တဲ့အရာ မပြည့်မစုံလျင်ပဲဖြစ်ဖြစ် ဖြစ်ပေါ်လာ
တဲ့အခြေအနေနဲ့အနေအထားက ကိုယ်ထင်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်လာတဲ့အခါ လက်ခံနိုင်စရာမရှိတဲ့ အခါမျိုး
မှာ ခံစားရတဲ့ခံစားရမှုမျိုးပါ။
အဲဒီလို မကြေနပ်စရာအနေအထားမျိုးကို ကြုံလာတဲ့အခါမှာ ကျုပ်တို့ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး ကျော်လွှားကြမလဲ။
တခုလောက် နှိုင်းယှဉ်ကြည့်ကြစို့။
ဒီလူတော့ ခွေးနဲ့နှိုင်းဘို့ပြင်နေပြီလို့တော့ မထင်လိုက်ကြပါနဲ့။
နံပါတ်(၁)က သတင်းနှစ်ပုဒ်ကို နှိုင်းယှဉ်ကြည့်ကြပြီး နံပါတ်(၂)ကတော့ ဓါတ်ပုံလေးတွေကြည့်ပြီး နှိုင်းယှဉ်ကြည့်ကြ
ရအောင်။
သတင်းဆိုလိုက်လို့ စစ်ရေး နိုင်ငံရေး လို့ မယူဆလိုက်ကြပါနဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဆိုင်တဲ့သတင်း
ပါ။
သတင်းနှိုင်းယှဉ်ချက်
မိဇံတောင်သတင်းနဲ့ လက်ပံတောင်းတောင် သတင်းဆိုပါစို့။
မိဇံတောင်ကို ဖြိုချနေတဲ့ လုပ်ငန်းတ ခုနဲ့ပတ်သက်လို့ (၂၉. ၈.၂၀၁၂)မှာ ဘားအံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်နန်းစေးအွာ အဆိုတင်သွင်းခဲ့ပေမယ့် အခုထက်ထိ ဘာဆိုဘာမျှ အဖြေအတိအကျ မရသေးဘူး
ဆိုတာကို အပတ်စဉ်ထုတ် ပြည်တွင်းသတင်းဂျာနယ် တစောင်ဖြစ်တဲ့ hot news weekly စာစောင်မှာ ရေးသားဖေါ်
ပြထားတာကို ဖတ်ရပါတယ်။
သတင်းဖေါ်ပြထားတာက September 25, 2012 ရက်စွဲနဲ့ ဖြစ်ပါတယ်။
ဘယ်သတင်းဌာနကမျှ ကရင်ပြည်နယ်က မိဇံတောင်အကြောင်း ရေးသားဖေါ်ပြတာမတွေ့ရပါဘူး။
ယုတ်စွအဆုံး ကျုပ်တို့ရဲ့ကရင်သတင်း ဌာနမှာတောင် အဲဒီသတင်းကိုမတွေ့မိပါဘူး။
(ကျုပ်မမြင်မိတာလည်း ဖြစ်နိုင်ပါတယ်)။
လက်ပံတောင်းတောင် သတင်းကတော့ ဒေါက်တာလွဏ်းဆွေ တနေရာတည်းတင်အကြောင်း အရာအမျိုးမျိုး
နဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီးရေးထားလိုက်ကြတာ စုံနေပါရော။
အဲဒီတော့ တောင်ဖြိုချ ခံရတာချင်း အတူတူ၊ ဘာကြောင့် လက်ပံတောင်းတောင်က သတင်းတွေအဆက်မပြတ် ထွက်နေပြီး မိဇံတောင်က ဘာသံမျှမကြားပဲ တိတ်နေရတာလဲ။
စဉ်းစားကြည့်လိုက်တော့ အဲဒါလေးတခုနဲ့ကိုပဲ ကျုပ်ခေါင်းထဲမှာ အကြောင်းအရာတွေက အမျိုးမျိုးထွက်လာတယ်။ အဖြေရှာတဲ့အဆင့်ကို မရောက်နိုင်တော့ပဲ ကျုပ် ခဏနားလိုက်ရတယ်။
အကြောင်းအရာတခုကို အဖြေရှာတဲ့အခါ အဖြေတွေက အများကြီးမဟုတ်လား။
တခါ ဘာကိုမကြေနပ်တာလဲ ဘာကြောင့်မကြေနပ်တာလဲ ဘယ်သူ့ကိုမကြေနပ်တာလဲ ဆိုတာ စဉ်းစားကြည့်လိုက်
တော့ ဟိုလူ၊ဒီလူ၊ ဟိုအဖွဲ့၊ ဒီအဖွဲ့၊ ဟိုအုပ်စု၊ ဒီအုပ်စု၊ ဟိုဌာန၊ ဒီဌာန အဲဒါတွေက အဲဒီလိုလုပ်သွားလို့ အခုအချိန်
မှာ အဲဒီလိုလုပ်တဲ့ အကျိုးကျေးဇူးကြောင့် အဲဒီလိုတွေကြောင့် အခုလိုဟာတွေဖြစ်တာ ဆိုတာကနေ နောက်ဆုံးမှာ
တော့ ကိုယ်ကိုယ်တိုင် က အဓိကတရားခံဖြစ်နေ ပါလားဆိုတာ အဖြေရလိုက်တယ်။
ဓါတ်ပုံနှိုင်းယှဉ်ချက်
ဓါတ်ပုံတွေကြည့်ပြီး မနှိုင်းယှဉ်ကြခင် ဓါတ်ပုံရိုက်ဖြစ်သွားပုံလေး ရေးပြချင်ပါတယ်။
ကျုပ်က ကိုယ်လက်အင်္ဂါ မသန်စွမ်းတဲ့လူတယောက်ပါ၊ ဆရာဝန်က ဘီးတပ်ကုလားထိုင်ကိုအသုံးပြုဘို့ အကြံပေးခဲ့
ပေမယ့် လက်မခံပဲ ချိုင်းထောက်ကိုအသုံးပြုပါတယ်၊ ဆေးထိုး ဆေးသောက် လုပ်လာတာနှစ်ပေါင်းကြာလာတာနဲ့
အမျှ ငြီးငွေ့လာပါတယ်။
လွန်ခဲ့တဲ့လမှာတော့ ဆရာဝန်ကို ဆေးသောက်ချင်စိတ်မရှိတော့တဲ့အတွက် အခြားနည်းလမ်းပေးဘို့ အကြံတောင်း
တော့ ဆေးကိုမဖြတ်ပါနဲ့ အခုလက်ရှိရောဂါအခြေအနေအရ လမ်းများများလျှောက်ဘို့ လိုအပ်တယ်လို့ အကြံပေးတဲ့
အတွက် တောင်ဝှေးနဲ့ အစမ်းလမ်းလျှောက်ရင်း ဓါတ်ပုံတွေ ရိုက်ဖြစ်တာဖြစ်ပါတယ်။
ပထမဦးဆုံး ပြင်ထားတဲ့ပုံနဲ့ မူရင်းပုံကို ယှဉ်ကြည့်ကြပါစို့။
မူရင်းပုံ။
ပြင်ထားတဲ့ပုံ။
ကဲ အချို့ကြိုက်မယ် အချို့မကြိုက်ဘူး။ ဒီဓါတ်ပုံကို ငါ ဒီလောက်ကောင်းအောင်လုပ်ထားတာကို မကောင်းဘူးလို့မြင်
တာ မကြေနပ်ဘူးကွာ။ ကဲ ကျုပ်ဘာလုပ်သင့်သလဲ။ ကျုပ်ဘာလုပ်ဘို့လိုသလဲ။
ကျုပ် ရိုက်ထားတဲ့ဓါတ်ပုံပါ အကြောင်းအရာတွေက လူအများစုအတွက် တကယ်လိုအပ်သလား၊ အသုံးဝင်သလား၊ အသုံးမ၀င်တဲ့ဓါတ်ပုံကို ကျုပ်ကဘာကြောင့် အချိန်တွေအကုန်ခံပြီး ပြင်နေတာလဲ။ ကျုပ်ရည်ရွယ်ချက်က ဘာလဲ။ ကြည့်တဲ့သူက မကြိုက်တာကို မကြိုက်ဘူးလို့ ပြောတာလေးနဲ့ ဘာကြောင့် ကျုပ်မကြေမနပ် ဖြစ်ရတာလဲ။ ဟုတ်ကဲ့ အောက်ကပုံတွေကို ကြည့်ကြပါစို့။
သစ်ပင်နှစ်ပင် တပင်က အစိမ်းရောင်အရွက်တွေနဲ့ တပင်ကအ၀ါရောင်အရွက်တွေနဲ့။
သစ်ပင်နှစ်ပင်ပါပဲ။ နှစ်ပင်စလုံး အ၀ါရောင်အရွက်တွေနဲ့။
သစ်ပင်နှစ်ပင်ပါပဲ။ အရွက်တွေမရှိကြတော့ပါဘူး ကြွေကုန်ပါပြီ။
ဟော အခုအခါမှာတော့ ဒီလိုအခြေအနေမျိုး ရောက်သွားပါပြီ။
ဆိုလိုချင်တာကို သိကြမှာပါ။ အပြောင်းအလွဲဆိုတာ ဖြစ်နေမှာပါပဲ။
မပြောင်းလွဲနဲ့လို့ ပိတ်ပင်တားဆီးလို့မရပါဘူး။ အပြောင်းအလွဲဆိုတာကို ဓမ္မဓိဌာန်ကျကျ လက်ခံနိုင်ဘို့သာ အဓိက
ပါ။ သစ်ရွက်တွေအရောင်ပြောင်းလွဲတယ် ဆိုတာ သဘာဝပါ။ ကြွေတာလည်း ဖြစ်ရိုးဖြစ်စဉ်တခုပါ။
အဲဒါကို သစ်ကိုင်းသစ်ခက်တွေမှာ သစ်ရွက်တွေ ပျူတစ်ပျူတစ်ဖြစ်နေတာ အရွက်ဖြာတာ အရွက်စိမ်းတာ အရွက်
ဝါတာ အရွက်ကြွေတာဆိုတဲ့ဟာတွေကို သဘာဝအတိုင်းလို့ မမြင်ပဲ အပြစ်တွေချည်း(အဆိုးမြင်ဝါဒ) မြင်နေမယ်ဆို
လျင် သဘာဝလောကဆိုတာ ဘယ်နည်းနဲ့မျှ လှပတယ်ဆိုတာ မရှိတော့ပါဘူး။
သဘာဝတရားက ဖန်တည်းလိုက်တာဖြစ်တဲ့အတွက် အားလုံးဟာ ဓမ္မဓိဌာန်ကျပါတယ်။
အစိမ်းရောင်သစ်ရွက်ကို အ၀ါရောင်ဖြစ်အောင်လုပ်တာ အ၀ါရောင်သစ်ရွက်ကို အစိမ်းရောင်မြင်ချင်တာက ကြီးမား
တဲ့အမှားပါ။ အဲဒါထက်ဆိုးတာက အချိန်မရောက်ခင်မှာမြင်ခဲ့ရတဲ့သစ်ရွက်နဲ့ အချိန်လွန်ပြီးသွားမှ မြင်နေရတဲ့ သစ်
ရွက်တွေရဲ့ အရောင်ကို လက်မခံနိုင်တဲ့ စိတ်ဓါတ်ပဲဖြစ်ပါတယ်။
အခုသတင်းတွေထဲမှာကြားနေရ ဖတ်နေရတာက ကရင်ကွဲပြီ၊ သုံးယောက်ကိုအစားထိုးလိုက်တယ်၊ဘယ်သူက ဘယ်နေရာမှာ ဘယ်သူကတော့ဖြင့် ဘယ်နေရာယူတယ်ပေါ့။
အဲဒီသတင်းကိုကြားတော့ ပိုးကရင်တယောက်မျှ မပါလို့၊ ဗုဒ္ဒဘာသာကရင် မပါလို့၊ ဟိုကရင် မပါလို့၊ ဒီကရင် မပါလို့ ဆိုလိုဆို။ တကယ်စည်းလုံးညီညွတ်မှုကိုလိုချင်လျင် အဲဒီအချက်တွေကို ထည့်သွင်းစဉ်းစားသင့်တယ် လို့ ပြောလိုပြော။
အရေးကြီးတာက ဘယ်ကရင်ပဲတက်တက် ဘယ်လိုကရင်ပဲပြောင်းပြောင်း ကရင်တွေအားလုံးအတွက် အလုပ်လုပ်
ဘို့လိုတယ်။ ရဲစွမ်းသတ္တိရှိရှိနဲ့ ဦးဆောင်မှုမှန်ကန်ဘို့လိုတယ်။ ကရင်တွေကွဲပြဲတာကို ကရင်မှန်လျင် ဘယ်ကရင်မှ မကြေနပ်ပါဘူး။
ကြေနပ်ဝမ်းသာတဲ့ကရင်ဟာ အိုးနင်းခွက်နင်း ကရင်၊ ပရမ်းပတာ ကရင်၊ မောင်လုပ်မောင်စား ကရင်၊ လအော့လ
အယ် ကရင် အဲဒီအမျိုးအစား ကရင် တွေသာဖြစ်တယ်။
မကြေနပ်တော့ ဘာလုပ်ချင်သလဲ။
အဖြေကတော့ ဓါတ်ပုံထဲကသစ်ရွက်ကလေးတွေ ကြွေနေတာဟာ နောက်ထပ်အသစ်အသစ်သော သစ်ရွက်တွေအ
တွက်နေရာပေးတာပါ။
ကရင့်တော်လှန်ရေးသက်တမ်းတလျှောက်ကျုပ် တို့တတွေကြုံခဲ့ကြရတဲ့ ကရင့်အကွဲအပြဲဖြစ်ရပ်တွေဆိုတာကလည်း မပြီးဆုံးသေးတဲ့ တော်လှန်ရေးအတွက် အတိတ်ကာလကထက် လက်ရှိပစ္စုပ္ပန်ကာလထက် ပိုမိုသိပ်သည်းကျစ်လျစ် ခိုင်မာတဲ့စုစည်းမှုအသစ် ဖြစ်ထွန်းပေါ်ပေါက်လာအောင် ပြင်ဆင်ပေးနေတာပဲဆိုတဲ့ စိတ်ဓါတ်ကို နောင်အနာဂတ်
ကါလတိုင်အောင် ခိုင်ခန့်မြဲမြံစွာထွေးပွေ့ထားရင်း ကျုပ်တို့ရဲ့သမိုင်းပေးတာဝန်ကို ကျေပြွန်အောင်လုပ်သွားချင်တာ
ပါပဲ။
သို့ပါသော်လည်း သို့သော်လည်း ပေါ့လေ။ အောက်က အဆိုအမိန့်လေးကိုတော့ မျက်ကွယ်မပြုကြဘို့တော့လိုတာ
ပေါ့ဗျာ။
အတွေးအခေါ်နှင့်ဆင်ခြင်တုံတရားကင်းမဲ့သူတစုမှ အာဏာနှင့်အင်အားအရည်အတွက်ကိုရ,ယူကာ ဖိနှိပ်အနိုင်ယူ
မှုကြောင့် သမိုင်းပေးတာဝန်ကျေပြွန်လိုသူတို့ ပျောက်ကွယ်ခဲ့ရသည်မှာ များလွန်းလှပြီဖြစ်၏။ ထိုအကျိုးဆက်သည်ကား နိုင်ငံတနိုင်ငံ(သို့မဟုတ်) လူမျိုးတမျိုး(သို့မဟုတ်) မိသားစုတစု၏ သမိုင်းကြောင်း
မကောင်းခြင်းပင်ဖြစ်၏။
မန်းထက်ခေါင်
ကရင့်သမိုင်း သုတေသနအဖွဲ့ နိုင်ငံသစ်စာစောင်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)